နာမည်ကြီးမယ့်အလုပ်တွေ တစ်ခုမှမလုပ်ပဲ ချစ်သူနဲ့အစားအသောက်ကိုပဲ စိတ်ဝင်စားတယ်ဆိုတဲ့ နိုင်းဝမ်းရဲ့ ဇနီးလောင်းလေး

နှစ်ယောက်တစ်ဘဝကို ထူထောင်ကြတော့မယ့် နိုင်းဝမ်းတို့ ချစ်သူနှစ်ယောက်သာ အမြဲလိုလို အတူတူရှိနေတတ်ပြီး မကြာခဏ ဆိုသလိုလည်း ခရီးတွေထွက်တတ်ပါသေးတယ်။ ချစ်သူလေးကို သိပ်ချစ်တဲ့အကြောင်းတွေ လူမှုကွန်ယက်မှာ တင်လေ့ရှိတဲ့နိုင်းဝမ်းဟာ ဒီနေ့မှာလည်း သူ့ချစ်သူမိန်းမချောလေးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတစ်ခုကို အားလုံးကိုဝေမျှခဲ့ပါတယ်။

ဒီခေတ်ကြီးမှာ အားလုံးလိုလိုက နာမည်ကြီးပြီး ပေါ်ပျူလာဖြစ်ချင်ကြပေမယ့် နိုင်းဝမ်းရဲ့ ဇနီးလောင်းလေးကတော့ ဒါတွေနဲ့ဆန့်ကျင်ဖက် ပါပဲ။ နှစ်ယောက်တွဲ အင်တာဗျူးတွေဆိုရင်လည်း မဖြေပဲ နာမည်ကြီးမယ့်ကိစ္စတွေဆိုရင် တစ်ခုကိုမှ သူမ စိတ်မဝင်စားတဲ့အပြင်ကို နိုင်းဝမ်းကို အဆိုတော်မဖြစ်ရင်ကောင်းမယ်လို့တောင် ပြောခဲ့ပါသတဲ့။ ဒီလိုမိန်းကလေးမျိုးက ခပ်ရှားရှားပဲမို့ နိုင်းဝမ်းတို့တော့ ကံကောင်း တာပဲနော်။

ချစ်သူလေးရဲ့ ချစ်စရာအပြုအမူလေးကို ” Valentine’s Day အတွက် မဂ္ဂဇင်းတွေက စုံတွဲပုံလေးတွေရိုက်ချင်လို့လာကမ်းလှမ်းရင် ဘယ်သောအခါမှ လက်မခံ နှစ်ယောက်တွဲ အင်တာဗျူးတွေလုပ်ချင်လို့ သတင်းထောက်တွေလာမေးရင်လဲ အရူးကွက်နင်း ရှိရှိသမျှ မီဒီယာ တွေကိုလဲ ဟိုရွှေ့ဒီရွှေ့နဲ့ ပတ်ပြေး ” ရှင်တို့လိုနာမည်ကြီးရတဲ့အလုပ်က စိတ်ညစ်စရာ အကောင်းဆုံးပဲ၊ ရှင်သာ အဆိုတော် မဟုတ်ရင် သိပ်ကောင်းမှာပဲ ” ဆိုပြီး အူးနိုင်းဝမ်းနဲ့ အစား အသောက်လောက် ဘယ်ဟာကိုမှစိတ်မဝင်စားတဲ့ ချစ်သူတစ်ယောက် ကျွန်တော့မှာရှိတယ် ” ဆိုပြီး ပြောပြခဲ့ပါသေးတယ်။ မကြာခင်မှာလည်း နှစ်ယောက်သားရဲ့မင်္ဂလာပွဲကြီးကို ကျင်းပဖို့စီစဉ်နေပါပြီ။

Happy – Wow Myanmar
Photo – Kyaw Zin Latt

(ဇော်ဂျီဖြင့်ဖတ်ရန်)

နာမည္ႀကီးမယ့္အလုပ္ေတြ တစ္ခုမွမလုပ္ပဲ ခ်စ္သူနဲ႔အစားအေသာက္ကိုပဲ စိတ္ဝင္စားတယ္ဆိုတဲ့ ႏိုင္းဝမ္းရဲ႕ ဇနီးေလာင္းေလး

ႏွစ္ေယာက္တစ္ဘဝကို ထူေထာင္ၾကေတာ့မယ့္ ႏိုင္းဝမ္းတို႔ ခ်စ္သူႏွစ္ေယာက္သာ အၿမဲလိုလို အတူတူရွိေနတတ္ၿပီး မၾကာ ခဏဆိုသလိုလည္း ခရီးေတြထြက္တတ္ပါေသးတယ္။ ခ်စ္သူေလးကို သိပ္ခ်စ္တဲ့အေၾကာင္းေတြ လူမႈကြန္ယက္မွာ တင္ေလ့ရွိတဲ့ႏိုင္း ဝမ္းဟာ ဒီေန႔မွာလည္း သူ႔ခ်စ္သူမိန္းမေခ်ာေလးရဲ႕ ခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးတစ္ခုကို အားလုံးကိုေဝမွ်ခဲ့ပါတယ္။

ဒီေခတ္ႀကီးမွာ အားလုံးလိုလိုက နာမည္ႀကီးၿပီး ေပၚပ်ဴလာျဖစ္ခ်င္ၾကေပမယ့္ ႏိုင္းဝမ္းရဲ႕ ဇနီးေလာင္းေလးကေတာ့ ဒါေတြနဲ႔ဆန႔္က်င္ဖက္ပါပဲ။ ႏွစ္ေယာက္တြဲ အင္တာဗ်ဴးေတြဆိုရင္လည္း မေျဖပဲ နာမည္ႀကီးမယ့္ကိစၥေတြဆိုရင္ တစ္ခုကိုမွ သူမ စိတ္မဝင္စားတဲ့အျပင္ကို ႏိုင္းဝမ္းကို အဆိုေတာ္မျဖစ္ရင္ေကာင္းမယ္လို႔ေတာင္ ေျပာခဲ့ပါသတဲ့။ ဒီလိုမိန္းကေလးမ်ိဳးက ခပ္ရွားရွားပဲမို႔ ႏိုင္းဝမ္းတို႔ေတာ့ ကံေကာင္းတာပဲေနာ္။

ခ်စ္သူေလးရဲ႕ ခ်စ္စရာအျပဳအမူေလးကို ” Valentine’s Day အတြက္ မဂၢဇင္းေတြက စုံတြဲပုံေလးေတြ႐ိုက္ခ်င္လို႔ လာကမ္း လွမ္းရင္ ဘယ္ေသာအခါမွ လက္မခံ ႏွစ္ေယာက္တြဲ အင္တာဗ်ဴးေတြလုပ္ခ်င္လို႔ သတင္းေထာက္ေတြလာေမးရင္လဲ အ႐ူးကြက္နင္း ရွိရွိသမွ် မီဒီယာ ေတြကိုလဲ ဟိုေ႐ႊ႕ဒီေ႐ႊ႕နဲ႔ ပတ္ေျပး ” ရွင္တို႔လိုနာမည္ႀကီးရတဲ့အလုပ္က စိတ္ညစ္စရာ အေကာင္းဆုံးပဲ၊ ရွင္သာ အဆိုေတာ္မဟုတ္ရင္ သိပ္ေကာင္းမွာပဲ ” ဆိုၿပီး အူးႏိုင္းဝမ္းနဲ႔ အစား အေသာက္ေလာက္ ဘယ္ဟာကိုမွစိတ္မဝင္စားတဲ့ ခ်စ္သူ တစ္ေယာက္ ကြၽန္ေတာ့မွာရွိတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါေသးတယ္။ မၾကာခင္မွာလည္း ႏွစ္ေယာက္သားရဲ႕မဂၤလာပြဲ ႀကီးကို က်င္းပဖို႔စီစဥ္ေနပါၿပီ။

Happy – Wow Myanmar
Photo – Kyaw Zin Latt

Flower

Written by