အဖွားဖြစ်သူဝါဝါဝင်းရွှေကို အသည်းအသန် ပုံရိုက်ပေးနေတဲ့ ချစ်မြေးမလေး(၂)ယောက်

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါ်ဝါဝါဝင်းရွှေက ဇာတ်လမ်းပိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အကောင်းဆုံးအကယ်ဒမီဆုတွေကို သုံးကြိမ်တိုင်သိမ်းပိုက်ထားနိုင်တဲ့ သုံးထပ်ကွမ်းအကယ်ဒမီပိုင်ရှင်ကြီးတစ်ဦးပဲဖြစ်ပါတယ်။

ဝါဝါဝင်းရွှေဟာ ရုပ်ရှင်ဇာတ်ကားပေါင်းရာကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားပေါင်း ၅၀ ကျော်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး (၂၀၁၈)ခုနှစ်မှာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာတော့ သူဒါရိုက်တာတစ်ဦးအနေဖြင့် ရိုက်ကူးခဲ့တဲ့ “လရောင်ဖြာတဲ့အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ချစ်မြေးမလေး(၂)ယောက်ဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်း နဲ့ ဝင်းဝါပန်းမြတ်သူတို့ကတော့ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ အနုပညာမျိုးဆက်သစ်လေးနှစ်ဦးကိုတော့ ပရိသတ်တွေကစိတ်ဝင်စားခဲ့ကြပါတယ်။ဒါ့အပြင် နုနယ်ပျိုမြစ်လှပတဲ့ဒီမိန်းကလေးနှစ်ဦးကိုတော့ ပုရိသတွေက နေ့ချင်းညချင်းဝန်းရံနေခဲ့ကြတာပါ။

ပရိသတ်ကြီးရေ မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ချစ်မြေးမလေး(၂)ယောက်ဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်း နဲ့ ဝင်းဝါပန်းမြတ်သူတို့ကတော့ အသည်းအသန် ပုံရိုက်ပေးနေတဲ့အကြောင်းကို “အဖွားကိုသဲဖြူဖြူလေးပေါ်မှာ အသည်းအသန် Photo shoot လုပ်ပေးနေကြတဲ့ချစ်မြေးလေးနှစ်ယောက် Alice .Pinky နဲ့ချစ်သားကြီး” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

Photo Credit From Wa Wa Win Shwe
လက်မဲကြီး -Wow Myanmar
ဇော်ဂျီဖြင့်ဖတ်ရန်





Loading...