ပရိသတ်တွေနဲ့အတူ ရေထွက်မစိုးရိမ်မိဘမဲ့ကလေးကျောင်းမှာ သွားရောက်လှူဒါန်းခဲ့တဲ့ တန်ခွန်ကျော်

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကို Wild Card Winner အဖြစ်ပြန်လည်ရောက်ရှိလာခဲ့တဲ့ တန်ခွန်ကျော်ကတော့ အခုဆိုရင်ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ချိန်မှာ ကိုယ်ပိုင်ဂီတခရီးလမ်းကိုလျှောက်လှမ်းနေပြီဖြစ်ပါတယ်။ပင်ကိုယ်အသံကာလာအေးအေးလေးနဲ့ သီချင်းတွေကိုအမှားအယွင်းနည်းစွာ သီဆိုနိုင်သူဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိလာခဲ့တာဖြစ်ပါတယ်

ဒါ့အပြင် တန်ခွန်ကျော်ကတော့ မကြာသေးခင်ကရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Fan Meeting မှာလည်း မထင်မှတ်ထားလောက်အောင်ပရိသတ်တွေပေးအပ်ခဲ့တဲ့ ကားတစ်စီးကိုလည်းရရှိခဲ့ပါသေးတယ်။တန်ခွန်ကျော်လိုင်းကားတိုးစီးတာကို မမြင်ချင်တဲ့ပရိသတ်တွေကတော့ (၃၈၅)သိန်းတန်ကားတစ်စီးကို တန်ခွန်ကျော်အတွက်ဝယ်ပေးခဲ့တာဖြစ်ပြီး ပရိသတ်အင်အားများတဲ့တန်ခွန်ကျော်ကတော့ ဒီနေ့မှာလည်းမန္တလေးပရိသတ်တွေနဲ့အတူ ရေထွက်မစိုးရိမ်မိဘမဲ့ကျောင်းမှာ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။သူကတော့ သူ့ရဲ့အလှူလေးနဲ့ပတ်သက်ပြီးတော့လည်း “ရေထွက်မစိုးရိမ်မိဘမဲ့ကလေးကျောင်းမှာပါ.. ဒီပုံကိုမြင်တဲ့လူတိုင်း သွားရောက်လှူဒါန်းစေနိုင်ဖို့ ရည်ရွယ်ပါတယ်ဗျ… ကိုယ်တိုင်လည်းမိဘမဲ့ဘဝနဲ့ ဖြတ်သန်းလာရတော့ ဒီလိုနေရာမျိုးတွေမှာ နောက်ထပ်လည်း တတ်နိုင်သလောက်လှူနေဦးမှာပါဗျ.. ဘာသာတရားမကြည့်ဘဲ ပရဟိတစိတ်ဖြင့်လှူဒါန်းခဲ့ပါသည်.. ကျေးဇူးတင်ပါတယ်” ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ်။

တန်ခွန်ကျော်ကတော့ လက်ရှိမြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေထဲမှာ ပရိသတ်ပံ့ပိုးမှုအားအများဆုံးရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လို့ဆိုရမှာပါ။ဒီနေ့မှာတော့ ပရိသတ်တွေနဲ့အတူတကွအလှူလေးပြုလုပ်ခဲ့ပြီး သူ့ပုံလေးကိုမြင်ပြီး အခြားသူတွေပါသွားရောက်လှူဒါန်းနိုင်စေရန် ရည်ရွယ်ပြီးတော့ မျှဝေခဲ့တာမို့ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source – TAN KHUN KYAW,CRD-Cele Gabar

Zawgyi

“ပရိသတ္ေတြနဲ႔အတူ ေရထြက္မစိုးရိမ္မိဘမဲ့ကေလးေက်ာင္းမွာ သြားေရာက္လႉဒါန္းခဲ့တဲ့ တန္ခြန္ေက်ာ္”

ပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာေတြေၾကာင့္ ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးကို Wild Card Winner အျဖစ္ျပန္လည္ေရာက္ရွိလာခဲ့တဲ့ တန္ခြန္ေက်ာ္ကေတာ့ အခုဆိုရင္ၿပိဳင္ပြဲႀကီးၿပီးဆုံးသြားခဲ့ခ်ိန္မွာ ကိုယ္ပိုင္ဂီတခရီးလမ္းကိုေလွ်ာက္လွမ္းေနၿပီျဖစ္ပါတယ္။ပင္ကိုယ္အသံကာလာေအးေအးေလးနဲ႔ သီခ်င္းေတြကိုအမွားအယြင္းနည္းစြာ သီဆိုႏိုင္သူျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြရဲ႕အားေပးဝန္းရံမႈကို ရရွိလာခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ တန္ခြန္ေက်ာ္ကေတာ့ မၾကာေသးခင္ကရန္ကုန္ၿမိဳ႕မွာက်င္းပျပဳလုပ္ခဲ့တဲ့ Fan Meeting မွာလည္း မထင္မွတ္ထားေလာက္ေအာင္ပရိသတ္ေတြေပးအပ္ခဲ့တဲ့ ကားတစ္စီးကိုလည္းရရွိခဲ့ပါေသးတယ္။တန္ခြန္ေက်ာ္လိုင္းကားတိုးစီးတာကို မျမင္ခ်င္တဲ့ပရိသတ္ေတြကေတာ့ (၃၈၅)သိန္းတန္ကားတစ္စီးကို တန္ခြန္ေက်ာ္အတြက္ဝယ္ေပးခဲ့တာျဖစ္ၿပီး ပရိသတ္အင္အားမ်ားတဲ့တန္ခြန္ေက်ာ္ကေတာ့ ဒီေန႔မွာလည္းမႏၲေလးပရိသတ္ေတြနဲ႔အတူ ေရထြက္မစိုးရိမ္မိဘမဲ့ေက်ာင္းမွာ သြားေရာက္လႉဒါန္းခဲ့ပါေသးတယ္။သူကေတာ့ သူ႔ရဲ႕အလႉေလးနဲ႔ပတ္သက္ၿပီးေတာ့လည္း “ေရထြက္မစိုးရိမ္မိဘမဲ့ကေလးေက်ာင္းမွာပါ.. ဒီပုံကိုျမင္တဲ့လူတိုင္း သြားေရာက္လႉဒါန္းေစႏိုင္ဖို႔ ရည္႐ြယ္ပါတယ္ဗ်… ကိုယ္တိုင္လည္းမိဘမဲ့ဘဝနဲ႔ ျဖတ္သန္းလာရေတာ့ ဒီလိုေနရာမ်ိဳးေတြမွာ ေနာက္ထပ္လည္း တတ္ႏိုင္သေလာက္လႉေနဦးမွာပါဗ်.. ဘာသာတရားမၾကည့္ဘဲ ပရဟိတစိတ္ျဖင့္လႉဒါန္းခဲ့ပါသည္.. ေက်းဇူးတင္ပါတယ္” ဆိုၿပီးေရးသားေဖာ္ျပခဲ့ပါတယ္။

တန္ခြန္ေက်ာ္ကေတာ့ လက္ရွိျမန္မာအိုင္ေဒါၿပိဳင္ပြဲဝင္ေတြထဲမွာ ပရိသတ္ပံ့ပိုးမႈအားအမ်ားဆုံးရရွိထားတဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္လို႔ဆိုရမွာပါ။ဒီေန႔မွာေတာ့ ပရိသတ္ေတြနဲ႔အတူတကြအလႉေလးျပဳလုပ္ခဲ့ၿပီး သူ႔ပုံေလးကိုျမင္ၿပီး အျခားသူေတြပါသြားေရာက္လႉဒါန္းႏိုင္ေစရန္ ရည္႐ြယ္ၿပီးေတာ့ မွ်ေဝခဲ့တာမို႔ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Flower

Written by