Togo (2019)

Flower

Togo (2019)

ခွေးချစ်တတ်သူ ကိုယ့်အဖို့ခွေးလိမ္မာဇာတ်လမ်းတွေ
ကြည့်ဖြစ်တိုင်းဆိုသလို အသည်းကွဲပါတယ်
မကြည့်ရသေးခင်ထဲက အဆုံးသတ် ဒီလိုဖြစ်လာမယ်လို့
ကြိုသိနေပါသော်လည်း မ​ဖြစ်လာခင်
ဇာတ်လမ်းတဝက်မှာတင် ထိရှရတဲ့အခန်းလေးတွေ
ကြုံတွေ့လိုက်ရပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့
Togo ဇာတ်လမ်းအကြောင်းပြောပြရရင်….

Togo(Dog) ဆိုပြီးစာလုံးလေးကို Google မှာ
ရိုက်ရှာကြည့်လိုက်ရင် သူနဲ့အတူ Balto ဆိုတဲ့
ခွေးလေးတစ်ကောင်ရဲ့ နာမည်ကို
Popular Search ထဲမှာတွဲမြင်ရမှာဖြစ်ပြီး
အဲ့ဒီကပ်လျက်မှာတော့ မသိတဲ့သူမရှိတဲ့
သစ္စာရှင်ခွေးလေး Hachikō ကိုတွဲတွေ့ရပါမယ်

Balto ဆိုတဲ့နာမည်ကို ငယ်ငယ်ထဲကရင်းနီးနေတဲ့
သူတွေအတော်များများရှိကြမှာပါ
ဟုတ်ပါတယ် 1995 မှာ Disney ကပဲ
Animation ကာတွန်းကားလေးအဖြစ်
ထုတ်လုပ်ပြသခဲ့ပြီး အောင်မြင်ပြီးနောက်မှာ
2002 မှာ Balto 2 နဲ့ 2004 မှာ Balto 3 ဆိုပြီး
စုစုပေါင်း သုံးကားထွက်ရှိခဲ့ပါတယ်

Togo ဇာတ်လမ်းပြောမှာ ဘာဖြစ်လို့
Balto နဲ့ယှဉ်နေရလဲဆိုတော့ Togo ကြည့်ပြီးသွားရင်
နားလည်လာကြမယ်လို့ထင်ပါတယ်
Togo နဲ့ Balto နှစ်ကောင်လုံးဟာ
Intelligent, Outgoing, Alert, Friendly, Gentle
အစရှိတဲ့စွမ်းရည်တွေနဲ့ပြည့်စုံတဲ့
Siberian Husky မျိုးစိတ်ခွေးဖြစ်တာခြင်းတူသလို
သူတို့နှစ်ကောင်ရဲ့ ဇာတ်လမ်းနဲ့ နေရပ်ကလည်း
မကွာကြားကြပါဘူး ကွာခြားသွားတာဆိုလို့
ပိုင်ဆိုင်တဲ့သခင်နဲ့ လုပ်ဆောင်ပုံလေးပဲရှိပါတယ်

Togo ကို 1913 December 5 မှာပေါက်ပြီး
1929 မှာအင်မတန်တာဝန်ကျေတဲ့ Sled Dog ခေါင်းဆောင်အဖြစ်ဂုဏ်ယူစွာအသက်ကုန်ခဲ့ပါတယ်

” He’s not a Sled Dog, He’s a Lead Dog ”

စကားလေးက ဇာတ်လမ်းတစ်လျှောက်လုံးမှာ
ခေါင်းထဲစွဲနေစေခဲ့တယ်
Sleg Dog ဆိုတာကတော့ အာတိတ်ဒေသတွေမှာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀၀ လောက်ထဲက
သေချာလေ့ကျင့်သင်ကြားပေး ထားတဲ့
စွတ်ဖားဆွဲတဲ့ခိုင်းခွေးတွေပဲဖြစ်ပါတယ်

ဒီနေရာမှာ Togo လေးက ဘယ်လိုအကြောင်းတွေနဲ့
Lead Dog ဖြစ်လာပြီး ဘာတွေနဲ့ရင်ဆိုင်ခဲ့ရလို့
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ရဲ့
Seward ပန်းခြံမှာ အသိအမှတ်ပြု ရုပ်ထုနဲ့
သူရဲကောင်းတင်ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကို
မြင်တွေ့ရမှာ​ဖြစ်ပါတယ်

ထိုနည်းတူစွာပဲ 1919March 14 မှာပေါက်ဖွားပြီး
1933 မှာအသက်တိမ်းပါးသွားတဲ့
Balto ကိုလည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ
စင်ထရယ်ပန်းခြံမှာ လေးစားအသိအမှတ်ပြု
ရုပ်ထုထားရှိခဲ့ကြပါတယ်

ဇာတ်လမ်းအကျဉ်းကိုအနည်းငယ်ပြောရင်
1925 အာတိတ်စက်ဝိုင်း တောင်ဘက်ရှိ
Nome, Alaska မြို့လေးမှာ
Leonhard “Sepp” Seppala ဆိုသူနဲ့ဇနီးဖြစ်သူတို့ဟာ
Sled Dog တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်

တနေ့မှာတော့ သွားရေးလာရေးခက်ခဲကြမ်းတမ်းပြီး
ဆက်သွယ်ရေးအလွယ်အတူမရှိတဲ့ အဆိုပါမြို့လေးရဲ့
အိမ်တစ်လုံးသာသာရှိတဲ့ဆေးရုံမှာ
ရောဂါဆိုးတစ်ခုကြောင့်စုပြုံရောက်လာတဲ့
ကလေးလူနာတွေကိုကုသရန် ဆေးဝါးတွေကို
အသွားအပြန် မိုင် ၂၄၀ ကျော်ဝေးကွာတဲ့နေရာမှာ
သွားရောက်ယူဆောင်ဖို့ဖန်လာတဲ့အကြောင်း
ရိုက်ကူးထားတာဖြစ်ပါတယ်
ဖြစ်ရပ်မှန်ကိုအခြေထားတာဖြစ်တဲ့အပြင်
ခွေးချစ်သူတို့အဖို့ ဒီဇာတ်လမ်းကို
အခုလိုဆောင်းရာသီအကုန်ခင်ကာလမှ ကြည့်ဖို့
အသင့်တော်ဆုံးလည်းဖြစ်ပါတယ်

ဇာတ်ကားကြည့်ရန်ဒေါင်းရန်

Flower

Written by