နေ့စဉ်နေ့တိုင်း ပဌာန်းအရှည်ကြီးကို မရွတ်နိုင်တဲ့ မိတ်ဆွေတွေ၊ အမျိုးတွေအတွက် ထူခြားတဲ့ ပဌာန်းဆုတောင်းလေး မျှဝေပေးလိုက်ပါတယ်နော်။

Flower

နေ့စဉ်ပဌာန်း အရှည်ကြီးကို မရွတ်နိုင်တဲ့ မိတ်ဆွေတွေအတွက် ထူးခြားတဲ့ပဌာန်းဆုတောင်းပဌာန်းအကျယ် မရွတ်နိုင်တဲ့ နေ့တွေမှာ..သရဏဂုံသုံးပါးနှင့် ငါးပါးသီလ စောင့်တည် ပြီး ဒါလေးကို ရွတ်ဆိုနိုင်ပါတယ်။

အရမ်း အချိန်ပေးစရာမလိုဘဲ မြတ်စွာဘုရားရှင် ပဌာန်းဒေသနာတော်အား ဆုတောင်းနည်းပါ ။ပဌာန်းအကျယ်ရွတ်ဖို့အရမ်း အချိန်မပေးနိုင်တဲ့ နေ့တွေမှာ ဒါလေး နေ့စဉ် ရွတ်ဖြစ်ပါတယ်။ကြာသွားရင်အလွတ်ရသွားတော့ အမြဲ အာဂုဏ်စောင့်မိတဲ့အတွက် နေ့စဉ် ကိုယ့်အတွက် ကံဆိုးမှုတွေမကျရောက်နိုင်ပါဘူး လက်တွေ့ပါ..။ကောင်းမှုတွေကြောင့်ကောင်းကျိုးမင်္ဂလာတည်ရှိပါစေ ။

၁. ဟေတု ပစ္စယော -အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား

၂. အာရမ္မဏ ပစ္စယော -မျက်စိနှင့်နားတို့သည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား

၃. အဓိပတိ ပစ္စယော -ရုပ် ၊ နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား

၎. အနန္တရ ပစ္စယော -များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား

၅. သမနန္တရ ပစ္စယော -ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား

Flower

၆. သဟဇာတ ပစ္စယော -ရုပ် – ရုပ်ခြင်း၊ နာမ် – နာမ်ခြင်း ထင်ရှားစွာ သိရပါစေသား

၇. အညမည ပစ္စယော -ရုပ်မှနာမ် ၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား

၈. နိဿယ ပစ္စယော -ရုပ် နာမ် နှစ်ပါးတို့၏ တည်ရာကို သိရပါစေသား

၉. ဥပနိဿယ ပစ္စယော -ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား

၁၀. ပုရေဇာတ ပစ္စယော -ရှေ့ကဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား

၁၁. ပစ္ဆာဇာတ ပစ္စယော -နောက်၌ဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား

၁၂. အာသေဝန ပစ္စယော -လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား

၁၃. ကမ္မ ပစ္စေယော -ကံသုံးပါးကို ထိန်းသိမ်းရပါစေသား

၁၄. ဝိပါက ပစ္စေယော -ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား

၁၅. အာဟာရ ပစ္စယော -လိုရာကို ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား

၁၆. က္ကန္ဒြိယ ပစ္စယော -ရုပ် ၊ နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား

၁၇. ဈာန ပစ္စယော -သူတော်ကောင်းတရား ၇ ပါး ၊ ဉာဏ်စဉ် ၅ ပါး တို့နှင့် ပြည့်စုံရပါစေသား

၁၈. မဂ္ဂ ပစ္စယော -ဘာဝနာတရား ၂ ပါး အပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား

၁၉. သမ္ပယုတ္တ ပစ္စေယော – သူတော်ကောင်းတို့နှင့်ပေါင်း၍ ၇ ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား

၂၀. ဝိပ္ပယုတ္တ ပစ္စယော- သူယုတ်မာနှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား

၂၁. အတ္ထိ ပစ္စယော- သမုတိနယ်၏အသိကို ဟုတ်မှန်စွာ သိရပါစေသား

၂၂. နတ္ထိ ပစ္စယော – ပရမတ္တ မရှိတရား၏အသိကို မျက်မှောက်ပြုရပါစေသား

၂၃. ဝိဂတပစ္စယော – ရှေ့၌ပွင့်ပြီးကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား

၂၄. အဝိဂတ ပစ္စယော – နောင်ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား

ပဌာန်းအကျယ်အဓိပ္ပါယ်နှင့်နေ့စဉ်ရွတ်နိုင်လျှင် အကောင်းဆုံးပါ..။

ဒီဆုတောင်းက ပဌာန်းစာအုပ်လေးတွေရဲ့နောက်ဆုံးတွင် အမြဲပါတဲ့အတွက်ဆုတောင်းရွတ်ဆိုခြင်းသာဖြစ်ပါတယ်..ကိုယ့်အချိန်မရတဲ့နေ့မှာရွတ်ဖတ်ခြင်းအား မျှဝေပေးခြင်းဖြစ်ပါတယ် ။မြန်မာ နိုင်ငံသူ နိုင်ငံသားအားလုံးကျမ ချစ်ခင်ရသူအားလုံးF/b မှ ကျမ မိတ်ဆွေ သူငယ်ချင်းများအားလုံး….ကျမ္မာ ပျော်ရွှင် အေးချမ်းသာယာပါစေကြောင်း…ကျမ စောင့်တည်သော သီလ ဘာဝနာဖြင့်မေတ္တာ ပို့သပါသည်ရှင်. ။

ချစ်ခင် လေးစားလျှက် ။ ။

source-နှလုံးသားမှာဘုရားတည်ကြမယ်

Written by 

Flower