အသက်ရှင်နေဦးမယ်ဆိုရင်ဖျော်ဖြေပွဲထပ်လုပ်ချင်သေးတယ်ဆိုတဲ့ မီးမီးခဲရဲ့ ဆန္ဒ

Flower

မီးမီးခဲကတော့ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ နောက်နှစ်မှာ ကျန်းမာရေးကောင်းမယ်ဆိုရင် ဖျော်ဖြေပွဲလုပ်ချင်တယ်လို့ ဆိုပါတယ်။

မီးမီးခဲ ကတော့ သူမရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မန္တလေးမှာ ပြုလုပ်ဖို့ စဉ်းစားထားတယ်လို့သိရပါတယ်။ ဒီဖျော်ဖြေပွဲကတော့ သူမအတွက် မျှော်လင့်ချက် တစ်ခုပါပဲလို့ ဆိုပါတယ်။ “မီးမီးခဲ One Lady Show 2 next year (2021 )ကိုMandalay မှာ လာရောက် ဖျော်ဖြေရင်ကောင်းမလား?

ကျွန်မရဲ့ fans တွေနေတဲ့ နယ်များကို သိပါရစေရှင်။ Comments ထဲမှာ ရေးပေးပါနော်။ ကျွန်မရဲ့မျော်လင့်ချက်ပေါ့ နှောင်နှစ်အတွက် ….အသက်ရှင်ဦးမယ်ဆိုရင်ပေါ့” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် မီးမီးခဲရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတစ်ခု ဖြစ်တာကြောင့်လည်း အများကြီး ပျော်ခဲ့ရပါတယ်တဲ့။ အဆိုပါ ဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

မီးမီးခဲကတော့ နိုင်ငံကျော် တေးရေးဆရာကြီး စောဘွဲ့မှူးရဲ့ သမီးငယ်လေးဖြစ်ပြီးတော့ အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။သူမဟာ လက်ရှိမှာ ဂီတလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး အဲဒီ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ သူမကို ပြန်ပြီး သတိရစေခဲ့တာပါ။ သူမကိုယ်တိုင် ရေးထားတဲ့ “ငါ့ရဲ့ မျက်ဝန်းညို” ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားအ ရမ်းကို နာမည်ကြီးသွားခဲ့တာပါ။ ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းလှတဲ့ အဆိုတော် မီးမီးခဲဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ဦးပါ။မီးမီးခဲဟာ “မျက်ဝန်းညို” ၊ “အဝေးက ချစ်သူ” စတဲ့ သီချင်းအသစ်တွေလည်း ထွက်ရှိထားပါသေးတယ်။

Flower

Written by