
Flower

အလှူပွဲည ဘုန်းကြီးကားနား ကလေးတွေ ဆော့နေတယ်ထင်လို့သွားတားမိတာ ကားကို သူတို့ အကျီနဲ့သုတ်ပီး ကုသိုလ်ယူနေကျတာ (သာဓုပါ)

လူကြီးတွေဟာ ကလေးငယ်လေးတွေထက် အသိဉာဏ်ပိုကြီးပြီး၊ ကလေးတွေကို ဘဝအတွေ့အကြုံတွေနဲ့ ဆုံးမလေးရှိပါတယ်။ ဒီလိုပါပဲ တစ်ခါတစ်ရံမှာ ကလေးတွေက လူကြီးတွေကို အပြုအမှုလေးတွေနဲ့ပြန်လည် ဆုံးမ တတ်ပါတယ်။ ယခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ ကလေးတွေဟာ ဘုန်းကြီးကားနားမှာ ဆော့နေတယ်ထင်လို့ သွားတားမလို့ လုပ်တဲ့အခါမှာ ကလေးတွေရဲ့ အပြုအမှုကို အံသြခဲ့ရတဲ့ လူတစ်ဦးက မျှဝေထားတာဖြစ်ပါတယ်။

((((အလှူမှာ ညတရားပွဲ ဓါတ်ပုံရိုက်ရင်း မဏ္ဍပ်ရှေ့ထွက်ထိုင်နေမိချိန်လေး ….ကလေးလေးတွေ ဘုန်းကြီးကားနားမှာ တွေလို့ ကျွန်တော့်က ကားကိုဆော့နေကြတယ်အထင်နဲ့ သတိပေးဖို့အနားသွားမှပဲ ဆော့နေကြတာမဟုတ်ဘူးဗျ….ဘုန်းကြီးကားကို သူတို့အကျီၤ လေးနဲ့ ဖုန်တွေသုတ်ပေးနေတာပဲ။ ခုအချိန်မှာ လူကြီးတွေဘယ်လိုစိတ်ဓါတ်တွေပဲရှိနေကြပါစေ နောင်တစ်ချိန်လူကြီးဖြစ်လာကြမဲ့ ကျွန်တော့်တို့ရွာက ကလေးလေးတွေရဲ့ ခုလိုစိတ်ဓါတ်လေးတွေတွေ့ရ‌ပြန်တော့လဲ ကြည်နှူးမိရပြန်ပါတယ်။

ကလေးလေးတွေရဲ့ စိတ်ထားလေးတွေ ခုလိုလေးဖြစ်ပေါ်လာရတာကလဲ ကျွန်တော်တို့ရွာလေးမှာရှိတဲ့ဓမ္မစကူးလ်သင်တန်းလေးရဲ့ အကျိုးကျေးဇူးတွေအများကြီးပါနိုင်ပါလားလို့စဉ်းစားမိရင်း………။)))) ပရိတ်သတ်ကြီးရေ ဒီလိုလိမ္မာရေးခြားရှိတဲ့ ကလေးတွေဟာ ယနေ့ခေတ်မှာတော်တော်လေး တွေ့ခဲပါတယ်။ လူကြီးသူမကို ရိုသေပြီး ဆရာတော်ဘုန်းကြီးတွေကို ယခုလို ပြုမှုတာဟာ မိဘတွေနဲ့ ပတ်ဝန်းကျင်က အကျင့်ကောင်းလေးတွေပါနော်……….။

Writer- ME(Shwe Yaung Lan) Source : Kyaw Win Tun

Flower

UNICODE

အလှူပွဲညမှာ ကလေးလေးတွေ ဘူန်းကြီးကားနားမှာ တွေ့လို့ ဆော့နေတယ်ထင်ပြီး သွားတားမိတဲ့အခါ

Written by 

Flower