Stay Out Stay Alive (2019)

Stay Out Stay Alive (2019)

လောကကြီးမှာ ကိုယ်မမြင်နိုင်မတွေ့နိုင်ပေမယ့်လဲ တကယ်ရှိနေတဲ့ အရာတွေ အများကြီးပါပဲ။

ပြီးတော့ အောက်လမ်းအတတ် စုန်းအတတ် မှော်အတတ်တွေဆိုတာကို တချို့သောမျိုးနွယ်စုလူမျိုးတွေက တကယ်ကို ယုံကြည်နေကြပါသေးတယ်။

ဒီဇာတ်ကားလေးကတော့ အဲ့လိုဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ထိတ်လန့်သည်းဖို ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ ဒွန်နာတို့ သူငယ်ချင်း ၅ယောက်က Campingလုပ်ဖို့အတွက်
Golden Summit ဆိုတဲ့တောကို ထွက်လာကြပါတယ်။

အဲ့လိုစခန်းချရင်း မထင်မှတ်တဲ့ ကံကြမ္မာအလှည့်အပြောင်းတစ်ခုကို ကြုံလိုက်ရပါတယ်။

အဲ့ဒါကတော့ သူတို့ရဲ့သူငယ်ချင်း ဒွန်နာက ညဘက်လမ်းလျှောက်ရင်း တွင်းကြီးတစ်တွင်းထဲ ပြုတ်ကျသွားပါတော့တယ်။

သူတို့ရဲ့ သူငယ်ချင်းကို အဲ့ဒီတွင်းထဲက ကယ်ထုတ်ဖို့ကြိုးစားနေကြရင်းနဲ့ သူတို့အတွက် မယုံနိုင်စရာအရာတစ်ခုကို တွေ့သွားပါတော့တယ်။

အဲ့ဒီအရာကြောင့် သူတို့၅ယောက်ရဲ့ ဘဝတွေက ဘယ်လိုတွေပြောင်းလဲသွားမှာလဲ သူတို့ကြုံတွေ့ရတဲ့ အရာတွေကရောဘာလဲ ဒီအခြေနေက သူတို့လွတ်မြောက်နိုင်မှာလားဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရင်ခုန်ပေးကြပါဦးနော်။

တစ်ကားလုံး သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရမှာမို့ လုံးဝပျင်းစရာကောင်းတဲ့ကားမဟုတ်ပါဘူးနော်။ကြည့်ရှူခံစားကြည့်ကြပါဦး။

Unicode

👇👇👇

ဇာတ်ကား​​​ကြည့်ဒေါင်းရန်

Flower