ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တာကြောင့် မြန်မာနိုင်ငံမှာ ကပ္ပိယလုပ်ပြီး တရားလာအားထုတ်နေတဲ့ ဥရောပသားါ

ကမ္ဘာမှာ လူပေါင်းသန်းထောင်ချီနေထိုင်ကြပြီး မိမိယုံကြည်ရာ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်သူတွေလည်းရှိပါတယ်…

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ကိုးကွယ်ကြသူအများအပြားရှိရာမှအခုပြောပြမှာက ဗုဒ္ဓဘာသာကို ကြည်ညိုသက်ဝင်ပြီး မြန်မာဝတ်စုံပုဆိုးကို ကြိုးစားပမ်းစားဝတ်ကာ ဆရာတော် အနားမှာ ကပ္ပိယလုပ် တရားအားထုတ်နေတဲ့ ဥရောပတိုက်သားတစ်ဦး အကြောင်းပဲဖြစ်ပါတယ်။

ဥရောပတိုက်ကနေ မြန်မာတို့ရဲ့လုံချည်ကို ကောင်းစွာဝတ်လျက် မြန်မာတွေလို ဆရာတော်ရှေ့မှာ ဒူးထောက်ထိုင် နေ့စဉ်ဆွမ်းခံလိုက် ဆရာတော်နှင့်အတူ တစ်ထပ်သောဆွမ်းကိုစားလျက် ဝိပဿနာကို ဂုဏ်ယူဝံ့ကြွားစွာ လာပြီးအားထုတ်နေတာဟာ မြန်မာတို့ အတုယူသင့်တယ်ဆိုရမလား ဘာလားမသိတော့ဘူး ဒီ ဒါယကာကြီးဟာ ဘုန်းဘုန်းဥရောပရောက်တော့လည်း အီတလီမှာ တရားစခန်းလာဝင်ရင်း ဘုန်းဘုန်းကိုစောင့်ရှောက်ပေးပါသေးတယ်။ ဘုန်းဘုန်းသုံးတဲ့ရေချိုးခန်း အိမ်သာအထိ သန့်ရှင်းရေးလုပ်ပေးတယ်။

ဘယ်ဘဝကရေစက်တွေလည်းတော့မသိဘူးပေါ့။အခုလည်းဆွမ်းသေချာကပ်ပါတယ်ဖွံ့ဖြိုးတိုးတက်လှသော ဘာသာခြားနိုင်ငံကြီးမှ မြန်မာနိုင်ငံကို လာရောက်ပြီး ဗုဒ္ဓဘာသာကို ကြည်ညိုသက်ဝင်ကာ တရားတွေကျင့်ကြံအားထုတ်နေတာဟာ တကယ်ကို ကြည်နူးဖို့ကောင်းလှပါတယ်။

ဒါကြောင့် ပရိသတ်ကြီးတို့လည်း ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ကိုးကွယ်လာတဲ့ ဥရောပသားကြီးအတွက် ဂုဏ်ယူဝမ်းမြောက်နိုင်ဖို့ ဒီစာလေးကို ပြန်လည်မျှဝေလိုက်ရပါတယ်နော်..

Writer ; Kwee (Jeeptoolay)

Source ; Ashin kelasa

Flower

Written by