News

“ ဆန္ဒပြနေစဉ် အုပ်စုကွဲသွားသဖြင့် ပြန်လည်ရောက်ရှိလာခြင်းမရှိသေးတဲ့ ဆရာမလေး ”

“ ဆန္ဒပြနေစဉ် အုပ်စုကွဲသွားသဖြင့် ပြန်လည်ရောက်ရှိလာခြင်းမရှိသေးတဲ့ ဆရာမလေး အမည်- မရှမ်းယဉ်ပန်း၊အသက် – ၂၀ ဝန်းကျင်၊၁၇. ၂. ၂၀၂၁ တွင် သူမ၏ သူငယ်ချင်းများနှင့်အတူ ဆန္ဒပြသဘိတ်သို့ သွားရောက်ပါဝင်ခဲ့ပြီး တစ်နေရာအရောက်တွင် အုပ်စုကွဲသွားသဖြင့် သတ်မှတ်နေရာကိုလည်း ပြန်လည်ရောက်ရှိလာခြင်းမရှိ ဆက်သွယ်ရန်ဖုန်းလဲ စက်ပိတ်ထားပါသောကြောင့် အိမ်ကိုလည်းပြန်လည်ရောက်ရှိလာခြင်းမရှိခဲ့ပါ။ ယနေ့ ၂၃.၂.၂၀၂၁ ထိဆက်သွယ်၍မရပါသဖြင့် ပျောက်သွားသည်မှာ ၇ရကျ ၁ပတ်နီးပါရှိသောကြောင့် မေမြို့မှ မြို့သူမြို့သားများ အနေဖြင့် တွေ့ရှိပါက အောက်ပါ ဖုန်းနာပါတ်အား ဆက်သွယ်အကြောင်းကြားပေးပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ အိမ်သူအိမ်သားများလဲ လွန်စွာစိတ်ပူနေကြသည်။ ဆက်သွယ်ရန်ဖုန်း-09688202634,09457991924

News

ကုလသမဂ္ဂအထူးသံတမန်ဒေါက်တာဆာဆာအကြောင်း

ကုလသမဂ္ဂအထူးသံတမန်ဒေါက်တာဆာဆာအကြောင်း ========================================= ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည် တစ်နှစ်မှ တစ်ခါသာ ရေချိုးဖူးတဲ့ လိုင်းလင်းပီရွာက ကလေးလေးကိုလည်း ဒေါက်တာဖြစ်မည်လို့ သူ့အဖေ ပြောတုန်းက ရွာကလူတွေဟာ သူ့ကို အရူးလို့ ထင်ပြီး ဝိုင်းကြည့်ခဲ့ဖူးတယ်။ ရုပ်ဝတ္ထုတွေကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ ဒေသတစ်ခုမှာ ပညာတတ်တွေရှိလား။ ရှိရင် အဲဒီနေရာရဲ့ အနာဂါတ်ကို သွားပြီး ဟောကိန်းမထုတ်လေနဲ့။ ဘာမဆို ဖြစ်သွားနိုင်တယ်။ ဒေါက်တာဆာဆာ လေသံအတိုင်း ယူပြောရရင် “The greatest gift we can give to the younger generation is education. They will be able to do so many things. Just watch – […]

Cele News

ဝရမ်းပြေး လူမင်း အားလက်ခံ ထားပေးသည့် အိမ်ရှင်ပါ အရေးယူခံရ

အမှုဖြစ်စဉ်မှာ၂၁.၂.၂၀၂၁ရက်နံနက်၁နာရီ၁၀မိနစ်အချိန်ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးတွင်ရဲမှူးဇော်လွင်သည်မြို့နယ်ရဲတပ်ဖွဲ့မှုးတာဝန်ထမ်းဆောင်နေစဉ်မိမိ၏ထင်ပေါ်ကျော်ဇောမှုကိုအခွင့်ကောင်းယူကာဝန်ထမ်းများကိုအလုပ်မတက်ကြရန်ဆူပုလှုပ်ဆော်မှုပြုလုပ်ရာတွင်ဦးဆောင်ဦးရွက်မှုပြုလုပ်ခဲ့သောကြောင့်နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့်တာမွေမြို့မရဲစခန်း(ပ)၁၁၃/၂၀၂၁၊ရာဇသတ်ကြီးပုဒ်မ၅၀၅ကအမှုနှင့်အမှုဖွင့်အရေးယူခံရကာတိမ်းရှောင်နေသူရုပ်ရှင်သရုပ်ဆောင်လူမင်း(ရုပ်ရှင်သရုပ်ဆောင်)သည်အမှတ်(၂၇အေ) ၊ရွှေတောင်ကြားလမ်း၊ရွှေတောင်ကြား(၂)ရပ်ကွက်၊ဗဟန်းမြို့နယ်နေသူ ဦးကြည်ဝင်း(ချိုကြည်သာတေးသံသွင်းပိုင်ရှင်)၏ နေအိမ်တွင်ရောက်ရှိတည်းခိုလျက်ရှိကြောင်းသတင်းရရှိသဖြင့်ဗဟန်းမြို့မစခန်းမှုးဒုရဲမှူးကျော်နီထွန်းနှင့်အဖွဲ့၊ရတဖ(၅)မှဒုရဲအုပ်တင်အောင်မင်းထွန်းတို့သည်သက်သေများနှင့်အတူသွားရောက်ရှာဖွေခဲ့ရာလူမင်း(ရုပ်ရှင်သရုပ်ဆောင်)အားဦးကြည်ဝင်း၏ နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းအတွင်း၌ ရှာဖွေတွေ့ရှိခဲ့သဖြင့်လူမင်းအားပြစ်မှုကျူးလွန်ခဲ့သူဖြစ်သည်ဟု သိလျက်နှင့် လက်ခံ ထားရှိသူ ဦးကြည်ဝင်း (ကိုယ်ရေးအချက်အလက် စိစစ်ဆဲ) (အမှတ်၂၇ ၊ ချိုကြည်သာတေးသံသွင်းပိုင်ရှင်၊ )၊ ရွှေတောင်ကြားလမ်း၊ရွှေတောင်ကြား((၂)ရပ်ကွက်၊ဗဟန်းမြို့နယ်နေသူအားဥပဒေအရအရေးယူပေးပါရန်ရဲမှူးဇော်လွင်မှတရားလိုပြုလုပ်တိုင်တန်းခဲ့ရာဗဟန်းမြို့မရဲစခန်း(ပ)၃၅/၂၀၂၁၊ရာဇသတ်ကြီးပုဒ်မ၂၁၂ဖြင့်၂၁.၂.၂၀၂၁ရက်ညနေ၄နာရီခွဲအချိန်အမှုဖွင့်ပြီးအမှုစစ်ဒုရဲမှူးကျော်နီထွန်းမှဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ ဒါးမကြီး(အနောက်ပိုင်းခရိုင်)S.HSource.Zaw Naingရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ် #ဝေယံ သဃ်န်းကျွန်း