ထမင်းမစားဘဲ ရသမျှ ပိုက်ဆံကို မိတ်ကပ်ဖိုး အတွက် စုနေလို့ မကြာခင်သေရတော့မယ့် မိန်းကလေး

Flower

လူတွေအားလုံးဟာ ရူးသွပ်ကြတယ်လို့ ဆိုရင် ပရိတ်သတ်ကြီး လက်ခံနိုင်ပါ့မလား ………..? လက်မခံနိုင်လောက်တဲ့ ဆိုရိုးစကားတစ်ခုပါ။ ဒါပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ တကယ်ကိုပဲ ရူးသွပ်ခဲ့ကြပါတယ်။ လူတွေဟာ လိုချင်တာ၊ ဖြစ်ချင်တာ တစ်ခုခုအတွက် အသက်တောင်ပေးပြီး လုပ်တတ်ကြပါတယ်။ ဒါတွေကလည်း ရှေ့က ဖြစ်ပေါ်ခဲ့တဲ့အဖြစ်အပျက်တွေက သက်သေပါပဲ။ ဒီလိုပဲ တရုတ်နိုင်ငံမှာ ၂၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ရူးသွပ်မှုအတွက် အခုဆိုရင် အသက်ဆုံးရှုံးရတော့မယ့်အဖြစ်ကို ကြုံခဲ့ရပါတယ်။ ဒါကတော့ သူမဟာ Makeup တွေကို ဝယ်ယူစုဆောင်းတာပဲဖြစ်ပါတယ်။

Makeup ဝယ်ယုံနဲ့အသက်ပေးရတယ်လို့ဆိုရင် ပရိတ်သတ်ကြီးအံသြသွားမှာပါပဲ။ သူမရဲ့ ဖြစ်စဉ်ကတော့ သူမဟာ Makeup ဝယ်ယူဖို့အတွက် ရသမျှ လစာတွေအကုန်လုံးကို စုဆောင်းခဲ့ပြီး၊ တစ်နေ့တစ်နေ့ အစားအသောက်ကို မစားဘဲနေခဲ့လို့ပဲဖြစ်ပါတယ်။ သူမဟာ တစ်ရက်မှာ မနက်ခင်းကို ပေါင်မုန့်တစ်ခုသာစားပြီး၊ နေ့လည်မှာတော့ အအေးတစ်ခွက်သာ သောက်တယ်လို့ဆိုပါတယ်။ ဒီလိုအစားအသောက်ကို ဆင်းရဲ့စွာစားသောက်နေထိုင်ခဲ့လို့၊ နောက်ပိုင်းမှာ သူမဟာ အမည်းရောင်ဝမ်းတွေသွားလာခဲ့ပါတယ်။ အစပိုင်းမှာတော့ ဝမ်းကိုက်တာလို့ ထင်တာကြောင့်၊ ဈေးပေါတဲ့ ဆေးတွေဝယ်သောက်ပြီးနေခဲ့ပါတယ်။

ဒီလိုနဲ့ အသက်သာတဲ့အဆုံးမှာ ဆေးရုံကိုသွားပြီး ဆေးစစ်ချက်တွေပြုလုပ်ခဲ့ပါတယ်။ ဆေးစစ်ချက်တွေရဲ့ အဖြေကတော့ သူမဟာ အစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို အစာအိမ်ကင်ဆာဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာကို ဆရာဝန်တွေ အဖြေထုတ်ချက်အရ သူမဟာ ယခုကဲ့သို့ အစားအသောက်ကောင်းကောင်းမစားခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီလိုမစားရတာလဲဆိုတာကို သူမကို မေးတဲ့အခါ Makeup ဝယ်ဖို့ စုဆောင်းရင်း မစားဖြစ်ကြောင်းကို သူမက ပြောပြခဲ့ပါတယ်။ အခုဆိုရင် အဆိုပါမိန်းကလေးဟာ အလုပ်ကနေထွက်ပြီး ဆေးကုသမှုကို ခံယူနေရပါတယ်။ ပရိတ်သတ်ကြီးရေ ဒီမိန်းကလေးလို့ Makeup ဝယ်ဖို့ ရူးသွပ်သူတွေရှိသေးလား…………. ?


By EditorPosted on November 24, 2019


 

Flower


 


ထမင်းမစားဘဲ ရသမျှ ပိုက်ဆံကို မိတ်ကပ်ဖိုး အတွက် စုနေလို့ မကြာခင်သေရတော့မယ့် မိန်းကလေး



 


 


Written by 

Flower