လက်ထပ်လက်စွပ်အကြိုအဖြစ်နဲ့ မေဦးအတွက် စိန်လက်စွပ်လေးကို လက်ဆောင်ပေးခဲ့တဲ့ ဟန်လင်း

မြန်မာပြည်ရဲ့လိင်တူစုံတွဲတစ်တွဲဖြစ်တဲ့ မေဦးနဲ့ဟန်လင်းတို့ကတော့ နှစ်ယောက်တစ်ဘဝကို ထူထောင်ဖို့အသင့်ဖြစ်နေကြပါပြီ။ လက်တွဲလာခဲ့တဲ့ သက်တမ်းဟာလည်း လေးနှစ်လောက် ရှိနေပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေကလည်း ခိုင်မြဲလာခဲ့ပါပြီ။ ကြားထဲမှာ ပြဿနာတွေတက်ပြီး အမျိုးမျိုးဖြစ်ခဲ့ပေမယ့် ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ ရှေ့ဆက်လာခဲ့ကြသူတွေပါ။

နှစ်ယောက်အတူ အလှူတွေလည်းလုပ်ခဲ့ကြပြီး အလုပ်တွေလည်းအတူတူကြိုးစားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ချစ်သူများနေ့မှာတော့ ဟန်လင်းတစ်ယောက် မေဦးကို ရင်ခုန်ကြည်နူးစရာကောင်းတဲ့ လက်ဆောင်လေးနဲ့ ပျော်ရွှင်အောင်ဖန်တီးပေးခဲ့ပါတယ်။ နှစ်ယောက် အတူထားရှိမယ့် အနာဂတ်တွေကို ဟန်လင်းက ” ” ဆိုပြီး ရိုဆန်ဆန်လေးပြောခဲ့ပါသေးတယ်။

ကြည်နူးစရာလက်ဆောင်လေးကိုတော့ ” တဖြည်းဖြည်းနဲ့ကြီးလာတဲ့ အလယ်ကစိန်ပွင့်လေး အရင်ပေးတုန်းက စိန်သေးလေးကို အခုစိန်ကြီးလေးနဲ့လဲပေးထားတာ နောက်ဆုံးသူရည်ရွယ် ထားတဲ့စိန်ပွင့်လေးရောက်သွားရင်တော့ အဲ့ဒီအချိန် လက်စွပ်လေးက လက်ထပ်လက်စွပ်ပါတဲ့ From happy Valentine’s Day To our wedding day နောက်ဆုံးနေ့ထိချစ်နေမယ် ” ဆိုပြီး မေဦးက လူမှုကွန်ယက်မှာ ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ တသက်တာလုံး တွဲလက်တွေမြဲပါစေနော်။

Happy – Wow Myanmar
Photo – May Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)

လက္ထပ္လက္စြပ္အႀကိဳအျဖစ္နဲ႔ ေမဦးအတြက္ စိန္လက္စြပ္ေလးကို လက္ေဆာင္ေပးခဲ့တဲ့ ဟန္လင္း

ျမန္မာျပည္ရဲ႕လိင္တူစုံတြဲတစ္တြဲျဖစ္တဲ့ ေမဦးနဲ႔ဟန္လင္းတို႔ကေတာ့ ႏွစ္ေယာက္တစ္ဘဝကို ထူေထာင္ဖို႔အသင့္ျဖစ္ေနၾက ပါၿပီ။ လက္တြဲလာခဲ့တဲ့ သက္တမ္းဟာလည္း ေလးႏွစ္ေလာက္ ရွိေနၿပီျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ သံေယာဇဥ္ေ တြကလည္း ခိုင္ၿမဲလာခဲ့ပါၿပီ။ ၾကားထဲမွာ ျပႆနာေတြတက္ၿပီး အမ်ိဳးမ်ိဳးျဖစ္ခဲ့ေပမယ့္ ခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႔ပဲ ေရွ႕ဆက္လာခဲ့ ၾကသူေတြပါ။

ႏွစ္ေယာက္အတူ အလႉေတြလည္းလုပ္ခဲ့ၾကၿပီး အလုပ္ေတြလည္းအတူတူႀကိဳးစားခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ ခ်စ္သူမ်ားေန႔ မွာေတာ့ ဟန္လင္းတစ္ေယာက္ ေမဦးကို ရင္ခုန္ၾကည္ႏူးစရာေကာင္းတဲ့ လက္ေဆာင္ေလးနဲ႔ ေပ်ာ္ရႊင္ေအာင္ဖန္တီးေပးခဲ့ ပါတယ္။ ႏွစ္ေယာက္အတူထားရွိမယ့္ အနာဂတ္ေတြကို ဟန္လင္းက ” ” ဆိုၿပီး ႐ိုဆန္ဆန္ေလးေျပာခဲ့ပါေသးတယ္။

ၾကည္ႏူးစရာလက္ေဆာင္ေလးကိုေတာ့ ” တျဖည္းျဖည္းနဲ႔ႀကီးလာတဲ့ အလယ္ကစိန္ပြင့္ေလး အရင္ေပးတုန္းက စိန္ေသးေလးကို အခုစိန္ႀကီးေလးနဲ႔လဲေပးထားတာ ေနာက္ဆုံးသူရည္႐ြယ္ ထားတဲ့စိန္ပြင့္ေလးေရာက္သြားရင္ေတာ့ အဲ့ဒီအခ်ိန္ လက္စြပ္ေလးကလက္ထပ္လက္စြပ္ပါတဲ့ From happy Valentine’s Day To our wedding day ေနာက္ဆုံးေန႔ထိခ်စ္ေနမယ္ ” ဆိုၿပီး ေမဦးက လူမႈကြန္ယက္မွာ ေဖာ္ျပလိုက္တာပဲျဖစ္ပါတယ္။ တသက္တာလုံး တြဲလက္ေတြၿမဲပါ ေစေနာ္။

Happy – Wow Myanmar
Photo – May Oo

Flower

Written by