သမီးလေးမွေးလာလို့ သားက သဝန်တိုပြီးဆိုးချင်လာတယ်ဆိုတဲ့ အောင်လအန်ဆန်



သမီးလေးမွေးလာလို့ သားရဲ့ သဘောထားပြောင်းလဲမှုတွေကို ပြောပြလာတဲ့ အောင်လအန်ဆန်


သမီးလေးမွေးလာလို့ သားရဲ့ သဘောထားပြောင်းလဲမှုတွေကို ပြောပြလာတဲ့ အောင်လအန်ဆန်


Unicode

ပြည်သူ့အချစ်တော် ဖိုက်တာကြီး အောင်လအန်ဆန်ကတော့ ကြိုးဝိုင်းထဲမှာလည်း စံနမူနာယူချင်စရာကောင်းလောက်တဲ့ သူတယောက် ဖြစ်သလို ပြင်ပမှာလည်း အားကျစရာကောင်းတဲ့ ဖခင် တယောက် ဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခင်က သားလေးတယောက်ရှိပြီး မကြာသေးခင် အချိန်ကတော့ သမီးလေးကိုပါ ထပ်မံရထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ ကလေးနှစ်ယောက် ရဲ့ ဖခင် ဖြစ်နေပါပြီ။

ဒီလိုမျိုး သားသမီး နှစ်ယောက်ရဲ့ ဖခင် တယောက် ဖြစ်တာကြောင့် မိသားစု အတွင်းမှာ တယောက်နဲ့ တယောက် ချစ်ခင်နေအောင် လုပ်ပေးရတဲ့ တာဝန် ဖခင်မှာ ရှိလာတာကြောင့် အောင်လကတော့ သားနဲ့ သမီးနှစ်ယောက်လုံး အတွက် မျှမျှ တတ ဖြစ်အောင် စီစဉ်ထားတဲ့အကြောင်းလေးကိုတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ ဝေမျှထားတာ ဖြစ်ပါတယ်။

အောင်လအန်ဆန် ကတော့ သူ့ရဲ့ဖေ့ဘုတ် အကောင့်မှာတော့ ” သားလေးအောင်ဒီးက ညီမလေးမွေးပြီး တပါတ်လောက်ကြာတော့ မိသားစုအားလုံးက မွေးကင်းစ သမီးလေးပေါ်အရမ်း ဂရုစိုက်ကြတဲ့အခါမှာ သားလေးအပေါ်အရင်ကလောက် အချိန်မပေးနိုင်တာကို သိပြီး မိသားစုမှာ ကလေးက သူတစ်ယောက်ထဲ မဟုတ်တော့ဘူး ဆိုတာသိလာပါတယ်။ အဲဒီတော့ သူ့ကိုလည်း အရေးပေးဖို့အတွက် ကလေးတစ်ယောက်ရဲ့ ပုံမှန်တုံ့ပြန်နေကြအတိုင်း ပြောစကား နားမထောင်တာတွေ အာရုံစိုက်ခံရဖို့လုပ်တာလေးတွေ ရှိလာပါတယ်။ သားလေးက ဒီလိုစိတ်ခံစားမှုနဲ့ အများရဲ့ အာရုံစိုက်မှုကို အရင်လိုပြန်ရဖို့အတွက် အခုလို အပြုအမှုတွေ တုံ့ပြန်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထား မထင်ထားခဲ့မိပါဘူး။

ဒါကြောင့်အခု မိသားစုဝင်တွေက သားလေး အဒီးကို သေချာအာရုံစိုက်ပြီး သူ့ကိုဘယ်လောက် ချစ်ကြောင်း သားလေးက မိသားစုအတွက် ဘယ်လောက် အရေးပါကြောင်းကို သေချာအချိန်ပေးပြီး သားလေး အဒီး သိရှိ နားလည်ဖို့ ဂရုစိုက်ပေးနေပါတယ်” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ဖခင် ဖြစ်တဲ့သူတိုင်း အောင် အန်ဆန်လိုမျိုး စိတ်ကူးစိတ်သန်းရှိကြမယ်လို့ ထင်ပြီး တကယ့်ကို အတုယူစရာကောင်းတဲ့ ဖခင် တယောက်လည်း ဖြစ်ပါတယ်။

Flower

Written by