သီလရှင်ပညာရေးကျာင်းမှာကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ရေစက်ချအလှူလေးပြုလုပ်ခဲ့တဲ့ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကတော့ MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမူကိုစတင်ရရှိခဲ့တဲ့သရုပ်ဆောင်တစ်ယာက်ပဲဖြစ်ပါတယ်။ သူမရဲ့ရိုးသားကြိုးစားမှုတွေကြောင့်အချိန်တိုအတွင်းမှာပဲအောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်ကိုအပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ သူမဟာယခုနောက်ပိုင်းမှာတော့သရုပ်ဆောင်အလုပ်တွေအပြင် အဆိုတော်တစ်ယောက်အနေနဲ့ပါအနုပညာအလုပ်တွေကိုချဲထွင်လုပ်ကိုင်နေတာဖြစ်ပါတယ်။ သူမဟာအနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေရပေမယ့် ဘာသာရေးကိုလည်းကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့မိဘကိုအလုပ်အကျွေးပြုလုပ်နေသလို အလှူအတန်းတွေကိုလည်းပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာလည်းသီလရှင်ပညာရေးကျာင်းမှာကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ရေစက်ချအလှူလေးကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါအလှူနဲ့ပတ်သက်ပြီးတော့” ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက်ရေစက်ချလှူဒါန်းခဲ့စဉ် “ဆိုပြီးအလှူပုံရိပ်လေးတွေနဲ့အတူပိုးကြာဖြူခင်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

အမေစုပုံကို ရွှေဆွဲသီးလေး အနုစိတ်လုပ်ထားတဲ့ ကျောက်ပန်းတောင်းမြို့က လေးစားဖွယ်ရာ ရွှေပန်းတိမ်ဆရာတစ်ဦး

အမေစုပုံကို ရွှေဆွဲသီးလေး အနုစိတ်လုပ်ထားတဲ့ ကျောက်ပန်းတောင်းမြို့က လေးစားဖွယ်ရာ ရွှေပန်းတိမ်ဆရာတစ်ဦးအမေစုပုံကို ရွှေဆွဲသီးလေး အနုစိတ်လုပ်ထားတဲ့ ကျောက်ပန်းတောင်းမြို့က လေးစားဖွယ်ရာ ရွှေပန်းတိမ်ဆရာတစ်ဦး အမေစုပုံကို ရွှေဆွဲသီးလေး အနုစိတ်လုပ်ထားတဲ့ ကျောက်ပန်းတောင်းမြို့က လေးစားဖွယ်ရာ ရွှေပန်းတိမ်ဆရာတစ်ဦးအမေစုပုံကို ရွှေဆွဲသီးလေး အနုစိတ်လုပ်ထားတဲ့ ကျောက်ပန်းတောင်းမြို့က လေးစားဖွယ်ရာ ရွှေပန်းတိမ်ဆရာတစ်ဦး

ရှမ်းပြည်နယ်က ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးကို ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်နော်

ရှမ်းပြည်နယ်က ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးကို ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်နော်ရှမ်းပြည်နယ်က ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးကို ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်နော် ရှမ်းပြည်နယ်က ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးကို ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်နော်ရှမ်းပြည်နယ်က ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးကို ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်နော်

ဘုရားကိုလာပြီး ပူဇော်နေတဲ့ နတ်မြွေပါ…မြင်မြင်ခြင်း ရှယ်လိုက်ပါ…(ရေ၀င်သလို အလုံးလိုက်ငွေ၀င်လာပါလိမ့်မယ်…)

ဘုရားကိုလာပြီး ပူဇော်နေတဲ့ နတ်မြွေပါ…မြင်မြင်ခြင်း ရှယ်လိုက်ပါ…(ရေ၀င်သလို အလုံးလိုက်ငွေ၀င်လာပါလိမ့်မယ်…)ဘုရားကိုလာပြီး ပူဇော်နေတဲ့ နတ်မြွေပါ…မြင်မြင်ခြင်း ရှယ်လိုက်ပါ…(ရေ၀င်သလို အလုံးလိုက်ငွေ၀င်လာပါလိမ့်မယ်…) ဘုရားကိုလာပြီး ပူဇော်နေတဲ့ နတ်မြွေပါ…မြင်မြင်ခြင်း ရှယ်လိုက်ပါ…(ရေ၀င်သလို အလုံးလိုက်ငွေ၀င်လာပါလိမ့်မယ်…)ဘုရားကိုလာပြီး ပူဇော်နေတဲ့ နတ်မြွေပါ…မြင်မြင်ခြင်း ရှယ်လိုက်ပါ…(ရေ၀င်သလို အလုံးလိုက်ငွေ၀င်လာပါလိမ့်မယ်…)

သူမရဲ့အသက်ရှင်ခြင်းဆိုတာ ညီမလေးနိုင်ဖြိုးဥကိုဆက်ပြီးနှောက်နေဖို့ပဲဆိုတဲ့ ပိုင်ဖြိုးသု

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ပိုင်ဖြိုးသုကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့သွက်လက်ထက်မြတ်တဲ့စေတနာရှင်ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုရဲ့ညီမလေးနိုင်ဖြိုးဥကလည်း ဆရာဝန်မလေးတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကိုတော့လုပ်ကိုင်ခြင်းမရှိပါဘူး။ ပိုင်ဖြိုသုကတော့ညီမလေးနိုင်ဖြိုးဥအပေါ်မှာ အရမ်းချစ်သလိုညီမလေးစိတ်ကောက်ရအောင်လည်း အမြဲစနောက်တတ်သူတစ်ယောက်ပါ။ လက်ရှိမှာလည်းပိုင်ဖြိုးသုက”ငါ့ရဲ့အသက်ရှင်ခြင်းဆိုတာလဲ ငဥနင့်တစ်ယောက်ကိုဆက်ပြီးနှောက်နေဖို့”ဆိုတဲ့စာသားနဲ့အတူ ညီမလေးနိုင်ဖြိုးဥနဲ့ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်မှာတင်ပြီးစနောက်ထားခဲ့တာဖြစ်ပါတယ်။ ပိုင်ဖြိုးသုနဲ့နိုင်ဖြိုးဥတို့ညီအစမနှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ ပိုင်ဖြိုးသုတို့ညီအစ်မနှစ်ယောက်ကိုချစ်ရင်မှတ်ချက်လေးတစ်ခုခုပြောပြခဲ့ပါဦးနော်။

ပရိသတ်တွေအချစ်ပိုခဲ့တဲ့ ကျော်ထက်ဇော်နဲ့ ရွှေသမီး နှစ်ယောက်အတူဖန်တီးထားတဲ့ Tik Tok ဗီဒီယိုလေး

ကျော်ထက်ဇော်ကတော့ ပရိသတ်ချစ်တဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသားတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သူ့ရဲ့သတင်းတွေကို မကြာခဏအသိပေးလေ့ရှိပြီး ပျော်စရာတွေကိုလည်း ပရိသတ်တွေနဲ့ မျှဝေတတ်ပါသေးတယ်။ မင်းသမီးချောလေးရွှေသမီးနဲ့အတူ Tik Tok တွေဆော့ထားတာဖြစ်ပြီး ပရိသတ်တွေကိုလည်းကြည့်စေချင်တာကြောင့် “ခရီးသွားရင်း ရွှေရွှေနဲ့ ဆော့ထားတာလေးအမှတ်တရ မကတက်ကတက်တွေ အခါပေါင်းများစွာရိုက်ထားလို့သည်းခံပြီးကြည့်ပေးနော်” ဆိုပြီးတော့ပြန်လည်မျှဝေပေးထားတာပါ။ သူတို့နှစ်ဦးကတော့ သီချင်းအတိုင်းအတွဲညီညီကထားကြတာဖြစ်ပြီး ပရိသတ်တွေကတော့ သဘောကျပြီးအားပေးနေကြတာ ဖြစ်ပါတယ်။ ကျော်ထက်ဇော်ကတော့ သိပ်မကတတ်ဘူးလို့ပြောထားပေမဲ့လည်း ပရိသတ်တွေကတော့ သဘောကျနေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းတဲ့ Tik Tok လေးကို ပရိသတ်ကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…

ဝါဆိုရန်အခက်အခဲဖြစ်နေတဲ့ ဘုန်းကြီးကျောင်း(၃၆)ကျောင်းအတွက် ဝတ္ထုငွေနှင့်ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခဲ့တဲ့ စည်ဖြိုးတို့မိသားစု

စည်ဖြိုးကတော့ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။သူကတော့လက်ရှိမှာ သရုပ်ဆောင်အလုပ်တွေအပြင်အဆိုတော်တစ်ယောက်အနေနဲ့လည်း အနုပညာအလုပ်တွေကိုချဲ့ထွင်လုပ်ကိုင်နေတာဖြစ်ပါတယ်။ စည်ဖြိုးတို့မိသားစုလေးစိတ်သဘောထယးဖြူစင်ပြီးရိုးသားပွင့်လင်းသလို မကြာခဏလည်းအလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာလည်းဝါတွင်းကာလမှာဝါဆိုရန်အခက်အခဲဖြစ်နေတဲ့မကွေးတိုင်း၊ မန္တလေးတိုင်း၊ဧရာဝတီတိုင်း၊မွန်ပြည်နယ်အတွင်းရှိဘုန်းကြီးကျောင်း(၃၆)ကျောင်းအတွက် ဝတ္ထုငွေနှင့်ဝါဆိုသင်္ကန်းများအားဆက်ကပ်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ အဆိုပါအလှူအကြောင်းကိုတော့ နတ်လူသာဓုခေါ်လို့ရအောင်အလှူပုံရိပ်လေးတွေနဲ့အတူ ယခုလိုပဲရေးသားဖော်ပြထားခဲ့ပါ တယ်။ “ဝါဆိုရန်အခက်ခဲဖြစ်နေသောမကွေးတိုင်းမန္တလေးတိုင်းဧရာဝတီတိုင်းမွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၆)ကျောင်းအတွက်ဝတ္တုငွေများသင်္ကန်းများအား ဦးထွန်းအောင် ဒေါ်သီသီဝင်းသားစည်ဖြိုးပြည့်ဖြ်ုးET family မှလူဒါန်းမှုကုသိုလ်အလှူ”ဆိုပြီးစည်ဖြိုးရဲ့မိခင်ကဖော်ပြထားခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးရေ စည်ဖြိုးတို့မိသားစုရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

“ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာ​ရေးပရဟိတကျောင်း”သို့အချိုရည်များသွားရောက်လှူဒါန်းခဲ့တဲ့အုပ်စိုးခန့်

အုပ်စိုးခန့်ကတော့ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူကတော့ချောမောခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်အားပေးဝန်းရံမှုကိုအခိုင်အမာရရှိထားပါတယ်။ အုပ်စိုးခန့်ကတော့မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံနှင့်လည်းအနုပညာအလုပ်တွေကိုတွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ အုပ်စိုးခန့်ကအဆိုတော်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာလည်းပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။သူကတော့ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်ဖြစ်ပြီး စိတ်သဘောထားဖြူစင်ကာအလှူအတန်းတွေကိုလည်းမကြာခဏပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာလည်းအုပ်စိုးခန့်က “ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာ​ရေးပရဟိတကျောင်း”သို့အချိုရည်များသွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ အဆိုပါအလှူအကြောင်းလေးကိုတော့ “Veve နဲ့ အုပ် ရဲ့အလှူလေးလုပ်ခဲ့တယ်”ဆိုပြီးအုပ်စိုးခန့်ကအလှူပုံရိပ်လေးတွေနဲ့အတူ သူရဲ့လူမှုကွန်ရက်မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အုပ်စိုးခန့်ရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

မိသားစုနဲ့အတူ ပုဂံမြေကို သွားရောက်လည်ပတ်နေတဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ

နာမည်ကြီးအဆိုတော် ချစ်ကောင်းရဲ့သမီးလေးဖြစ်တဲ့ အဆိုတော်အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူရဲ့ခြေရာကိုတစ်ထပ်တည်းနင်းနိုင်သူလေး ဖြစ်ပါတယ်။ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကိုသီဆိုတတ်တဲ့ အိမ့်ချစ်က ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဂီတလမ်းကြောင်းထက်မှာ အောင်မြင်နေတာ ဖြစ်ပါတယ်။ အိမ့်ချစ်က တစ်ကိုယ်တော်အခွေတွေထွက်ရှိအောင်မြင်ခဲ့သလို ရှိုးပွဲကြီးတွေမှာလည်း ပါဝင်ဖျော်ဖြေနေရတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ သူမက လူငယ်ပရိသတ်တွေကြား ရေပန်းစားကျော်ကြားနေတဲ့ အဆိုတော်မလေးတစ်ဦးပဲ ဖြစ်ပါတယ်။အိမ့်ချစ်ကတော့ အလွမ်းအဆွေးစတဲ့ ဂီတအမျိုးအစားများစွာကို ရေးစပ်သီဆိုလေ့ရှိပြီး အောင်မြင်နေသူတစ်ယောက် ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ အနုပညာအလုပ်တွေတောက်လျှောက်လုပ်နေတာဖြစ်ပြီး လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ဖောပြလေ့ရှိတာလည်းတွေ့ရပါတယ်။ဒီနေ့လေးမှာတော့ ချစ်ရတဲ့ မိသားစုနဲ့အတူ ပုဂံမြေကို သွားရောက်လည်ပတ်ခဲ့တဲ့ အမှတ်တရပုံလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။အိမ့်ချစ်တို့ဇနီးမောင်နှံလည်း Read more

ကျော်ကျော်ပေးတဲ့မွေးနေ့အကြိုလက်ဆောင်လေးကြောင့်ပျော်နေတဲ့ ဆုမြတ်နိုးဦး

ဆုမြတ်နိုးဦးကတော့ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။သူမကတော့ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတွေဖြစ်တဲ့ ကျော်ကျော်၊ညီထွဋ်ခေါင်တို့နဲ့အတူဗရမ်းဗတာဘီအက်ဖ်အက်ဖ်များဆိုတဲ့pageလေးကိုဖွင့်ထားတာဖြစ်ပါတယ်။ အဆိုပါpageလေးမှာလည်း သူ့တို့သူငယ်ချင်း(၃)ယောက်က ဇာတ်လမ်းအတိုလေးတွေကိုရိုက်ကူးပြီး ပရိသတ်တွေအတွက်တင်ပေးလေ့ရှိပါတယ်။ မကြာခင်မှာတော့ ဆုမြတ်နိုးဦးရဲ့မွေးနေ့ရက်မြတ်လေးကျရောက်တော့မှာဖြစ်ပြီး သူငယ်ချင်းဖြစ်သူကျော်ကျော်က သူမအတွက်မွေးနေ့အကြိုလက်ဆောင်လေးကိုပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါလက်ဆောင်လေးကြောင့် ဆုမြတ်နိုးဦးတစ်ယောက်အရမ်းပျော်နေပြီး သူမရဲ့လူမှုကွန်ရက်မှာယခုလိုပဲရေးသားဖော်ပြထားခဲ့ပါတယ်။”မွေးနေ့အကြိုလက်ဆောင်များ လက်ခံနေပါပီနော် နာရီနဲ့လက်စွပ်လေးလက်ဆောင်ပေးတဲ့ကိုကျော် အများကြီးပျော်ပီးအများကြီးလဲကျေးဇူးတင်ပါတယ်လို့”ဆိုပြီး ရေးသားဖော်ပြထားခဲ့တာဖြစ်ပြီးပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။