Cele News

ဝရမ်းပြေးအတူတူဖြစ်လာဖို့ ရေစက်ပါလာတယ်လို့ ကို​ပေါက်​ကို​ပြောလာတဲ့ပြေတီဦး

ဝရမ်းပြေးအတူတူဖြစ်လာဖို့ ရေစက်ပါလာတယ်လို့ ကို​ပေါက်​ကို​ပြောလာတဲ့ပြေတီဦး  

Cele News

ရတနာကိုးသွယ်ကျွန်းအခေါင်းကို မြသွဲ့သွဲ့ခိုင်အတွက် ဂုဏ်ပြုသဂြိုလ် ဖို့လှူဒါန်း ပေးခဲ့တဲ့ ဦးကျော်သူ

ရတနာကိုးသွယ်ကျွန်းအခေါင်းကို မြသွဲ့သွဲ့ခိုင်အတွက် ဂုဏ်ပြုသဂြိုလ် ဖို့လှူဒါန်း ပေးခဲ့တဲ့ ဦးကျော်သူ ………………. ဖေဖော်ဝါရီ ၂၀ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌကြီးဦးကျော်သူအပါအဝင် တခြားသောအဖွဲ့ဝင် တွေက မနေ့ကသေဆုံးသွားခဲ့တဲ့ မြသွဲ့သွဲ့ခိုင်အတွက် ရတနာကိုးသွယ်ကျွန်းအခေါင်းကို ဂုဏ်ပြုသဂြိုလ် ဖို့လှူဒါန်း ပေးခဲ့တာဖြစ်ပါတယ်။ မမြသွဲ့သွဲ့ခိုင်ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ရက်၊ နံနက် ၁၁:၀၅ နာရီမှာ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ အာဇာနည်သမီးငယ် မြသွဲ့သွဲ့ခိုင်ကို ဦးညွှတ် အလေးပြုပါတဲ့အကြောင်းကိုလည်း ဦးကျော်သူကဆိုထားတဲ့အပြင် “ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်ကျွန်တော်၏ အနုပညာအကြံပေးမိတ်ဆွေကြီးဖြစ်သူ နိုင်ငံခြားသင်္ဘောသား၊ စာရေးဆရာ၊ အနု ပညာရှင် ကိုမောင်မောင်သိန်းလှိုင်မှ ကိုယ်တိုင်ဖန်တီးကာ (၉)ရက်တိတိကိုမောင်မောင် သိန်းလှိုင်၊ ကိုလင်းစိန်(ချက်ကလေး) နှင့်ကျွန်တော်တို့ ပြုလုပ်လှူဒါန်းထားသော ရတနာကိုးသွယ်ကျွန်းအခေါင်းကြီး ဖြင့် ဂုဏ်ပြုသင်္ဂြိုလ်မှုပြုရန်အတွက် ယနေ့နံနက်တွင် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ […]

Cele News

ရောင်နီသန်းတဲ့နေ့ရက်တွေပြန်ရပြီဆိုရင် သူမတို့ပိုင်ဆိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြမယ့် ဇာတ်ကားတွေနဲ့ CDM ဝန်ထမ်းတွေကို ကျေးဇူးဆပ်သွားမယ့် အိနြ္ဒာကျော်ဇင်

ရောင်နီသန်းတဲ့နေ့ရက်တွေပြန်ရပြီဆိုရင် သူမတို့ပိုင်ဆိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြမယ့် ဇာတ်ကားတွေနဲ့ CDM ဝန်ထမ်းတွေကို ကျေးဇူးဆပ်သွားမယ့် အိန္ဒြာကျော်ဇင် အကယ်ဒမီ မင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့ အကယ်ဒမီ မင်းသားပြေတီဦးတို့ကတော့ လူတကာအာရုံစိုက်ခံရတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ပေမယ့် အရေးကြီးတဲ့အချိန်မှာ ပြည်သူတွေနဲ့ တသားတည်းအတူတူရှိနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပြေတီဦးက လက်ရှိမှာတော့ ပုဒ်မ ၅၀၅-က နဲ့တရားစွဲ ဖမ်းဝရမ်းထုတ်ခံထားရပေမယ့် အိန္ဒြာကျော်ဇင်ကတော့ ပြည်သူတွေနဲ့အတူတူ ဆက်လက်ရပ်တည်ရင်း ပြည်သူတွေနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အိန္ဒြာကျော်ဇင်က CDM မှာ ပါဝင်ပေးကြတဲ့ ဝန်ထမ်းတွေအတွက် သူမပိုင်ဆိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ကျေးဇူးဆပ်မယ့်အကြောင်းကို ပြောပြလာပါတယ်။ အိန္ဒြာကျော်ဇင်က “ဒီအမှောင်တွေလွန်သွားလို့ ရောင်နီသန်းတဲ့ခေတ်ကိုရောက်တဲ့အခါ ကျွန်မတို့ရဲ့ “THUDRA” Productionမှထုတ်လုပ်တဲ့ ရုပ်ရှင်ကားတွေ ရုံတင်ရင် CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင် […]

News

အမိန့် တခါထဲချပေးဖို့ တရားခွင်အတွင်း ဦးဝင်းထိန် တောင်းဆို………..

အမိန့် တခါထဲချပေးဖို့ တရားခွင်အတွင်း ဦးဝင်းထိန် တောင်းဆို {{Zawgyi/Unicode}} စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးမှာ အွန်လိုင်းကနေတဆင့် ဒီကနေ့ ရုံးထုတ်ခဲ့တာမှာ ဦးဝင်းထိန်က အမိန့် တခါထဲချပေးဖို့ ပြောခဲ့တယ်လို့ တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်ဖြူ၀င်းလတ်က တရားခွင်အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ “အမူစစ်တရားသူကြီးကနေပြီးတော့ ပြန်လျှောက်ခံရသူ ဦးဝင်းထိန်ကို Zoom Application နဲ့ မေးမြန်းပါတယ်။ အဲဒီအခါမှာ ရှေ့နေကိုယ်စားလှယ်စာတင်ဖို့ချိန်းဆိုထားတဲ့အတွက် ရှေ့နေကိုယ်စားလှယ်စာတင်ဖို့ ချိန်းဆိုထားတဲ့အခါမှာ ဦးဝင်းထိန် က တခါတည်းအမိန့်ချပေးဖို့ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ အမှုစစ်တရားသူကြီးကနေပြီးတော့ ဥပဒေနဲ့အညီသက်သေခံချက်တွေရယူပြီးမှပဲ အမိန့်ချမှတ်မယ်ဖြစ်ကြောင်း ပြန်ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီအခါမှာ ပြန်လျှောက်ခံရသူ ဦးဝင်းထိန် ကနေပြီးတော့ လာမယ့်ရုံးချိန်မှာ ရှေ့နေကိုယ်စားလှယ်စာတင်မယ်ပြောတဲ့အတွက် ကျမတို့ရုံးချိန်းပြန်လည်ချိန်းဆိုပေးခဲ့ပါတယ်။ […]