ပျော်ပျော်ကြီး စက်လှေစီးပြီး ခရီးတွေထွက်နေတဲ့ ပိုင်တံခွန်ရဲ့ ရုပ်သံ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတွေကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်က အနုပညာလောကမှာတော့ အောင်မြင်တဲ့ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေသူတစ်ဦးပါ။ မြန်မာနိုင်ငံမှာတင်မက ထိုင်းမလေးတွေရဲ့ နှလုံးသားတွေကို ပါသိမ်းပိုက်ထားတဲ့ မော်ဒယ်မင်းသားပိုင်တံခွန် ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။

 

လက်ရှိမှာတော့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံလုံးမှာ ကြော်ငြာတွေများစွာလက်ခံရိုက်ကူးပေးလျက်ရှိပြီး ချစ်ရတဲ့ ပရိသတ်ကြီးအတွက် အလုပ်တွေကြိုးစားလုပ်နေတာကို မြင်တွေ့ရမှာပါ။ အချစ်ရေးမှာတော့ ပရိသတ်တွေ စိုးရိမ်ရအောင် မလုပ်တတ်တဲ့ ပိုင်တံခွန်က တစ်ကိုယ်တည်း Valentine’s Dayကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

ပရိသတ်‌တွေရဲ့ အချစ်တွေနဲ့တင်လုံလောက်နေတဲ့ ပိုင်တံခွန်က လက်ရှိမှာတော့ ခရီးထွက်နေတာဖြစ်ပါတယ်။ စက်လှေစီးပြီး အဝါရောင် အင်္ကျီလေးနဲ့ အရမ်းကို စမတ်ကြပြီး ချောမောနေမှုကြီးကို ပိုင်တံခွန်ရဲ့ အသည်းလေးတွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။ ပရိသတ်ကြီးရဲ့ ကိုပိုင်တစ်ယောက် ဘယ်လောက်တောင် ပျော်နေလည်း ဆိုတာတော့ ဗီဒီယိုလေးမှာ ကြည့်လိုက်အုံးနော်။

Sunflower- Wow Myanmar
Source-Paing Takhon
(Zawgyi ဖြင့်ဖတ်ရန်)

ေပ်ာ္ေပ်ာ္ႀကီး စက္ေလွစီးၿပီး ခရီးေတြထြက္ေနတဲ့ ပိုင္တံခြန္ရဲ႕ ႐ုပ္သံ

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေတြကို ပိုင္ဆိုင္ထားတဲ့ ပိုင္တံခြန္က အႏုပညာေလာကမွာေတာ့ ေအာင္ျမင္တဲ့ ေမာ္ဒယ္တစ္ဦးအျဖစ္ ရပ္တည္ေနသူတစ္ဦးပါ။ ျမန္မာႏိုင္ငံမွာတင္မက ထိုင္းမေလးေတြရဲ႕ ႏွလုံးသားေတြကို ပါသိမ္းပိုက္ထားတဲ့ ေမာ္ဒယ္မင္းသားပိုင္တံခြန္ ကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ပါ။

လက္ရွိမွာေတာ့ ထိုင္းႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံ ႏွစ္ႏိုင္ငံလုံးမွာ ေၾကာ္ျငာေတြမ်ားစြာလက္ခံ႐ိုက္ကူးေပးလ်က္ရွိၿပီး ခ်စ္ရတဲ့ ပရိသတ္ႀကီးအတြက္ အလုပ္ေတြႀကိဳးစားလုပ္ေနတာကို ျမင္ေတြ႕ရမွာပါ။ အခ်စ္ေရးမွာေတာ့ ပရိသတ္ေတြ စိုးရိမ္ရေအာင္ မလုပ္တတ္တဲ့ ပိုင္တံခြန္က တစ္ကိုယ္တည္း Valentine’s Dayကို ျဖတ္သန္းခဲ့တာျဖစ္ပါတယ္။

ပရိသတ္‌ေတြရဲ႕ အခ်စ္ေတြနဲ႔တင္လုံေလာက္ေနတဲ့ ပိုင္တံခြန္က လက္ရွိမွာေတာ့ ခရီးထြက္ေနတာျဖစ္ပါတယ္။ စက္ေလွစီးၿပီး အဝါေရာင္ အက်ႌေလးနဲ႔ အရမ္းကို စမတ္ၾကၿပီး ေခ်ာေမာေနမႈႀကီးကို ပိုင္တံခြန္ရဲ႕ အသည္းေလးေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္ေနာ္။ ပရိသတ္ႀကီးရဲ႕ ကိုပိုင္တစ္ေယာက္ ဘယ္ေလာက္ေတာင္ ေပ်ာ္ေနလည္း ဆိုတာေတာ့ ဗီဒီယိုေလးမွာ ၾကည့္လိုက္အုံးေနာ္။

Sunflower- Wow Myanmar
Source-Paing Takhon

Loading...