အိမ်ထောင်သက်(၂၁)နှစ်ပြည့်မှာ ဘောလုံးကွင်းတစ်ခုလုံးငှားပြီး စပရိုက်လုပ်တာခံလိုက်ရတဲ့ စမိုင်းလ်

နိုင်ငံကျော်အနုပညာရှင် မင်းသမီးချောတစ်လက်ဖြစ်တဲ့ စမိုင်းလ်ကတော့(၁၉၉၉) ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ချစ်သူများနေ့မှာတော့ မင်္ဂလာသက်တမ်း အနှစ် (၂၁) ပြည့်သွားခဲ့ပါပြီ။အဲနေ့လေးမှာတော့ ခင်ပွန်းဖြစ်သူ လုပ်ပေးတဲ့ Surprise ကြောင့် စမိုင်းလ်တစ်ယောက်အရမ်းကို ဝမ်းသာပီတိဖြစ်နေတာကို တွေ့ရပါတယ်။

မင်္ဂလာသက်တမ်း(၂၁)နှစ်ပြည့်မှာတော့ စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ဟာ Yangon United Sports Cpmplex(YUSC)ရဲ့ မြက်ခင်းတုကွင်းကြီးငှားကာ နေကြာပန်းတွေနဲက ခမ်းခမ်းနားနားအလှဆင်ကာ နိုင်ငံကျော် Rock Band တစ်ခုဖြစ်တဲ့ Idiots အဖွဲရဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ စပရိုက်အကြီးအကျယ် လုပ်ခဲ့တာဖြစ်ပါတယ်။ စမိုင်းလ်ကတော့ “ရူးနေပြီမောင်ရေ no more surprise pls” ဆိုပြီး Idiots အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်နေတဲ့ ပုံလေးသာရိုက်ပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထာဖြစ်ပါတယ်။

အိမ်ထောင်သက်(၂၁)နှစ်ပြည့်မှာ ဘောလုံးကွင်းတစ်ခုလုံးငှားပြီး နေကြာပန်းတွေနဲ့ စပရိုက်လုပ်ခံလိုက်ရတဲ့ အကြောင်းကိုတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ Live လွှင့်ခဲ့ပါတယ်။

Source: Pyae Maung, စမိုင်းလ်-Smile, Yangon United Sport Complex

Zawgyi





Loading...