ချစ်သူများနေ့မှာ ဘဝအတွက်အရေးပါတဲ့မိဘနှစ်ပါးပုံကို တက်တူးထိုးလိုက်တဲ့ သင်ဇာဝင့်ကျော်

သင်ဇာက ပုံအသစ်တင်လိုက်ပြီဆိုတာနဲ့ ဟင်ခနဲဟာခနဲဖြစ်လောက်တဲ့အထိ ပုရိသတွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမရဲ့ပွဲတက်ဖက်ရှင်တွေကလည်း ပုရိသတွေရဲ့ရင်ကို အမြဲဖမ်းစားနိုင်သူလေးလို့ဆိုရမှာပါ။လူမှုကွန်ရက်စာမျက်နှာမှာတင်မဟုတ်ဘဲ Instagram မှာလည်း အမျိုးသားပရိသတ် Follower တွေ အခိုင်အမာရရှိထားတဲ့ သူပဲဖြစ်ပါတယ်။

သူမပုံတွေကို ရှယ်တဲ့ အမျိုးသားအရေအတွကို ကြည့်လိုက်တာနဲ့ သူမရဲ့ နောက်မှာ အမျိုးသားပရိသတ်အင်အား ဘယ်လောက်များ လဲ ဆိုတာကို သိနိုင်ပါတယ်နော်။သူမရဲ့အချစ်ရေးကတော့ ဖော်ရိန်နာချစ်သူနဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီးတဲ့နောက် တစ်ကိုယ်တည်း Single ဘဝနဲ့ နေနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမဘယ်အချိန် ချစ်သူရရှိမလဲလို့ အမြဲစောင့်ကြည့်နေကြတာပါ။

ဒါပေမယ့် မနေက့ကျရောက်တဲ့ချစ်သူများနေ့မှာတော့ သင်ဇာတစ်ယောက်သူများတွေနဲ့မတူတဲ့ အရာလေးကိုထူးထူးခြားခြားပြုလုပ်ခဲ့ပါတယ်။ “မစ်ရှင်အောင်မြင်သွားပြီ” ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အမှတ်တရတက်တူးထိုးထားတဲ့ ဗီဒိယိုဖိုင်လေးကို တင်ခဲ့တာပါ။ သူမရဲ့မိဘနှစ်ပါးပုံကို လက်မှာတက်တူးထိုးခဲ့ပြီး သူမရဲ့ လက်ပြင်ကြောမှာ မြွေပုံကိုတက်တူးထိုးခဲ့တာပဲဖြစ်ပါတယ်။

Source : Thinzar Wint Kyaw

Zawgyi





Loading...