ရိုက်ကွင်းက ကလေးလေးတွေနဲ့ပဲ Valentine’s Dayနေ့ကို ဖြတ်သန်းခဲ့တဲ့ လူပျိုကြီးနေတိုး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသား နေတိုးကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ဦးဖြစ်တဲ့အပြင် အကယ်ဒမီဆုတွေများစွာကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ပါ။ လက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အပူမရှာသေးဘဲ အနုပညာအလုပ်တွေကို ပျော်ပျော်ကြီးလုပ်နေတဲ့ မင်းသားနေတိုးကို မြင်တွေ့ရမှာပါနော်။

လက်ရှိမှာတော့ ကြော်ငြာတွေ ရိုက်ကူးရင်း မအားလပ်နိုင်တဲ့ မင်းသားနေတိုးက ကလေးချစ်တတ်တဲ့ လူပျိုကြီးဆိုတာ သလိုက်ရပါပြီနော်။ ကြော်ငြာရိုက်ရင်းချစ်စရာကောင်းတဲ့ ကလေးလေးကို ချီပြီး ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ Valentine’s Day နေ့ဆိုပေမယ့်လည်း ရိုက်ကွင်းမှာ ကလေးလေးတွေနဲ့ ပျော်ရွှင်နေတဲ့ လူပျိုကြီး နေတိုးကြောင့် သူ့ရဲ့ ပရိသတ်တွေကတော့ စိတ်ပူစရာကို မလိုလောက်အောင်ပါပဲနော်။

အချစ်ရေးမှာ တည်ငြိမ်ပြီး လျှို့ဝှက်လွန်းတဲ့ မင်းသား နေတိုးရဲ့ အချစ်ရေးက စိတ်ဝင်စားစရာကောင်းပေမယ့် ချစ်စရမယ့် ပရိသတ်တွေနဲ့ ဝါသနာပါရာ အနုပညာအလုပ်တွေကို သာအချိန်ပေးရင် ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေသူတစ်ယောက်ပါ။ မကြာခင်မှာ ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲကြီးမှာလည်း အကယ်ဒမီဆုကြီးကို ထပ်မံရရှိနိုင်ဖို့အတွက် ပရိသတ်ကြီးက လူပျိုကြီးကို အားပေးလိုက်ကြပါအုံးနော်။

Sunflower-Wow Myanmar
Source- Nay Toe
(Zawgyi ဖြင့်ဖတ်ရန်)

Valentine’s Dayနေ့မှာ ကလေးလေးတွေနဲ့ ဖြတ်သန်းခဲ့တဲ့ လူပျိုကြီး နေတိုး




Sunflower-Wow Myanmar
Source- Nay Toe

Flower

Written by