နားရောဂါအတွက်စုဆောင်းထားသမျှလေးပြန်လည်မျှဝေလိုက်ပါတယ်

Flower

နားရောဂါအတွက်စုဆောင်းထားသမျှလေးပြန်လည်မျှဝေလိုက်ပါတယ်။

#နားကိုက်လျှင်
ရွက်ကျပင်ပေါက်(သို့)ကြောင်လျှာသီး မီးကင်အရည်ညှစ် ခပ်နွေးနွေ နားထဲထည့်ပါ။ ညနေကြရင် ဆားခါးကို လဘက်ခြောက်ဖန်ရည်နဲ့ ဖျော် နားထဲထည့်။ ဘေးစောင်းပြီး ပြန်သွန်ထုတ် ၅-ကြိမ်ခန့်ပြုလုပ်ပါ။

#နားနှင့်ပတ်သက်သောဆေးမြီးတိုများ

#နားကိုက်လျှင် မုန့်ညင်းဆီကို ကြွေဇွန်းတွင်ထည့် မီးအပူပေးပြီး ခပ်နွေးနွေးလောင်းထည့်ပေးပါ။

#နားအူလျှင် နားထဲမှအသံများကြားနေလျှင်..
ရွက်ကျပင်ပေါက်ရွက်ကို မီးကင်ပြီး ညှစ်၍ရသော အရည်ကိုနားအတွင်းသို့ထည့်ပါ။

#နားလေးလျှင် ကြောင်ရှာသီးကို မီးအုံးပြီး အရည်ညှစ်ယူပါ။ ထို့နောက် နားအတွင်းသို့ တစ်နေ့ ၂-ကြိမ်ထည့်ပေးပါ။

#နားပင်လျှင် ကြောင်ရှာသီးကိုပြုတ်ပြီး သံပုရာသီးညှစ်၍ သုတ်စားပါ။

Flower

#နားပြည်ယိုလျှင် ကြိတ်မှန်ရွက် အရည်နှင့် အုန်းဆီရောကာ နားကျပ်ပေးပါ။

#နားပြည်ယို ၍ကိုက်နေလျှင် ငဖြူကြီး(မုရိုးပင်)အရွက်ရင့်ရင့်ကို ထောပတ်သုတ်၍ မီးကင်ပြီး အရည်ညှစ်ယူကာ နားအတွင်းသို့ထည့်ပေးပါ။

#နားလေထွက်လျှင် ကြက်သွန်နီဥ အရည်ညှစ်ထည့်ပေးပါ။

#နားအူနားလေထွက်လျှင် တရုတ်စံကားပွင့်ကို နားတွင်းပိတ်ဆို့ထားပါ။အပွင့်ကိုပြုတ်ပြီး အသုတ်သုတ်စားပါ။

#နားအူနားအုံကိုက်လျှင် သင်္ဘောရွက်ကို မီးအုံ၍အတို့ အမြုပ်လုပ်၍ စားပေးပါ။

#နားအတွင်း ပိုးကောင်ဝင်လျှင် ခရမ်းကစော့သီးကို မီးချို့ အခိုးခံပေးပါ။ မုန့်ညင်းဆီဖြင့် နားကျပ်ပေးပါ။

#နားအူနားလေး (ငယ်စဉ်ထဲကဖြစ်လျှင်) ကြောင်လျှာသီးကိုမကြာခနဟင်းချက်စား။ကြော်စားပေးပါ။ ကျားမနိုင်နွယ်မြစ် အတုံးကိုသွေးနားနောက်ကအုံနဲ့ ချိုင့်လေးထဲလိမ်းပေးပါ။ မုံညှင်းဆီမီးအပူပေး ကွမ်းရွက်ချေထည့် ထိုဆီနဲ့နားကြပ်ပေးပါ။

ကြည်လွင်မြင့်(မုဒြာ)

Written by 

Flower