Valentine Day မှာ တန်ဖိုးရှိတဲ့ စာစုလေးနဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ အပျိုကြီး မမ အေးသောင်း

Flower
Flower

ချစ်စရာကောင်းတဲ့ လုံးကြီးပေါက်လှ မမတစ်ယောက်အဖြစ် ပုရိသတွေရဲ့ နှလုံးသားတွေကို ဖမ်းစားထားတဲ့ မင်းသမီးချောလေး မအေးသောင်းက လက်ရှိမှာ အနုပညာလမ်းကြောင်းမှာပြန်လည်လျှောက်လှမ်းရင်း ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပွဲဦးထွက်ကားမှာ အောင်မြင်မှုတွေများစွာရရှိခဲ့သလို ပရိတ်တွေအားပေးမှုတွေကို သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး အေးသောင်းရဲ့ အလှကတော့ နန်းဆန်တဲ့ သူလေးပါ။

နန်းဆန်အောင်လှတဲ့ သူလေးတစ်ယောက်ဖြစ်ပေမယ့် အချစ်ရေးမှာ လေး‌လေးနက်နက် စဥ်းစားတတ်တဲ့ မ‌အေးသောင်းက ဒီနေ့ Valentine’s Dayလေးမှာလည်း ပရိသတ်တွေကို စာစုလေးနဲ့ မှာတမ်းခြွေလိုက်တာပါနော်။ မအေးသောင်းရဲ့ အချစ်ရေးက တည်ငြိမ်နေပေမယ့် ပရိသတ်ကြီးကတော့ အရမ်းကို စိတ်ဝင်စားနေကြတုန်းပါ။

“လူတစ်ယောက်ကိုချစ်မိလို့ အထီးကျန်တာမျိုး မဖြစ်ပါစေနဲ့ အထီးကျန်လို့ လူတစ်ယောက်ကို ချစ်မိတာမျိုး မဖြစ်ပါစေနဲ့..
နေ့တိုင်း ချစ်သူများနေ့ဖြစ်ပါစေရှင့်” ဆိုပြီး ချစ်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဆုတောင်းပေးခဲ့တဲ့ မအေးသောင်းရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်နော်။

Sunflower-Wow Myanmar
Source- Aye Thaung
(Zawgyi ဖြင့်ဖတ်ရန်)

Valentine Day မွာ တန္ဖိုးရွိတဲ့ စာစုေလးနဲ႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္တဲ့ အပ်ိဳႀကီး မမ ေအးေသာင္း

ခ်စ္စရာေကာင္းတဲ့ လုံးႀကီးေပါက္လွ မမတစ္ေယာက္အျဖစ္ ပုရိသေတြရဲ႕ ႏွလုံးသားေတြကို ဖမ္းစားထားတဲ့ မင္းသမီးေခ်ာေလး မေအးေသာင္းက လက္ရွိမွာ အႏုပညာလမ္းေၾကာင္းမွာျပန္လည္ေလွ်ာက္လွမ္းရင္း ပရိသတ္ေတြရဲ႕အခ်စ္ေတြကို ပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ ပြဲဦးထြက္ကားမွာ ေအာင္ျမင္မႈေတြမ်ားစြာရရွိခဲ့သလို ပရိတ္ေတြအားေပးမႈေတြကို သိမ္းပိုက္ထားတဲ့ မင္းသမီးေခ်ာေလး ေအးေသာင္းရဲ႕ အလွကေတာ့ နန္းဆန္တဲ့ သူေလးပါ။

နန္းဆန္ေအာင္လွတဲ့ သူေလးတစ္ေယာက္ျဖစ္ေပမယ့္ အခ်စ္ေရးမွာ ေလး‌ေလးနက္နက္ စဥ္းစားတတ္တဲ့ မ‌ေအးေသာင္းက ဒီေန႔ Valentine’s Dayေလးမွာလည္း ပရိသတ္ေတြကို စာစုေလးနဲ႔ မွာတမ္းေႁခြလိုက္တာပါေနာ္။ မေအးေသာင္းရဲ႕ အခ်စ္ေရးက တည္ၿငိမ္ေနေပမယ့္ ပရိသတ္ႀကီးကေတာ့ အရမ္းကို စိတ္ဝင္စားေနၾကတုန္းပါ။

“လူတစ္ေယာက္ကိုခ်စ္မိလို႔ အထီးက်န္တာမ်ိဳး မျဖစ္ပါေစနဲ႔ အထီးက်န္လို႔ လူတစ္ေယာက္ကို ခ်စ္မိတာမ်ိဳး မျဖစ္ပါေစနဲ႔..
ေန႔တိုင္း ခ်စ္သူမ်ားေန႔ျဖစ္ပါေစရွင့္” ဆိုၿပီး ခ်စ္ရသူေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနႏိုင္ဆုေတာင္းေပးခဲ့တဲ့ မေအးေသာင္းရဲ႕ ပုံရိပ္ေလးေတြကို ပရိသတ္ေတြအတြက္ တင္ေပးလိုက္ပါတယ္ေနာ္။

Sunflower-Wow Myanmar
Source- Aye Thaung

Flower

Written by