ဝေဒနာခံစားနေရတဲ့ အမေဖြစ်သူကို ပြုစုစောင့်ရှောက်ရင်းချစ်သူများနေ့ကို ဖြတ်သန်းနေတဲ့လူပျိုကြီးခန့်စည်သူ

Flower
Flower

ခန်စည်သူကတော့ အနုပညာလမ်းကြောင်းမှာဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ အောင်မြင်မှုတွေကိုရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ကျရာဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး လက်ရှိအချိန်အထိ အနုပညာအလုပ်တွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီနေ့ကတော့ချစ်သူတွေအတွက်အပျော်ရွှင်ရဆုံး ချစ်သူများနေ့ဖြစ်ပြီး ခန့်စည်သူကတော့လူပျိုကြီးပီပီအမေဖြစ်သူကို ပြုစုစောင့်ရှောက်ရင်းနဲ့ ဒီနေ့တစ်နေ့တာကို ဖြတ်သန်းနေခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့ လူပျိုကြီးခန့်စည်သူက “ခန္ဓာရှိရင်ဝေဒနာရှိမယ်။ မပျောက်ကင်းနိုင်ပေမယ့်၊ တရားအသိနဲ့ ခံစားနေရသော ဝေဒနာများမှ အမြန်ဆုံးသက်သာပါစေမေမေ။”ဆိုပြီးတော့လည်း မိခင်ဖြစ်သူ အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ကို ဆုတောင်းထားတာဖြစ်ပါတယ်။

မေမေချစ်သားလေးတစ်ယောက်ဖြစ်တဲ့ လူပျိုကြီးခန့်စည်သူကတော့ ဒီနေ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့ကို အမေကို ပြုစုစောင့်ရှောက်ရင်းဖြတ်သန်းနေပါတယ် ပရိသတ်ကြီးရေ….။

Source – Kyaw Soe Win

Zawgyi





Flower

Written by