ညီမလေးဘွဲ့ယူလို့အရမ်းပျော်ရွှင်နေတဲ့ ကျော်မင်းဦး

Flower
Flower

ပရိသတ်ကြီးရေ ကျော်မင်းဦးကတော့ မြန်မာ့လက်ရွေးစင် U-(19) အသင်းရဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး အနုပညာဘက်မှာလည်း ဝါသနာပါတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားတစ်ယောက်လို ခန္ဓာကိုယ်အချိုးအစားမျိုးအပြင် ချောမောရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် ယောကျာ်းလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ သည်းသည်းလှုပ်အားပေးဝန်းရံနေတာအမှန်ပါပဲနော်

လက်ရှိမှာလည်း အနုပညာအလုပ်တွေကို အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးလျက်ရှိတယ်လို့သိရပါတယ်။ဒီနေ့မှာတော့ ကျော်မင်းဦးတစ်ယောက် အရမ်းပျော်ရွှင်နေတဲ့ အကြောင်းလေးကို ပြောပြလာပါတယ်။“ကိုယ်ဘွဲ့ယူ…အယ်မဟုတ်ပါဘူး။ညီမလေးဘွဲယူ_ကိုကြီးပျော်”ဆိုတဲ့စာလေးနဲ့ အမှတ်တရပုံရိပ်လေးတွေ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။ပရိသတ်ကြီးလည်း ကျော်မင်းဦးရဲ့ ညီမလေးအတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

ကျော်မင်းဦးကတော့ ဒူးခေါင်းဒဏ်ရာကြောင့် ကစားသမားဘဝကနေ အနားယူနေခဲ့ရပြီး အခုနောက်ပိုင်းမှာတော့ ဒဏ်ရာသက်သာလာကာ ဘောလုံးပြန်ကစားနိုင်ဖို့ အားယူပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source: Kyaw Min Oo

Zawgyi





Flower

Written by