Valentine’s Dayမှာ Singleတွေ အားမငယ်ရအောင် နည်းလမ်းကောင်းပေးလိုက်တဲ့ Sinon Loresca ရုပ်သံ

Cat Walk မှာတော့ ဆရာတစ်ဆူဖြစ်တဲ့ Sinon Loresca က မြန်မာပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ LGBT မော်ဒယ်တစ်ဦးပါ။ မြန်မာလူမျိုးတွေရဲ့ မေတ္တာတွေ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ Sinon Lorescaက စိတ်သဘောထားဖြူစင်ပြီး အရမ်းကို ရိုးသားတဲ့သူတစ်ယောက်ပါ။မြန်မာလူမျိုး တစ်ယောက်ထက် မြန်မာပြည်ကြီးကို ပိုပြီး တန်ဖိုးထားပြီးချစ်တတ်လွန်းတာကြောင့် မြန်မာပြည်သူတွေရဲ့ အချစ်တွေကို ပထမဆုံးပိုင်ဆိုင်နိုင်ခဲ့တဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာတော့ Sinon က မြန်မာအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးထားပြီး မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ကူညီဖြည့်တင်းပေးနေတဲ့ စေတနာရှင်တစ်ဦးပါ။ တစ်ခါတစ်လေ တစ်ယောက်ထဲ အထီးကျန်နေတတ်တဲ့ Sinonက ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေရိုက်ပြီး ပျော်ရွှင်မှုတွေပေးတတ်သူပါ။

အခုလည်း Valentine’s Dayမှာ တစ်ယောက်ထဲ အထီးကျန်နေမယ့်သူတွေအတွက် အရမ်းကောင်းတဲ့ နည်းလမ်းလေးတွေကို ဗီဒီယိုလေးရိုက်ပြီး အကြံပေးခဲ့တာဖြစ်ပါတယ်။ Sinon တစ်ယောက် အရမ်း Roနေတယ်လို့ မထင်လိုက်ပါနဲ့နော်။ဒီတော့ Single ဖြစ်နေမယ့် ပရိသတ်ကြီးအတွက် Sinonရဲ့ နည်းလမ်းကောင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်‌နော်။

Sunflower-Wow Myanmar
Source- Sinon Loresca
(Zawgyi ဖြင့်ဖတ်ရန်)





Sunflower-Wow Myanmar
Source- Sinon Loresca
(Zawgyi ဖြင့်ဖတ်ရန်)

Loading...