News

ငိုလိုက်ညီမလေး … အားရပါးရငိုပြီး ကန်တော့လိုက်ပါ

ငိုလိုက်ညီမလေး … အားရပါးရငိုပြီး ကန်တော့လိုက်ပါ Covid နှိပ်စက်တဲ့ နောက်ထပ် မြင်ကွင်းတခုပေါ့။ ညက ထပ်ဝင်တဲ့ ပြည်တော်ပြန် ယာဉ်တန်းနဲ့ပါလာတဲ့ ညီမလေးပါ။ ရောက်ရောက်ခြင်း မိခင်ဖြစ်သူ ဆုံးပါး၍ ပြန်လာတာဖြစ်ကြောင်း မိခင်၏ ရုပ်အလောင်းအား ကန်တော့ချင်ကြောင်း သတင်းပို့ အကြောင်းကြားပါတယ်။ ကျွန်တော်တို့က လူသားတွေပဲလေ။ ကိုယ်ချင်းစာတရား အပြည့်ရှိပါတယ်။ အောက်လမ်းက ခိုးမဝင်ပဲ တရားဝင် ပြန်လာပြီး သတ်မှတ်ချက်အတိုင်း Q ဝင်တဲ့သူပဲ။ ဒါတောင် အသုဘချမှာက မနက်ဖြန်မှ။ မနက်ဖြန်ဆိုရင် လူများမှာတဲ့။ ဒီနေ့ သွားကန်တော့ခွင့် ရချင်တယ်ဆိုလို့ ယနေ့ (11.10.2020)ရက်နေ့မှာတော့ ကိုဇင်မိုး တို့အဖွဲ့မှ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် များနဲ့အညီ သူ့ကိုပါ PPE ဝတ်စုံပြည့် ဝတ်ဆင်စေ၍ မော်လမြိုင် (၁၀)မြို့နယ်ဆောင် […]

Cele News

ရွှေတိဂုံစေတီတော် ပုံရိပ်ကို နင်း၍ ဖျော်ဖြေတင်ဆက်ခဲ့သည့် Project K အဖွဲ့ အပြင်းအထန် ဝေဖန်ခံနေရ

ရွှေတိဂုံစေတီတော် ပုံရိပ်ကို နင်း၍ ဖျော်ဖြေတင်ဆက်ခဲ့သည့် Project K အဖွဲ့ အပြင်းအထန် ဝေဖန်ခံနေရ ————- အကုန်သိသတင်းဌာန ————- Project K အဖွဲ့ သည် Asia Song Festival 2020 တွင် ပါဝင်ဖျော်ဖြေခဲ့ပြီး Project K အဖွဲ့ ဖျော်ဖြေနေချိန်အောက်ခံ LED Screen ၌ ရွှေတိဂုံစေတီတော် ပုံရိပ်ကိုဖော်ပြခဲ့ပြီး ရွှေတိဂုံစေတီတော်ပုံရိပ်အား နင်း၍ ဖျော်ဖြေတင်ဆက်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များ၊ မြန်မာပရိသတ်များအကြားနှင့် လူမှုကွန်ရက်အသုံးပြုသူများအကြားတွင် အပြင်းအထန် ဝေဖန်ခံနေရသည်။ Project K အဖွဲ့ သားများကတော့ “အခုလို ရွှေတိဂုံစေတီတော်ပုံရိပ်ကို အောက် LED မှာပြ‌နေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါခင်ဗျာ” ဟု ၎င်းတို့အသုံးပြုသည့် ဖေ့ဘွတ်စ်ပေ့ခ်ျမှ ယခုလို ပြန်လည်ရှင်းပြခဲ့သည်။ […]

Cele News

စီးပွားရေးတွေ အရမ်းထိခိုက်နေ ပြီ ဖြစ်လို့ စိတ်ဓာတ်မကျအောင် လုပ်နေ ရ တဲ့ အကြောင်း ပြောပြလိုက်တဲ့ ဝိုင်း စုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းကတော့ အနုပညာလောကမှာရုပ်ရှင်သရုပ်ဆောင်အဖြစ်ရော အဆိုတော်တစ်ဦး အ ဖြစ်ပါ အထူးအောင်မြင်နေသူတစ်ဦးဖြစ်ပြီးပရိသတ်တွေရဲ့ ချစ်ခြင်းကိုလည်း ရရှိနေခဲ့တာပါ ။ဝိုင်းစုဟာ အနုပညာခရီးလမ်းကို အောင်လနဲ့တွဲဖက်ပြီး အေးချမ်းစွာလျှောက်လှမ်းနေသ လိုသီ ချင်း တွေကိုလည်း အတူတူ ဖန်တီးနေတာလည်းဖြစ်ပါတယ်။ ယခုကိုဗစ်ကာလမှာတော့ ဝိုင်းစုဟာ ဖျော်ဖြေရေးလုပ်ငန်းများရော ပွဲများပါ ရပ်နားထားရတဲ့အ တွက် စီးပွားရေးထိခိုက်နေပြီး စိတ်ဓာတ်ကျနေမိတယ်လို့ ဝိုင်းစုကဆိုလာခဲ့တာပါ။ဝိုင်းစုက သူမ အနေနဲ့ အိမ်မှာအမြဲနေရတာဖြစ်ပြီး ဘာမှလုပ်စရာမရှိတော့တဲ့အတွက် တစ်ခုမဟုတ် တစ်ခုရှာ ကြံလုပ်နေရတယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ ဝိုင်းစုက “ကိုဗစ်နဲ့ပတ်သတ်ပြီးတော့ အကုန်လုံးကတော့ စီးပွားရေးထိခိုက်ကြတာပဲပေါ့နော် အမ တို့ကျတော့ ပိုပြီးဆိုးတာတစ်ခုက ဖျော်ဖြေရေးသမားဖြစ်တဲ့အခါကျတော့ဖျော်ဖြေရေး ဆို တာ လူ တွေအဆင်ပြေတော့မှ လူတွေပျော်တဲ့အချိန်မျိုးမှပွဲအနေနဲ့လုပ်ရတာပေါ့နော် ဒါမဲ့လည်း စိတ် ညစ်နေတဲ့အချိန်လည်း ဖျော်ဖြေရေးရှိလို့ရှိရင်ပျော်ကြတာပဲလေအခုချိန်ကြတော့ SHOW ပွဲ တွေလုပ်လို့မရတော့ စီးပွားရေးကတော့ အများကြီးထိခိုက်တာပေါ့နော် […]

Cele News

ဒိန်းဒေါင်ရဲ့ ချွန်တွန်း ပရဟိတမှာ သုံးသိန်း ပါဝင်အားဖြည့်ပေးခဲ့တဲ့ မြင့်မြတ်

လတ်တလော ဒိန်းဒေါင်ရဲ့ပရဟိလှုပ်ရှားမှုတွေကတော့ မြင်သူတိုင်း ကြည်နူးပီတိဖြစ်စရာပါ။ အလှူရှင်တွေ လှူဒါန်းပေးလိုက်တဲ့ အလှူပိုက်ဆံတွေကို အောက်ခြေလူတန်းစား တကယ်ခက်ခဲ နေတဲ့သူတွေဆီအရောက် ကိုယ်တိုင်လိုက်လံလှူဒါန်းပေးနေတဲ့သလို ပရိသတ်ကြီးလည်း ကြည် နူး သဒ္ဓါပွားစေဖို့ နေ့စဉ်မျှဝေပေးလျက်ရှိပါတယ်။ အခုလို ဒိန်းဒေါင်ရဲ့ချွန်တွန်းပရဟိတမှာ ရုပ်ရှင်သရုပ်ဆောင်မြင့်မြတ်ကတော့ သုံးသိန်းပါဝင် လှူ ဒါန်းပေးခဲ့ပါတယ်။ မြင့်မြတ်ကတော့ မြန်မာနိုင်ငံမှာကိုဗစ်ကပ်ရောဂါစတင်ကတည်းက လို အပ် နေတဲ့နေရာတွေကို ဆက်တိုက်ကူညီနေသူပါ။ မနေ့ကလည်း ရုပ်ရှင်စက်မှုသာရေးနာရေး နဲ့ ဖွံ့ ဖြိုး တိုးတက်ရေးအသင်းကို အလှူငွေဆယ်သိန်းလှူဒါန်းပေးခဲ့သလို ဒီနေ့မှာလည်း ဒိန်းဒေါင်ရဲ့ ချွန်တွန်းပရဟိတအလုပ်တွေအတွက် သုံးသိန်းလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချွန်းတွန်းပရဟိတရဲ့ထုံးစံအတိုင်း မြင့်မြတ်လှူဒါန်းပေးလိုက်တဲ့ပိုက်ဆံတွေကတော့ တကယ့်ကို ခက် ခဲနေတဲ့ ဟိုးအောက်ခြေက လူတွေဆီအထိ ရောက်သွားမှာမို့ တကယ်ကိုအကျိုးများမယ့် ကု သိုလ်ပါပဲ ပရိသတ်ကြီးရေ… အခုလို ရိုက်ကူးရေးတွေရပ်နားထားရပြီး ဝင်ငွေမရှိချိန်မှာ […]

Cele News

ဟင်းရွက်ရောင်းနေတဲ့ အသက်(၈၀) ကျော် အဘွားဆီကို အံ့သြသွားအောင် လှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်အချစ်တော် ဟာသ သရုပ်ဆောင် လူရွှင်တောင် ဒိန်းဒေါင်ကတော့ ကိုဗစ်ကာလမှာ ချွန် တွန်း ပရဟိတ အဖွဲ့နဲ့အတူ လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ် ။ ဒါ့အ ပြင် သူပိုင်ဆိုင်ထားတဲ့ အိမ်တွေကို ငှားရမ်းနေထိုင်သူတွေအားလုံးကိုလည်း ကိုဗစ်ကာလမပြီး မချင်း အခမဲ့နေထိုင်ခွင့်ပြုခဲ့တဲ့အတွက် ပရိသတ်တွေက လေးစား ဂုဏ်ယူမဆုံးဖြစ်နေကြတာပါ ။ လတ်တလောမှာလည်း ပရိသတ်တွေ ကြည်နူးသွားစေမယ့် အလှူဗီဒီယိုလေး တစ်ခုကို ပရိသတ် တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ကန်စွန်းရွက်နဲ့ ကန်နဖော့တွေ ခူးပြီး ရောင်းချနေရတဲ့ အသက် (၈၀) ကျော် အဘွားအိုကြီးဆီကနေ ဟင်းရွက်တွေကုန်ဝယ်ပြီး အားပေးခဲ့တဲ့အပြင် နောက်ဈေး ထပ်ဈေးမရောင်းတော့ဘဲ အေးအေးဆေးဆေးနေဖို့အတွက် အလှူငွေ တစ်သိန်း ကျပ်တိတိကို လည်း လှူဒါန်းကုသိုလ်ယူခဲ့ပါသေးတယ် ။ ဒိန်းဒေါင်က အသက်80အမေအိုကြီးရဲ့ကန်နဖော့နဲ့ ကန်စွန်းရွက်ကို […]