Moana (2016) မြန်မာစာတန်းထိုး

Flower

Moana (2016) မြန်မာစာတန်းထိုး

Disney ကနေ ပိုလီနေးရှန်းဒဏ္ဏာရီကို အခြေခံပြီး ရိုက်ကူးထားတဲ့ Moana ဟာ 2016 ရဲ့ အော်စကာစာရင်းက နောက်ဆုံး animation ပါပဲ။ လူမျိုးတစ်ခုရဲ့ ရိုးရာဓလေ့နဲ့ အသေးစိတ်ပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားဟာ ဇွဲသတ္တိ နဲ့ မိမိကိုယ်ကို အားကိုးခြင်းဆိုတဲ့ အရာတွေကို ထိမိစွာ ပုံဖော်ပေးနိုင်ရုံမက အချိန်အကြာကြီး ကွယ်ပျောက်နေတဲ့ နောက်ခံဇာတ်ဝင်တေးတွေ တစ်ပြုံတစ်မကြီးနဲ့ Disney ရိုးရာစစ်စစ်ကို ပြန်လည် အသက်သွင်းထားတာကြောင့် ဟိုးငယ်ငယ်က Disney ကာတွန်းရုပ်ရှင်အငွေ့အသက်ကို ပြန်လည်ခံစားနိုင်ကြမှာပါ။ မိုအာနာသီဆိုတဲ့ How far I’ll go က Billboard မှာတောင် နေရာယူခဲ့တာကြောင့် Disney က အကောင်းဆုံးဇာတ်ဝင်တေးသီချင်းအော်စကာဆုကို အသေအချာမျှော်လင့်ထားပုံရပါတယ်။
ပိုလီနေးရှန်းဒဏ္ဏာရီမှာ ကမ္ဘာလောကကြီးကို တက်ဖီတီဆိုတဲ့ ကျွန်းနတ်သမီးက ဖန်ဆင်းပါတယ်။ တစ်နေ့မှာ မှော်ငါးမျှားချိတ်ရှင် လူတစ်ပိုင်းနတ်တစ်ပိုင်း မာဝီဆိုတဲ့ ပုံသဏ္ဏာန်ပြောင်းလဲနိုင်တဲ့ ဗလကြီးဟာ တက်ဖီတီရဲ့ နှလုံးသားကို ခိုးယူသွားတဲ့အခါ ချော်ရည်မိစ္ဆာကြီး တီးခါးပေါ်လာကာ အရာအားလုံးကို လိုက်လံဖျက်ဆီးပါတော့တယ်။ မိုအာနာတို့ ကျွန်းကလေးဟာ ထူးဆန်းစွာပဲ တစ်နေ့တစ်ခြား အစာရေစာရှားပါးလာတဲ့အခါမှာတော့ တက်ဖီတီရဲ့ နှလုံးသားကို နေရာတကျပြန်ထားဖို့ မာဝီရှာပုံတော် ဖွင့်ကြရတယ်။ ဒါပေမယ့် မာဝီဆိုတာ အပြောတစ်ခြား အလုပ်တစ်ခြား လူကြီးမှန်း သိလာတဲ့အခါ နှလုံးသားကို ပြန်ထားဖို့ မိုအာနာဟာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရပါတော့တယ်။
ဒီရုပ်ရှင်ကို စိတ်ဓါတ်ကျတဲ့ အချိန် သို့မဟုတ် စိန်ခေါ်မှုတစ်စုံတစ်ရာနဲ့ ကြုံနေရချိန်မှာ ကြည့်ကြည့်လိုက်ပါ။ အရာအားလုံးကို မိမိကိုယ်ကို အားကိုးရင်ဆိုင်ကျော်ဖြတ်ဖို့ ခွန်အားရလာမှာတော့ အသေအချာပါပဲ။ ဒါကြောင့်လည်း ဝေဖန်ရေးဆရာတွေက animation တစ်ကားအနေထက်ကို ပိုသဘောကျသွားကြ နေမှာပါ။

ဇာတ်ကားကြည့်ရန်ဒေါင်းရန်

Flower

Written by