ပရိသတ်တွေတစ်ခါမှမမြင်ဖူးသေးတဲ့ ချစ်စရာကောင်းတဲ့ငယ်ဘဝပုံရိပ်လေးကို ချပြလာတဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်ကြီးရေ ဝိုင်းစုခိုင်သိန်းကတော့ ဂီတလောကမှာ အောင်မြင်မှုများစွာနဲ့ ဆယ်စုတိုင်အောင် ရပ်တည်နိုင်ခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။အသံချိုချိုအေးအေးလေးနဲ့ အလွမ်းသီချင်းအဆွေးသီချင်းတွေသီဆိုတတ်တဲ့ ဝိုင်းစုကတော့ သရုပ်ဆောင်အနေနဲ့ပါ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့သူပါ။ အချစ်ရေးမှာတော့ ဝိုင်းစုက အဆိုတော်အောင်လနဲ့ ချစ်သူတွေဖြစ်ပြီး သူတို့စုံတွဲလေးဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်ကြင်ကြင်နာနာနဲ့ချစ်ကြတဲ့သူတွေဖြစ်တာကြောင့် ပရိသတ်တွေအားကျနေရတဲ့ စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်..။သူမကတော့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာကနေ အမြဲမျှဝေပေးလေ့ရှိပါတယ်။ အခုဆိုရင်လည်း ဝိုင်းစုက ပရိသတ်တွေမမြင်ဖူးသေးတဲ့ ချစ်စရာကောင်းတဲ့ငယ်ဘဝပုံရိပ်လေးတစ်ခုကို ချပြလာခဲ့ပါတယ်။အဆိုပါပုံလေးကိုတော့ သူမက “ဒါလေးကဘယ်သူလေးလဲ သိကြလား” ဆိုတဲ့captionလေးနဲ့ ငယ်ဘဝပုံရိပ်လေးကို တင်ထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဝိုင်းစုကတော့ ငယ်ရုပ်မပြောက်သေးဘဲ အခုချိန်ထိချစ်စရာကောင်းနေဆဲပါပဲနော်။ Source-Winesu Read more

သူမနဲ့အမြဲအတူတူရှိနေတဲ့ ခွေးကလေး သေဆုံးသွားတာကြောင့် ဝမ်းနည်းနေတဲ့သဇင်ထူးမြင့်

သဲလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ သဇင်ထူးမြင့်ကတော့ ဦးခင်လှိုင်ရဲ့အနုပညာအမွေကို ဆက်ခံထားသူတစ်ယောက်ပါ။ ဖခင်လိုပဲ ချစ်ခြင်းမေတ္တာအပြည့်နဲ့အားပေးဝန်းရံသူပရိသတ်များစွာရရှိထားတဲ့ မင်းသမီးလေးဆိုရင်လည်း မမှားပါဘူး ။ ရွှေကြိုတစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး အခုဆိုရင်တော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရပြီလည်း ဖြစ်ပါတယ်။ သဲကတော့ သူ့ရဲ့တနေ့တာအကြောင်းအရာလေးတွေကို ဖေ့ဘွတ်ခ်စာမျက်နှာမှာ အမြဲမျှဝေပေးလေ့ရှိသူတစ်ယောက်ပါ။ ဒီနေ့မှာတော့ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ သဲရဲ့အနားမှာ အမြဲရှိနေတတ်တဲ့ အချစ်ရဆုံးခွေးလေး ဂိုဂိုးဆုံးပါးသွားခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး “အချိန်ခဏလေးပဲ ဆုံခဲ့ရတဲ့ကလေးလေး တစ်အိမ်လုံးမှာသူအကဲဆုံး အမြဲတက်ကြွနေပြီး လူမရှိရင် အရမ်းကြောက်တတ်တဲ့ကလေးလေး… ရုတ်တရက်ကြီး ကလေးလေးရယ်… အရင်ကဆိုမျက်စိနောက်လောက်အောင်ဆော့လွန်းတာ… နေမကောင်းတဲ့သုံးလေးရက်မှာ အရမ်းငြိမ်သွားလို့ စိတ်မကောင်းဖြစ်နေတာ Read more

ကျော်မင်းဦးရဲ့မွေးနေ့လေးမှာတော့ ထူထူခြားခြားလေး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ သုသု

ကျော်မင်းဦးကတော့ နိုင်ငံကျော်ဘောလုံးကစားသားတစ်ယောက်ဆိုပေမယ့် မြင့်မားတဲ့အရပ်နဲ့ ယောကျာ်းပီသတဲ့မျက်နှာကို ပိုင်ဆိုင်ထားတာကြောင့် အားပေးဝန်းရံသူပရိသတ် များစွာရရှိထားသူတစ်ယောက်ပါ။ ခြေထောက်ဒဏ်ရာကြောင့် သူဝါသနာပါရာ ဘောလုံးအားကစားမှာ အရင်လိုခြေစွမ်းမပြနိုင်တော့ပေမယ့်လည်း အားပေးကြမ်းတဲ့ပရိသတ်တွေကြောင့် အခုဆိုရင် ကြော်ငြာရိုက်ကူးရေးတွေဆက်တိုက်နဲ့ အောင်မြင်မှုရရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ကတော့ ကျော်မင်းဦးရဲ့မွေးနေ့လေးဖြစ်ပြီး သူ့ရဲ့အမာခံပရိသတ်တွေကတော့ မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ ကျော်မင်းဦးရဲ့ Fan တစ်ယောက်ဖြစ်တဲ့ သုသုကလည်း “Kyaw Min Oo Happy Birthday..နေ့ရက်တိုင်း ပျော်ရွှင်ပါစေ…ချစ်ခြင်း များစွာဖြင့် သုသု” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးခဲ့ပါတယ်။ သုသုကတော့ ကျော်မင်းဦးရဲ့ Facebook Post တိုင်းနီးပါးမှာ Read more

ဖောင်ကြီးဆေးရုံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းအယောက်(၄၀၀)အတွက် အသက်အာမခံငွေများကိုလှူဒါန်းပေးသွားမယ်ဆိုတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီး သူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ လတ်တလောမှာလည်း ဝတ်မှုံရွှေရည်ဟာ ဖောင်ကြီးဆေးရုံမှာရှိတဲ့ကျန်းမာရေးဝန်ထမ်းအယောက်၄၀၀အတွက် အသက်အာမခံငွေများကို လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအလှူအကြောင်းနဲ့ပတ်သက်ပြီးတော့ ဝတ်မှုံရွှေရည်က”ဒီနေ့ post လေးကတော့ ကစ် sharing လုပ်ချင်တဲ့ အလှူလေးတခုအကြောင်းပါ။ အခုcovid-19 ကာလအတွင်းမှာ အလှူလေးလည်း လုပ်ချင်တယ်လှူတဲ့အရာကလည်း တကယ့်ကိုအကျိုးရှိစေချင်တာကြောင့် အားလုံးရဲ့အရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးနေကြတဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ဆေးရုံမှလုပ်အားပေးပြည်သူများအတွက်အလှူလေးပေးချင်တယ်ဆိုတော့ သူတို့အတွက်အသက်အာမခံလေး ကို ကစ်တို့သူငယ်ချင်း‌တွေစုပေါင်းပြီးလှူဒါန်းချင်လို့ပါ ကစ်တို့အခုလှူမယ့်ဆေးရုံကတော့ Covid လူနာတွေကိုအဓိကထားမယ့် ဖောင်ကြီးဆေးရုံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်း အယောက် ၄၀၀ အတွက် လိုအပ်တဲ့ အသက်အာမခံ Read more

ပရိတ်သတ်တွေနဲ့ သူ့ကြားမှာထင်သာမြင်သာရှိစေမယ့် အမှတ်တရလေးတစ်ခုကို ပြုလုပ်ပေးခဲ့တဲ့ ကျော်ထက်ဇော်

ပရိသတ်အချစ်တော် သရုပ်ဆောင်ကျော်ထက်ဇော်ကတော့ MRTV4 ရုပ်သံဇာတ်လမ်းတွဲတွေကတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူကတော့ ကျရာဇာတ်ရုပ်ကို သဘာဝကျကျနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အချိန်တိုအတွင်း အောင်မြင်မှုရရှိခဲ့သူလို့ ဆိုရမှာပါ။ကျော်ထက်ဇော်ကတော့ လတ်တလောမှာ ပြသလျှက်ရှိသော “အချစ်ဖွဲ့လေညှင်း”ဇာတ်လမ်းတွဲမှာနှစ်ကိုယ်ခွဲကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုများစွာရရှိလျှက်ရှိပါတယ်။ ဒီနေ့မှာဆိုရင်တော့ ကျော်ထက်ဇော်က ဇာတ်လမ်းတွဲပြီးဆုံးတော့မှာဖြစ်လို့ ချစ်ရတဲ့ပရိသတ်တွေနဲ့သူ့ကြားမှာထင်သာမြင်သာရှိစေမယ့် အမှတ်တရတစ်ခုကိုပြုပေးခဲ့တဲ့အကြောင်းလေးကိုအခုလိုပဲပြောပြာလာခဲ့ပါတယ်။ကျော်ထက်ဇော်ကတော့ “ ပရိတ်သတ်ကြီးများအားလုံး မင်္ဂလာပါဗျာ ….အခုဆိုရင် ပရိတ်သတ်တွေ အရမ်းအားပေး အရမ်းချစ်ပေးခဲ့တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲကြီး ဒီနေ့ဆိုဇာတ်သိမ်းပါတော့မယ် ကျနော်ကိုယ်တိုင်လဲ ကိုယ်ကြိုးစားအားထုတ် ပင်ပန်းထားခဲ့သမျှလေး မျှော်လင့်ထားတာထက် ပိုအရာထင်ခဲ့လို့ ကျေနပ်ပျော်ရွှင်ဂုဏ်ယူရသလို ကျနော့်ပရိတ်သတ်တွေလဲ ကျနော်နဲ့ထပ်တူ မလျော့တမ်း Read more

မိဘမဲ့ကလေးများအတွက် ဘီပိုးရောဂါကာကွယ်ဆေးထိုးနိုင်ရန် ပန်းသီးဖောင်ဒေးရှင်းသို့ အလှူငွေ(၁၅)သိန်းလှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခန့်စည်သူကတော့ မကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိပြီး လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့လည်း သူတတ်နိုင်တဲ့ ဘက်ကနေပါဝင်ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း လှိူင်သာယာပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊သူနာပြုများနှင့်ကျန်းမာရေးဝန်ထမ်းအယောက်(၁၀၀)အတွက် ဘုရားစာအုပ်များနှင့် ဝင်းစန္ဒာအညာထမင်းဝိုင်းမှ ထမင်းနှင့်ဟင်းများကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင့် တက်ရောက်ကုသနေကြသောလူနာများအတွက် မွှေးဆပ်ပြာခဲများ၊ဆပ်ပြာဆီများ၊Hand gelများ၊မိုးတွင်းစီးဖိနပ်များ၊ကယ်လ်စီယမ်ကွေကာထုပ်များ၊ရွှေပုစွန် ငါးရံ့ခြောက်ထောင်းကြော်များ၊မုန့်များ၊သောက်ရေသန့်များ၊သွားတိုက်ဆေးများ၊လူနာတစ်ဦးချင်းစီအတွက် အလှူငွေများကိုလည်း တတ်နိုင်သလောက်လှူဒါန်းခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း မိဘမဲ့ကလေးများအတွက် ဘီပိုးကာကွယ်ဆေးထိုးရန် ပန်းသီဖောင်ဒေးရှင်းကို အလှူငွေများ လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ အလှူရေစက်လက်မကွာဆိုသလို မကြာခဏအလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ ခန့်စည်သူကတော့ မိဘမဲ့ကလေးအယောက်(၅၀)အတွက် ဘီပိုးရောဂါကာကွယ်ဆေး ထိုးနိုင်ဖို့အတွက် အလှူငွေ(၁၅)သိန်းကို ပန်းသီးဖောင်ဒေးရှင်းသို့ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ခန့်စည်သူရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်..။ Read more

ကိုယ့်လုပ်အားခလေးနဲ့ မိဘတွေကိုထောက်ပံပေးနေကြတဲ့ ညီလေး၊ညီမလေးလေးတွေအတွက် အားပေးစကားဆိုခဲ့တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကမိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့အပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကိုပါ အခိုင်အမာရရှိထားသူတစ်ယောက်ပါ။အခုဆိုရင်တော့ ပိုင်တံခွန်ကမပြည့်စုံတဲ့အသိုင်းဝိုင်းက ဆင်းသက်လာပြီး ကိုယ့်လုပ်အားခလေးနဲ့ မိဘကို ရှာကျွေးနေတဲ့ ညီ၊ ညီမလေးတွေအတွက်‌အခုလိုပဲအားပေးစကားဆိုခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ “ အရည်အချင်းနဲ့ချမ်းသာတဲ့လူတွေကိုအတုယူပါချမ်းသာမှုကိုလိုက်စားတဲ့လူတွေကိုအားမကျပါနဲ့ကိုက မပြည့်စုံတဲ့အသိုင်းဝိုင်းက ဆင်းသက်လာပြီးကို့လုပ်အားခလေးနဲ့ မိဘကို ရှာကျွေးနေတဲ့ ညီ၊ ညီမလေး တွေအတွက်‌ပါ။လူငယ်တော်တော်များများက အရွယ်ရောက်လာတဲ့အခါ ဝတ်ချင် စားချင် သွားချင် လာချင်ကြတယ် ၊ကို့ဘဝက မပြည့်စုံဘူး ဆင်းရဲတယ်။ အလုပ်လုပ်ပေမယ့်လည်း ရတဲ့ငွေလေးနဲ့ မိဘ ဆွေမျိုးတွေကို ပြန်ထောက်ပံ့ရတဲ့အခါ ကို့အတွက် Read more

မီးပွိုင့်မိနေတုန်း စံပါယ်ပန်းလာရောင်းတဲ့ကလေးတွေနဲ့အတူ ဆယ်ဖီဆွဲခဲ့တဲ့ အောင်ရဲလင်း

ကားတွေမီးပွိုင့်မိနေတဲ့အချိန် လမ်းပေါ်မှာအပြေးအလွှားနဲ့ စံပါယ်ပန်းတွေရောင်းနေရတဲ့ ကလေးလေးတွေဟာ ဘဝကိုအကောင်းဆုံးဖြတ်သန်းပြီး ရိုးသားကြိုးစားတဲ့ ကလေးလေးတွေ ပါ။ အပြုံးလေးတွေဟာလည်း ပန်းလေးတွေ လိုဖြူစင်ပြီး ချစ်စရာကောင်းတာမို့ ကားမောင်းသူ တိုင်းလိုလို ချစ်ခင်ကာ ပန်းလေးတွေတော်တော်များများအားပေးကြပါတယ်။ ဒီနေ့မှာတော့ ဒီချစ်စရာအပြုံးလေးတွေအောက်မှာ အောင်ရဲလင်းတစ်ယောက် ကျရှုံးခဲ့ပါတယ်။ မီးပွိုင့်မိနေတုန်း ပန်းလာ ရောင်းတဲ့ကလေးတွေနဲ့အတူ ဆယ်ဖီဆွဲခဲ့တဲ့ ပုံရိပ်လေးတစ်ခုကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ဖြူစင်တဲ့ပန်းရောင်းသူကလေး တွေကလည်း မင်းသားနဲ့အတူ ဓာတ်ပုံရိုက်ရတာမို့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ အမြဲတမ်းတည်ကြည်တဲ့မင်းသားက အသက်အရွယ်နဲ့လိုက်ဖက်အောင်နေတတ်ပြီး လက်ရှိအချိန်ထိလည်း တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ အေးအေးလူလူအနုပညာအလုပ်တွေ လုပ်နေဆဲပါပဲ။ မပြင်မဆင်ဘဲနေတာတောင် အရမ်းကိုမိမိုက်နေတာကြောင့် ပျိုတိုင်းကြို Read more

ပရိသက်အားပေးမှုကြောင့် ရလာတဲ့အနုပညာကြေး သိန်း( ၃၀၀ )ကို အဖေနဲ့အမေအား ကန်တော့ခဲ့တဲ့ နေဆန်း

နေဆန်းကတော့ ဟာသဗီဒီယိုလေးတွေနဲ့ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့သူတစ်ယောက်ပါ။ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး အောင်မြင်မှုပန်းတိုင်ကိုဆွတ်ခူးရရှိထားတာဖြစ်ပါတယ်။ သူကတော့ မိဘအပေါ်မှာသိတတ်သားလိမ္မာလေးတစ်ယောက်ဖြစ်ပြီး ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့ မိဘကိုလုပ်ကျွေးပြုစုနေတာဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေဆန်းက သူ့မှာရှိတဲ့အနုပညာကြေး သိန်း ( ၃၀၀ ) ကို အဖေနဲ့အမေအား ကန်တော့ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင့် သံဃာတော် ၉ပါးကိုလည်း အာရုံဆွမ်းကပ်လှူပြီး အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပါသေးတယ် ။နေဆန်းကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို မကြာခဏလည်း အလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။ ဒီနေ့အလှူနဲ့ပတ်သက်ပြီးတော့လည်း နေဆန်းက “ပရိသက်တွေအားပေးပီး ရလာတဲ့အနုပညာကြေး သိန်း ( ၃၀၀ ) ကို Read more

ဒီနေ့မှာ မျက်လုံးလေးပွင့်လာတယ်ဆိုတဲ့ ဦးမန်းဝင်းရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

ပရိသတ်တွေရဲ့အချစ်တော် လူရွှင်တော်ဦးမန်းဝင်းကတော့ လက်ရှိအချိန်မှာ အဆိုးရွားဆုံးကျန်းမာရေးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရတာဖြစ်ပြီး ခွဲစိတ်မှုပြုလုပ်ပြီးနောက်မှာတော့ ပြန်လည်မနိုးထလာတဲ့ အခြေအနေနဲ့ အိပ်ရာထဲ လဲနေရပါတယ်။ ဦးမန်းဝင်းရဲ့လက်ရှိအခြေအနေကြောင့် မိသားစုဝင်တွေလည်း ယူကြုံးမရဖြစ်နေကြတာကိုတော့ ပရိသတ်တွေလည်း တွေ့မြင်ရမှာပါ။ လတ်တလောမှာတော့ ဦးမန်းဝင်းရဲ့စိတ်ဆန္ဒအတိုင်း အိမ်မှာပဲ ခေါ်ထားပြီး ပြုစုနေရာမှ ဒီနေ့မနက်မှာတော့ မျက်လုံးခဏဖွင့်ကြည့်ခဲ့တယ်ဆိုတဲ့အကြောင်းကို မိသားစုဝင်တွေက ဖော်ပြခဲ့ပါတယ်။ ဘဝတလျှောက်လုံး ပရိသတ်တွေအတွက် ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့သူ ဦးမန်းဝင်းကို ချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ အမြန်ဆုံးနေပြန်ကောင်းပြီး ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့ ဆုတောင်းပေးလျက်ရှိပါတယ်။ ဆရာဝန်တွေက သုံးပတ်လောက်အိပ်ပျော်နေမယ်လို့ ပြောထားပေမယ့် ဒီနေ့မှာ မျက်လုံးလေးပွင့်လာတယ်ဆိုတော့ ဝမ်းသာစရာပါပဲနော်။ Read more