ကျောက်မြောင်းတစ်ဝိုက်နားမှာနေတဲ့ လူတွေကို ၁ခုလောက် အကူအညီတောင်း ချင်လို့ပါ


ကျောက်မြောင်းစတိုးနဲ့ KBZ Bank ရဲ့ လမ်းကြားထဲမှာ ဖရဲသီးရောင်းတဲ့ အဖွားနဲ့ တောင်းတဲ့အဘွားက နေ့တိုင်းနီးပါးရှိပါတယ် သူတို့၂ယောက်လုံးက မရှိဘူးဆိုရင်တောင် အသက် ၈၀တော့ကျော်နေပါပီ

ဖရဲသီးရောင်းတဲ့အဘွားကသန်လျင်ကလာရောင်းတာပါအဘွားမှာ မြေး၅ယောက်ရှိတယ် သမီးအိမ်မှာကပ်နေတာမို့လို့ ကိုယ့်ဘာသာ ရှာစားနေတာပါ သူက အဲ့မြေးလေးတွေကိုလည်း ရှာကျွေးနေတာဖြစ်ပါတယ် ၁ခါ၁လေ သူ့မြေးလေး၁ယောက်လည်းလိုက်ကူရောင်းပေးပါတယ်

ရောင်းတာနှစ်တွေအရမ်းကြာနေပါပီ

အဲ့အဘွားက လူသာအိုတယ် တအားသန်တာ ဖျတ်လတ်နေတာပဲ၁ခါ၁လေ ထန်းသီးပေါချိန်ဆို ဖရဲသီးနဲ့တွဲရောင်းတယ် အဲ့အဘွားက ၁လုံးပီးမှ ၁လုံးခွဲရောင်းတာမို့ လတ်လည်းလတ်တယ် သန့်လည်းသန့်ပါတယ် ၁စိတ်ကို ၅၀၀ပါ အစိတ်ကလည်း ပုံထဲကလို အကြီးကြီးပါနော် ညီမကတော့ ကိုယ်မစားချင်လည်းအဘိုး အဘွားတွေတွေ့ရင် ရင်ထဲ မကောင်းလို့ ၅ရာ ၁ထောင်ဖိုးတော့ တွေ့တိုင်းအားပေးဖြစ်တယ်

အဲ့အဖွားက အရမ်းလည်းချစ်ဖို့ကောင်းပါတယ် သဘောလည်းအရမ်းကောင်း အလှလည်းကြိုက်တယ် ကျောက်ကလစ်လေးနဲ့သူတို့ကခုချိန်ထိ ကိုယ့်အားကိုယ်ကိုးပီး ဈေးရောင်းနေကြတာမို့ ဒီတိုင်းဆေးဖိုးဆိုပီး ပိုက်ဆံလည်းသွားမပေးရက်တော့အဘိုးအဘွားတွေတွေ့တာနဲ့ မလိုအပ်လည်း တတ်နိုင်သလောက်လေး ၀ယ်အားပေးစေချင်ပါတယ်ဘေးက အဖွားကတော့ ဖရဲသီးအဖွားထက် အသက်ကြီးတယ် သူက လမ်းတောင်သူများတွဲလျှောက်ရတာ ခါးအရမ်းကုန်းနေပီ ၈၅ နှစ်ကျော်လောက်ပီ သူ့ ကို တွေ့ရင်လည်းကျော်မသွားကြပါနဲ့နော် ကိုယ့်မှာရှိတဲ့ အကြွေ ၂၀၀ လောက်ဖြစ်ဖြစ် ၅၀၀လောက်ဖြစ်ဖြစ် စွန့်ကြဲစေချင်ပါတယ်အဲ့နားက လူ အ၀င်အထွက်အရမ်းများပီး အဘွားတွေကို ကျော်ခွ ပီး မမြင်ချင်ယောင်ဆောင်သွားကြတာ နေ့တိုင်းသနားစဖွယ်တွေ့နေရပါတယ်ညီမကတော့ အဖိုးအဖွားတွေ ကလေးတွေ မြင်ရင် မနေနိုင်လို့ ငယ်ငယ်ထဲကလမ်းသွားရင် အကြွေထုပ်လေး အမြဲဆောင်သွားတယ်

လှူပြီးသွားတဲ့ထိ စိတ်မကောင်းဖြစ်ပီး သူတို့နားကမခွာနိုင်သေးဘူးပိုက်ဆံရှိလာရင် အလုပ်ချင်ဆုံးက ဘိုးဘွားရိပ်သာတည်ထောင်ချင်တယ်KBZ Bank နားကို လာရင်ပဲဖြစ်ဖြစ် ကျေက်မြောင်းစတိုားကို လာရင်ပဲဖြစ်ဖြစ် အဲ့အဘွား၂ယောက်ကို ဆေးဖိုး ဝါးခ လေး ကူညီဖို့ မေတ္တာရပ်ခံပါတယ်နော်

Happy Valentine’s day to u all

May Thet Hnin

Flower

Written by