ကိုယ်ပိုင်အချစ်ကမ္ဘာလေးတည်ဆောက်ခဲ့တဲ့ (၃နှစ်နဲ့၆လ) ပြည့်သွားခဲ့ပြီဖြစ်တဲ့ မေဦးနဲ့ဟန်လင်

မြန်မာပြည်ရဲ့ LGBT စုံတွဲတစ်တွဲဖြစ်တဲ့ မေဦးနဲ့ဟန်လင်းတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးဟာ ဒီနေ့မှာဆိုရင် သုံးနှစ်နဲ့ခြောက်လပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သူစိမ်းနှစ်ယောက် ချစ်ခင်ပြီး လက်တွဲကြတယ်ဆိုတဲ့အတိုင်းအတာမှာ တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိနိုင်တာတွေ အများကြီးရှိနိုင်ပြီး တွဲလက်တွေကြာရှည်မြဲဖို့ဆိုတာ အတော်လေးကို ကြိုးစားရမယ့်အနေအထားတစ်ခုပါပဲ။

ပရိသတ်တွေကလည်း နှစ်ယောက်သားကို ချစ်ခင်အားပေးကြပြီး ဒယ်ဒီနဲ့ ပါးပါးဆိုတဲ့ နာမ်စားလေးတွေနဲ့တောင် ချစ်စနိုးခေါ်ခဲ့ကြပါသေးတယ်။ ကြားထဲမှာရန်ဖြစ်ပြီး ခဏခဏ ပြတ်ကြပေမယ့် နောက်ဆုံးတော့လည်း ရင်ထဲက ချစ်ခြင်းတရားတွေကို အရှုံးပေးလိုက်ကြပြီး ရွှေလက်တွဲခဲ့ကြတာချည်းပါပဲ။ ပုံမှန်စုံတွဲတွေထက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက် အချစ်ရေးလေးတွေက ပိုပြီးနွေးထွေးတယ်ဆိုတာတော့ အသေအချာပါပဲ။

နှစ်ယောက်သားရဲ့ အမှတ်တရနေ့ရက်လေးကို မေဦးက ” လှပတဲ့ အပင်လေးတွေဖြစ်ပေါ်လာဖို့နေရောင်ခြည်ကပေးစွမ်းသလို ကို့အချစ်တွေကလည်း ချစ်ကိုအမြဲရှင်သန်စေခဲ့တယ် ထာဝရ အချစ်တစ်ခုတည်မြဲစေဖို့ ယနေ့ 3 yers and 6 mont anniversary ကနေ နောင်နှစ်ပေါင်းများစွာအထိ ချစ်တို့နှစ်ယောက် အတူတွဲပြီး နားလည်မှု ကြင်နာမှု ချစ်ခြင်းတွေနဲ့အတူ တသက်လုံးနေသွားကြမယ်နော် ” ဆိုပြီး ရိုဆန်ဆန်လေး ရေးသားထားတာပဲဖြစ်ပါတယ်။ နောက်ရတုအဆက်ဆက် ဖြတ်သန်းနိုင်ပါစေနော်။

Happy – Wow Myanmar
Photo – May Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကိုယ္ပိုင္အခ်စ္ကမၻာေလးတည္ေဆာက္ခဲ့တဲ့ (၃ႏွစ္နဲ႔၆လ) ျပည့္သြားခဲ့ျပီျဖစ္တဲ့ ေမဦးနဲ႔ဟန္လင္း

ျမန္မာျပည္ရဲ႕ LGBT စုံတြဲတစ္တြဲျဖစ္တဲ့ ေမဦးနဲ႔ဟန္လင္းတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ခရီးလမ္းေလးဟာ ဒီေန႔မွာဆိုရင္ သုံးႏွစ္နဲ႔ေျခာက္လျပည့္ေျမာက္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ သူစိမ္းႏွစ္ေယာက္ ခ်စ္ခင္ၿပီး လက္တြဲၾကတယ္ဆိုတဲ့အတိုင္းအတာမွာ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေသခ်ာမသိႏိုင္တာေတြ အမ်ားႀကီးရွိႏိုင္ၿပီး တြဲလက္ေတြၾကာရွည္ၿမဲဖို႔ဆိုတာ အေတာ္ေလးကို ႀကိဳးစားရမယ့္အေနအထားတစ္ခုပါပဲ။

ပရိသတ္ေတြကလည္း ႏွစ္ေယာက္သားကို ခ်စ္ခင္အားေပးၾကၿပီး ဒယ္ဒီနဲ႔ ပါးပါးဆိုတဲ့ နာမ္စားေလးေတြနဲ႔ေတာင္ ခ်စ္စႏိုးေခၚခဲ့ၾကပါေသးတယ္။ ၾကားထဲမွာရန္ျဖစ္ၿပီး ခဏခဏ ျပတ္ၾကေပမယ့္ ေနာက္ဆုံးေတာ့လည္း ရင္ထဲက ခ်စ္ျခင္းတရားေတြကို အရႈံးေပးလိုက္ၾကၿပီး ေ႐ႊလက္တြဲခဲ့ၾကတာခ်ည္းပါပဲ။ ပုံမွန္စုံတြဲေတြထက္ ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္ အခ်စ္ေရးေလးေတြက ပိုၿပီးေႏြးေထြးတယ္ဆိုတာေတာ့ အေသအခ်ာပါပဲ။

ႏွစ္ေယာက္သားရဲ႕ အမွတ္တရေန႔ရက္ေလးကို ေမဦးက ” လွပတဲ့ အပင္ေလးေတြျဖစ္ေပၚလာဖို႔ေနေရာင္ျခည္ကေပးစြမ္းသလို ကို႔အခ်စ္ေတြကလည္း ခ်စ္ကိုအၿမဲရွင္သန္ေစခဲ့တယ္ ထာဝရ အခ်စ္တစ္ခုတည္ၿမဲေစဖို႔ ယေန႔ 3 yers and 6 mont anniversary ကေန ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ ခ်စ္တို႔ႏွစ္ေယာက္ အတူတြဲၿပီး နားလည္မႈ ၾကင္နာမႈ ခ်စ္ျခင္းေတြနဲ႔အတူ တသက္လုံးေနသြားၾကမယ္ေနာ္ ” ဆိုၿပီး ႐ိုဆန္ဆန္ေလး ေရးသားထားတာပဲျဖစ္ပါတယ္။ ေနာက္ရတုအဆက္ဆက္ ျဖတ္သန္းႏိုင္ပါေစေနာ္။

Happy – Wow Myanmar
Photo – May Oo

Flower