ချစ်သူများနေ့မှာ အထီးကျန်နေတဲ့ FA တွေနားထောင်ရမယ့် ရွှေထူးရဲ့သီချင်းလေး

Flower
Flower

အလွမ်းအဆွေးသီချင်းတွေနဲ့နာမည်ရလာတဲ့ရွှေထူးကတော့ မနက်ဖြန်ချစ်သူများနေ့မှာဆွေးနေရမယ့် တစ်ကိုယ်တည်းသမားတွေအတွက် သူ့ရဲ့သီချင်းအဟောင်းလေးကို Music Video ပြန်လည်ရိုက်ကူးပြီး အမှီတင်ပေးခဲ့ပါတယ်။ ရွှေထူးကသီချင်းဗွီဒီယိုလေးကို မအားတဲ့ကြားကရိုက်ကူးပေးခဲ့တာဖြစ်ပြီး “Valentine’s Day မှာ Unlucky Day မဖြစ်ကြပါစေနဲ့လို့ အားလုံးကိုဆုတောင်းပေးပါတယ်ခင်ဗျာ” ဆိုပြီး မျှဝေပေးခဲ့တာပါ

သူတင်ပေးထားတဲ့ Unlucky Day သီချင်းလေးကတော့ စတင်ထွက်ရှိခဲ့စဉ်ကတည်းက ပရိသတ်တွေအကြိုက်တွေ့ခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းချစ်သူများနေ့နီးလာတဲ့အချိန်ရောက်ရင် လူငယ်တွေပါးစပ်ဖျားမှာ ရေပန်းစားနေကြပါ။အဆိုပါသီချင်းလေးကိုတော့ ရွှေထူးက“လိုအပ်ချက်တွေရှိရင်လည်းနားလည်ပေးကြပါခင်ဗျာ.. Shooting တစ်ဖက်နဲ့အချိန်သိပ်မရလို့ ရာသီစာလေးကျွေးချင်လို့အမြန်လုပ်လိုက်ရတာ အားလုံးကိုအားနာပါတယ်ခင်ဗျာ” ဆိုပြီးဗွီဒီယိုလေးနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါသေးတယ်။

မအားတဲ့ကြားထဲက FA တွေအတွက် ချစ်သူများနေ့အမှီရိုက်ကူးပေးခဲ့တဲ့ ရွှေထူးရဲ့Unlucky Day ဗွီဒီယိုလေးကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…..

Source – Shwe Htoo

Flower

Written by