သိန်း (၃၈၅)တန်ဖိုးတန်ကားတစ်စီးနဲ့ Surprise လုပ်ခဲ့တဲ့ ပရိသတ်တွေ့ဆုံပွဲအမှတ်တရကို ပြန်လည် မျှဝေလိုက်တဲ့ တန်ခွန်ကျော်

တန်ခွန်ကျော်ကတော့ ဒီနေ့မှာ ပရိသတ်တွေဆုံပွဲလေးကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၉)ရက်နေ့က တန်ခွန်ကျော်ဟာ သူ့ကိုပြိုင်ပွဲဝင်နေစဉ်ကတည်းက Votting ပေးပြီးအားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ပရိသတ်တွေ့ဆုံပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ဒီပွဲကြီးမှာတော့ တန်ခွန်ကျော်ရဲ့ ပရိသတ်တွေကလည်း တန်ခွန်ကျော်ကိုသိန်း (၃၈၅)တန်ဖိုးရှိကားတစ်စီးနဲ့ Surprise ပြန်လုပ်ခဲ့တယ်လို့သိရပါတယ်။ ယခုလိုပျော်စရာကောင်းတဲ့ တွေ့ဆုံပွဲအမှတ်တရလေးတွေကို အသေးစိတ်မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ တန်ခွန်ကျော်ကသူ့ရဲ့လူမှုကွန်ရက်မှာမျှဝေထားတာဖြစ်ပါတယ်။

ဒီပွဲလေးမှာတော့ တန်ခွန်ကျော်တစ်ယောက် ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး Game တွေကစားခဲ့ပြီး ပရိသတ်တွေကရော ဘယ်လိုတွေ Surprise ပြန်တိုက်ပြီး အားပေးကြမ်းခဲ့လဲဆိုတာကို ပရိသတ်ကြီးအတွက် ဗီဒီယိုဖိုင်လေးနဲ့အတူပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…..

Video Player

00:00
03:59

Source – TAN KHUN KYAW

Zawgyi





Loading...