ဆီးခ်ိဴျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္တဲ့ ပဲေစာင္းလ်ားသီးရဲ႕ က်န္းမာေရး အက်ိဴးေက်းဇူးမ်ား

Flower

ပဲေစာင္းလ်ားသီးကို စားဖူးလားရွင့္။ စာေရးသူကေတာ့ ေတာင္ေပၚေဒသမွာေနခဲ့ေတာ့ ငယ္ငယ္တုန္းကအရမ္းစားပါတယ္။အရသာလည္းရွိတယ္။ ပဲေစာင္းလ်ားသီးဟာအရသာရွိၿပီး အာဟာရဓါတ္ေတြၾကြယ္၀စြာပါ၀င္တဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးပါပဲ။ပဲေစာင္းလ်ားသီးရဲ႕ အရြက္၊ အျမစ္၊ အသီး၊ အပြင့္အားလံုးကိုစားလို႔ရပါတယ္။ ပဲေစာင္းလ်ားသီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့ – အိုမင္းရင့္ေရာ္မႈကိုကာကြယ္ေပးျခင္း – Antioxidant ေတြၾကြယ္၀စြာပါ၀င္တဲ့ ပဲေစာင္းလ်ားသီးဟာ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးႏိုင္ပါတယ္။ ေခါင္းကိုက္ျခင္းကိုသက္သာေစတယ္ – ေခါင္းႏွစ္ဖက္လံုးကိုက္တာ ေခါင္းတျခမ္းထဲကိုက္တာေတြက လူတိုင္းလိုလိုႀကံဳေတြ႔ေနရတဲ့ ျပႆနာတစ္ခုပါပဲ။ ပဲေစာင္းလ်ားသီးဟာ အဲဒီလိုေခါင္းကိုက္တာေတြကိုသက္သာေစပါတယ္။ကိုယ္၀န္ေဆာင္က်န္းမာေရး – ကိုယ္၀န္ေဆာင္မိခင္ေတြအတြက္ သံဓါတ္ျမင့္မာစြာပါ၀င္လို႔ ေမြးလာတဲ့ကေလးေပါင္မျပည့္တာမ်ိဳးကိုကာကြယ္ေပးႏိုင္သလို ကိုယ္၀န္ေဆာင္မိခင္ကိုလည္း က်န္းမာေစပါတယ္။

အျမင္အာရံုကိုေကာင္းမြန္ေစျခင္း – ပဲေစာင္းလ်ားသီးဟာ အျမင္အာရံုကို ေကာင္းမြန္ေစၿပီး မ်က္လံုးနဲ႔ ဦးေႏွာက္ကို က်န္းမာေစပါတယ္။ ကိုယ္အေလးခ်ိန္က်ေစျခင္း – အစာေခ်စနစ္ကိုေကာင္းမြန္ေစၿပီး ၀မ္းခ်ဳပ္မႈကိုသက္သာေစလို႔ ေနရထိုင္ရတာ သက္ေတာင့္သက္တာျဖစ္ေစသလို ကိုယ္အေလးခ်ိန္တက္မလာေအာင္လည္း ကာကြယ္ေပးပါတယ္။ဆီးခ်ိဳေရာဂါျဖစ္ပြားမႈကိုကာကြယ္ေပးျခင္း – ဗီတာမင္Dန႔ဲကယ္လ္ဆီယမ္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္ပါတယ္။ ပန္းနာေရာဂါျဖစ္ပြားမႈကိုကာကြယ္ေပးျခင္း – အသက္ရႈလမ္းေၾကာင္းဆိုင္ရာျပႆနာတစ္ခုျဖစ္တဲ့ ပန္းနာေရာဂါကိုကာကြယ္ေပးၿပီး အသက္ရႈတာကို ပံုမွန္ျဖစ္ေစဖို႔အတြက္ ပဲေစာင္းလ်ားသီးက ကူညီေပးပါတယ္။ မဂၢနီဆီယမ္ဓါတ္ၾကြယ္၀စြာပါ၀င္လို႔ အေကာင္းဆံုးေဆးတစ္လက္ပါပဲ။ ကိုယ္ခံအားနစ္ကိုေကာင္းမြန္ေစျခင္း – ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစၿပီး တျခားေရာဂါပိုးေတြအလြယ္တကူ၀င္ေရာက္ျခင္းကေနကာကြယ္ေပးႏိုင္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ credit ေပးပါတယ္။

[unicode]

ပဲစောင်းလျားသီးကို စားဖူးလားရှင့်။ စာရေးသူကတော့ တောင်ပေါ်ဒေသမှာနေခဲ့တော့ ငယ်ငယ်တုန်းကအရမ်းစားပါတယ်။အရသာလည်းရှိတယ်။ ပဲစောင်းလျားသီးဟာအရသာရှိပြီး အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။ပဲစောင်းလျားသီးရဲ့ အရွက်၊ အမြစ်၊ အသီး၊ အပွင့်အားလုံးကိုစားလို့ရပါတယ်။ ပဲစောင်းလျားသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ – အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း – Antioxidant တွေကြွယ်ဝစွာပါဝင်တဲ့ ပဲစောင်းလျားသီးဟာ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကိုသက်သာစေတယ် – ခေါင်းနှစ်ဖက်လုံးကိုက်တာ ခေါင်းတခြမ်းထဲကိုက်တာတွေက လူတိုင်းလိုလိုကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ပဲစောင်းလျားသီးဟာ အဲဒီလိုခေါင်းကိုက်တာတွေကိုသက်သာစေပါတယ်။ကိုယ်ဝန်ဆောင်ကျန်းမာရေး – ကိုယ်ဝန် ဆောင် မိခင်တွေအတွက် သံဓါတ်မြင့်မာစွာပါဝင်လို့ မွေးလာတဲ့ကလေးပေါင်မပြည့်တာမျိုးကိုကာကွယ်ပေးနိုင်သလို ကိုယ်ဝန်ဆောင်မိခင်ကိုလည်း ကျန်းမာစေပါတယ်။

အမြင်အာရုံကိုကောင်းမွန်စေခြင်း – ပဲစောင်းလျားသီးဟာ အမြင်အာရုံကို ကောင်းမွန်စေပြီး မျက်လုံးနဲ့ ဦးနှောက်ကို ကျန်းမာစေပါတယ်။ ကိုယ်အလေးချိန်ကျစေခြင်း – အစာချေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်မှုကိုသက်သာစေလို့ နေရထိုင်ရတာ သက်တောင့်သက်တာဖြစ်စေသလို ကိုယ်အလေးချိန်တက်မလာအောင်လည်း ကာကွယ်ပေးပါတယ်။ဆီးချိုရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း – ဗီတာမင်Dနဲ့ကယ်လ်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းနာရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း – အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုဖြစ်တဲ့ ပန်းနာရောဂါကိုကာကွယ်ပေးပြီး အသက်ရှုတာကို ပုံမှန်ဖြစ်စေဖို့အတွက် ပဲစောင်းလျားသီးက ကူညီပေးပါတယ်။ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အကောင်းဆုံးဆေးတစ်လက်ပါပဲ။ ကိုယ်ခံအားနစ်ကိုကောင်းမွန်စေခြင်း – ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး တခြားရောဂါပိုးတွေအလွယ်တကူဝင်ရောက်ခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။

Flower

Written by