ပဌာန်းမှာ မမြင်နိုင်တဲ့စွမ်းအားတွေပြည့်နေကြောင်း မြင်အောင်ပြလိုက်တဲ့ ဆရာတော်

Flower

Unicode

မစိုးရိမ်တိုက်သစ် မန္တလေးမြို့မှ ဆရာတော် ဦးရာဇဓမ္ဗာဘိဝံသ ၏ ဩဝါဒတစ်ခုထဲတွင် ပဌာန်းနဲ့ပတ်သက်၍ ရွတ်ဖတ်ပူဇော်မှုများကို သဘောတရားသိသည်ဖြစ်စေမသိသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ အာရုံဆိုက်ရွက်ဆိုရန်အတွက် အောက်ပါအတိုင်း မိန့်ကြားခဲ့ပါတယ်။

မင်းတို့ ဂျာမဏီကလာတဲ့အားဆေးဂျာမဏီလိုရေးထားတဲ့ဆေးညွှန်းကိုမဖတ်တတ်ပေမဲ့အဲဒီအားဆေးစားရင်အားရှိသလိုပဲ ပဋ္ဌာန်းရဲ့သဘောတရားကိုရွတ်ရင်နာရင်အကျိုးရှိတယ်အဓိပ္ပါယ်နားလည်ရင်တော့ပိုကောင်းတာပေါ့ကွာ ပရိတ်တို့ပဋ္ဌာန်းတို့မှာမမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်ကွ။ မင်းတို့ဝါယာကြိုးထဲမှာလျှပ်စီးရှိတယ် အခုဒီကျိုးကိုကိုင်ရင်ဓာတ်လိုက်ပါ့မလားမလိုက်ဘူး ။

အဲဒါပလပ်စတစ်နဲ့အုပ်ထားလို့ (လျှပ်ကာပေါ့ကွာ) လျှပ်ကာကိုခွာပြီးအထဲကကြေးကြိုးကိုကိုင်ရင် ဓာတ်လိုက်မယ်။ ဒါပေမယ့်လျှပ်စီးကိုမင်းတို့မြင်ရရဲ့လားကြေးကြိုးပဲမြင်ရတာ။ ပရိတ်တွေပဋ္ဌာန်းတွေမှာလည်းလျှပ်စီးလို မမြင်ရတဲ့စွမ်းအားတွေရှိတယ် ဟုမိန့်ကြားခဲ့ပါတယ်

ZawGyi

ပဌာန်းမှာ မမြင်နိုင်တဲ့စွမ်းအားတွေပြည့်နေကြောင်း မြင်အောင်ပြလိုက်တဲ့ ဆရာတော်မစိုးရိမ်တိုက်သစ် မန္တလေးမြို့မှ ဆရာတော် ဦးရာဇဓမ္ဗာဘိဝံသ ၏ ဩဝါဒတစ်ခုထဲတွင် ပဌာန်းနဲ့ပတ်သက်၍ ရွတ်ဖတ်ပူဇော်မှုများကို သဘောတရားသိသည်ဖြစ်စေမသိသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ အာရုံဆိုက်ရွက်ဆိုရန်အတွက် အောက်ပါအတိုင်း မိန့်ကြားခဲ့ပါတယ်။



Flower

Written by