အသက်(၈၈)နှစ်အရွယ်ရှိ ကျောင်းဆရာမကြီး၏ နေအိမ် မီးလောင်းရာ စုဆောင်းထားငွေ(၄၇)သိန်း မီးလောင်ပျက်စီး

မြင်းခြံမြို့၌ နေထိုင်သည့် အသက်(၈၈)နှစ်အရွယ်ရှိ ကျောင်းဆရာမကြီး၏ နေအိမ် မီးလောင်ခံရ၍ စုဆောင်းထားငွေ(၄၇)သိန်း မီးလောင်ပျက်စီးသွားကြောင်း ဆရာမကြီး၏ တပည့်ဖြစ်သူ ဦးချင်းကိုကိုကပြောပါတယ်။ဖြစ်စဉ်မှ ဖေဖော်ဝါရီ(၁၃)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်၌ မြင်းခြံမြို့၊အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပေါ်ရာ ဆရာမကြီးနေထိုင်သည့် နေအိမ်ကို မီးကူးဆက် လောင်ကျွမ်းခဲ့ပါတယ်။မီလောင်နေချိန်၌ အနီးရှိ ဘော်ဒါမှ ကျောင်းသူ/ကျောင်းသားများမှ ကူညီမှုကြောင့် အသက်ရှင်ခွင့်ရရှိခဲ့ပါတယ်။

အဆိုပါ မီးလောင်ရာရပ်ကွက်ကို မီးသတ်မှ မီးငြိမ်းသတ်ပြီးနောက် ဆရာမကြီးနေထိုင်သည့် ကုတင်အောက်ရှိ သေတ္တာအတွင်း၌ ထည့်ထားသည့် မီးလောင်သည့် ငွေ(၄၇)သိန်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “ဆရာမကြီးအိပ်တဲ့ကုတင်အောက်မှာရှိတဲ့သေတ္တာထဲထည့်ထားတာ။သူ့အစည်းနဲ့သူပေါ့။ဆေးကုဖို့၊လှူရေး၊နာ ရေးအတွက် သူ့အစည်းနဲ့သူထားတာ။အခုက ငွေစက္ကူအထုပ်ရဲ့ အလယ်ကနေလောင်တော့ နံပါတ်တွေပါ ပါကုန်တယ်။ဆရာမကြီးက တစ်ယောက်ထဲနေတာ။အခု ဆရာမကြီးရဲ တပည့်တွေက ကူညီပေးနေတယ်”ဟု ကိုချင်းချင်းက ပြောပါတယ်။

ထို့ကြောင့် အနယ်နယ်အရပ်ရယ်ရှိ ဆရာမကြီးဒေါ်ဘေဘီအား လှူဒါန်းလိုသည့် တပြည့်များအနေဖြင့် ကိုချင်းချင်း

(၀၉-၄၃၁၆၀၀၀၅)၊ဦးမောင်မောင်သိန်း
(၀၉-၄၀၂၂၁၅၆၀၆)၊ဦးအောင်တင့်
(၀၉-၂၂၁၂၂၇၇)၊ဒေါ်တင်မြင်ဦး
(၀၉-၄၅၀၀၄၉၉၆၃)သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ပီးပဲမီဒီယာ

Loading...