ဒီနေ့ မှာပဲ အသက်(၁၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ Drum မင်းသားလေး ဘုံဘုံ

ပရိသတ်ကြီးရေ မကြာသေးခင်ကထွက်ရှိထားတဲ့ အဆိုတော် ပိုပိုရဲ့ “Holiday” သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဘုံဘုံကိုတော့ ပရိသတ်တွေ သတိထားမိမယ်ထင်ပါတယ်။ ဘုံဘုံကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ Drummer တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ Drummer တီးခတ်မှုမှာ ကျွမ်းကျင်လွန်းလှတဲ့ ဘုံဘုံကတော့ ဒီနေ့ ဇွန်လ (၁၅)ရက်နေ့မှာ အသက်(၁၄)နှစ်တိတိပြည့်မြောက်သွားပြီပဲဖြစ်ပါတယ်။ အသက်(၁၄)နှစ်သာရှိသေးပေမဲ့ Drum ကိုပိုင်ပိုင်နိုင်နိုင်နဲ့ တီးခတ်နိုင်တာကြောင့် ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ ချီးကျူးနေခဲ့ရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဘုံဘုံက (၃)နှစ်သားအရွယ်ကစလို့ Drum ကိုစတင်တီးခတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင်တော့ တီဝိုင်းတွေမှာပါ Read more

ဒီနေ့ရဲ့မွေးနေ့ရှင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ နေတိုးရဲ့ ဗီဒီယိုလေး

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်နေတိုးကတော့ အောင်မြင်မှုများစွာရရှိထားတဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။နေတိုးကတော့ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုသုံးခုကိုလည်း သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။ နေတိုးကတော့ အနေအေးပေမယ့်လည်း အနုပညာရှင်အချင်းချင်းသာမက ပရိသတ်တွေအပေါ်မှာပါ တလေးတစားနဲ့ ဆက်ဆံတတ်တာကြောင့် အားလုံးကချစ်ခင်နေရသူဆိုလဲမမှားပါဘူးနော်။အခုဆိုရင်လည်း နေတိုးက ဒီနေ့ရဲ့မွေးနေ့ရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ခင်ဇာခြည်ကျော်အတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပြီး မွေးနေ့ကို ဂုဏ်ပြုထားပါတယ်။ အဆိုပါမွေးနေ့ဆုတောင်းဗီဒီယိုလေးကိုတော့ ခင်ဇာခြည်ကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေလာခဲ့ပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးတဲ့ နေတိုးကိုလည်း ကျေးဇူးတင်စကားဆိုထားပါသေးတယ်။ပရိသတ်ကြီးကလည်း ဒီနေ့မှာကျရောက်တဲ့ ခင်ဇာခြည်ကျော်ရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါအုံးနော်..။ Source-Khin Zarchi Kyaw Zawgyi ဒီနေ့ရဲ့မွေးနေ့ရှင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ နေတိုးရဲ့ Read more

လှိူင်သာယာပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသောလူနာများအတွက် လိုအပ်တဲ့ပစ္စည်းတွေလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခန့်စည်သူကတော့ မကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိပြီး လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့လည်း သူတတ်နိုင်တဲ့ ဘက်ကနေပါဝင်ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒီကနေ့၊ ဇွန်လ (၁၅) ရက်နေ့မှာလည်း ခန့်စည်သူဟာ လှိူင်သာယာပြည်သူ့ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊သူနာပြုများနှင့်ကျန်းမာရေးဝန်ထမ်းအယောက်(၁၀၀)အတွက် ဘုရားစာအုပ်များနှင့် ဝင်းစန္ဒာအညာထမင်းဝိုင်းမှ ထမင်းနှင့်ဟင်းများကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင့် တက်ရောက်ကုသနေကြသောလူနာများအတွက် မွှေးဆပ်ပြာခဲများ၊ဆပ်ပြာဆီများ၊Hand gelများ၊မိုးတွင်းစီးဖိနပ်များ၊ကယ်လ်စီယမ်ကွေကာထုပ်များ၊ရွှေပုစွန် ငါးရံ့ခြောက်ထောင်းကြော်များ၊မုန့်များ၊သောက်ရေသန့်များ၊သွားတိုက်ဆေးများ၊လူနာတစ်ဦးချင်းစီအတွက် အလှူငွေများကိုလည်း မိမိနိုင်သလောက်လှူဒါန်းခဲ့ကြပါသေးတယ်။ ဒီအလှူမှာတော့ အောင်ရေချမ်း၊ ဖြူဖြူထွေး၊ ရွှေသမီးစတဲ့ အနုပညာရှင်များစွာကလည်း ပါဝင်ကုသိုလ်ယူဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ လှိူင်သာယာပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသောလူနာများအတွက် လိုအပ်တဲ့ပစ္စည်းတွေလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်…။ Source:Kyaw Soe Read more

သူလဲကျခဲ့တဲ့အချိန်တွေမှာ ဆုံးမသွန်သင်ပြီးစောင့်ရှောက်ကူညီခဲ့တဲ့ သူငယ်ချင်းဖြစ်သူပြေတီဦးကို ထောပတ်ထမင်းနဲ့ ဂါရဝပြုခဲ့တဲ့ ညီနန္ဒ

ပရိသတ်ကြီးရေ သရုပ်ဆောင်ညီနန္ဒ ကတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး အနုပညာလောကမှာနှစ်တွေအကြာကြီး ရပ်တည်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ ဆိုရင်လည်း ညီနန္ဒကအနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေဆဲပါ။ ညီနန္ဒကတော့ လတ်တလောမှာ စီးပွားရေးအနေနဲ့ လူမျိုးဘာသာမရွေးစားသုံးနိုင်တဲ့ကြက်သား(ဗမာကြက်)ထောပတ်ထမင်း ကိုရောင်းချနေတာပဲဖြစ်ပါတယ်။ညီနန္ဒ ကတော့ သူ့ရဲ့ထောပတ်ထမင်းအောင်မြင်လာချိန်မှာ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ၊ကူညီစောင့်ရှောက်ခဲ့ကြတဲ့ ကျေးဇူးရှင်တွေကို ထောပတ်ထမင်းလိုက်ပို့ပြီး ဂါရဝပြုခဲ့ပါတယ်။ ဒီနေ့မှာဆိုရင်လည်း ညီနန္ဒက သူ့ကို စောက်ရှောက်ကူညီပေးခဲ့တဲ့ သူငယ်ချင်းဖြစ်သူပြေတီဦးကို သူ့ရဲ့ထောပတ်ထမင်းနဲ့ ဂါရဝပြုခဲ့တဲ့အကြောင်းကို “ ကျွန်တော် လူတောမတိုးပဲ လဲကျခဲ့တဲ့အချိန်တွေမှာ ကျွန်တော့ကို ဆုံးမသွန်သင်ပြီး စောင့်ရှောက်ကူညီခဲ့တဲ့ Read more

မွေးနေ့အလှူအဖြစ် သူနေခဲ့တဲ့ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေကို စားသောက်ဖွယ်ရာများ လိုက်လံဝေငှပြီး ကုသိုလ်ယူခဲ့တဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ မင်းသမီးချောလေး မြတ်သူသူကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်တွေရင်ထဲရောက်လာခဲ့သူလေးပါ။သူမကတော့ ကျရာဇာတ်ရုပ်ကို ကီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရသူလေးဆိုလဲမမှားပါဘူးနော်။ ပရိသတ်အချစ်တော်လေး မြတ်သူသူကတော့ မနေ့ကဇွန်လ(၁၄)ရက်နေ့မှာဆိုရင်တော့ အသက်(၃၀)ပြည့်သွားပြီပဲဖြစ်ပါတယ်။မြတ်သူသူကတော့ သူ့ရဲ့မွေးနေ့လေးမှာ သူကိုယ်တိုင်သီဆိုထားတဲ့ “ဝေးသွားမှာဆိုး”ဆိုတဲ့သီချင်းလေးကို ပရိသတ်တွေအတွက် မွေးနေ့အမှတ်တရအနေနဲ့ တင်ပေးခဲ့ပါသေးတယ်။ ဒါ့အပြင် မြတ်သူသူကတော့ သူနေခဲ့တဲ့ ပတ်ဝန်းကျင်က အိမ်နီးချင်းတွေကို စားသောက်ဖွယ်ရာများ လိုက်လံဝေငှပေးပြီး ကုသိုလ်ယူခဲ့ပါတယ်။သူမကတော့ “ ဒီနေ့မွေးနေ့အမှတ်တရပုံရိပ်လေးတွေ ကိုယ်နေခဲ့တဲ့ဝန်းကျင်က အမျိုးတွေ မထင်မှတ်ထားအောင် စီစဉ်ပေးထားသူ ချစ်တယ် ”ဆိုပြီး အလှူလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ပရိသတ်ကြီးကလည်း မြတ်သူသူရဲ့မွေးနေ့အလှူလေးအတွက် Read more

အသက် (၄၃) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်အချစ်တော်ဝါရင့်မင်းသမီးခင်ဇာခြည်ကျော်

ဝါရင့်မင်းသမီးတွေကတော့ ပရိသတ်အချစ်တွေကိုနှစ်ပေါင်းများစွာရရှိပိုင်ဆိုင်ထားတဲ့ အနုပညာအရည်အချင်းတွေပြည့်ဝနေတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်ဝါရင့်မင်းသမီးတွေထဲမှာတော့ ခင်ဇာခြည်ကျော်တစ်ယောက်လည်း အပါအဝင်ပါ။ ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်တွေကိုခံစားမှုရသပေးနိုင်တဲ့ခင်ဇာခြည်ကျော်ကတော့ အကယ်ဒမီဆုကြီးတစ်ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတာပါ။ ဒီနေ့ကတော့ အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့အသက်(၄၃)နှစ်ပြည့်မွေးနေ့ပါ။ ခင်ဇာခြည်ကျောက်တော့ ချစ်ရတဲ့သား၊သမီးတွေနဲ့ဘဝကိုတစ်ယောက်တည်း ကြံခိုင်စွာရပ်တည်နေတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ လေးစားအားကျစရာအချက်တွေရှိသလို အနုပညာပိုင်းမှာထူးချွန်မှုတွေကလည်း တကယ့်ကိုလေးစားစရာပါ။ ခင်ဇာခြည်ကျော်ကတော့မွေးနေ့မှာ မိုးရာသီထဲကပုံရိပ်တွေနဲ့အတူ ပရိသတ်တွေကို မျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေကလည်း မွေးနေ့မှာဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ်။ အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့မွေးနေ့မှသည် နှစ်ပေါင်းများစွာ ပျော်ရွှင်အောင်မြင်ခြင်းတွေနဲ့ဖြတ်သန်းနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ credit-cele gabar ZAWGYI အသက် (၄၃) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်အချစ်တော်ဝါရင့်မင်းသမီးခင်ဇာခြည်ကျော် ဝါရင့်မင်းသမီးတွေကတော့ ပရိသတ်အချစ်တွေကိုနှစ်ပေါင်းများစွာရရှိပိုင်ဆိုင်ထားတဲ့ Read more

ချစ်ဖို့ကောင်းတဲ့ Fans လေးတွေဆီကနေ Surprise Box လက်ဆောင်အကြီးကြီးရခဲ့တဲ့ ဖွေးဖွေး

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေသိမ်းပိုက်ထားတဲ့ ဖွေးဖွေးကတော့ အမာခံပရိသတ်အင်အားလည်း တောင့်တင်းသူတစ်ယောက်ပါ။ Facebook Follower ရှစ်သန်းနီးပါးရှိပြီး ဖွေးစိန် ဘာလုပ်လုပ် သူ့ရဲ့ Oopises လေးတွေက နောက်ကနေ အချိန်ပြည့်ဝန်းရံနေတယ်လို့ဆိုရမှာပါ။ ဖွေးဖွေးကတော့ မနေ့က ချစ်ရတဲ့ Oopises လေးတွေဆီကနေ Surprise Box အကြီးကြီးလက်ဆောင်ရရှိခဲ့ပါတယ်။ အထဲမှာတော့ အစားတလိုင်းလေးဖွေးစိန်အတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ထည့်ပေးထားတဲ့ မုန့်မျိုးစုံအပြင် ဘီယာ၊ဝိုင်တို့ကိုပါ ထည့်ပေးထားတဲ့ Oopises လေးတွေကတော့ တကယ်ကို ချစ်ဖို့ကောင်းတဲ့ Fans လေးတွေပါပဲနော်။ ဖွေးစိန်ကတော့ ပို့ပေးတဲ့ပရိသတ်တွေစိတ်ချမ်းသာအောင် Facebook Read more

(၅) ရက်အတွင်းမှာ ကြည့်ရှုသူ(၁)သန်းရရှိခဲ့တဲ့ ဖြုဖြူကျော်သိန်းရဲ့ “ထွက်သွားပါတော့” သီချင်း

ပရိသတ်ကြီးရေ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကိုသီဆိုတတ်တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ ဆယ်စုနှစ်များစွာအောင်မြင်မှုတွေရရှိခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။သူမကတော့ တေးသီချင်းအယ်လ်ဘမ်ပေါင်းများစွာထွက်ရှိထားပြီး ဆန်းသစ်တဲ့ဖျော်ဖြေမှုပုံစံတွေကြောင့်လည်း ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့သူလို့ ဆိုရမှာပါ။ လတ်တလောမှာဆိုရင်တော့ ဖြူဖြူကျော်သိန်းက “ ထွက်သွားပါတော့ ”ဆိုတဲ့ သီချင်း Official MV လေး ထွက်ရှိထားတာပဲဖြစ်ပါတယ်။ဖြူဖြူရဲ့ “ထွက်သွားပါတော့” သီချင်းလေးကတော့ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး သီချင်းလေးတင်ပြီး (၅)ရက်အတွင်းမှာကြည့်ရှုသူ(၁)သန်းရရှိခဲ့တာပဲဖြစ်ပါတယ်။ဖြူဖြူကတော့ သူ့ရဲ့သီချင်းလေးကို (၁)သန်းပြည့်အောင်ကြည့်ရှုပေးတဲ့ပရိသတ်တွေကို အခုလိုပဲကျေးဇူးတင်စကားဆိုခဲပါတယ်။ သူမကတော့ “ Happy Blessed Morning!!!ထွက်သွားပါတော့ သီချင်း Official MV လေး 1 Million Read more

အင်စတာဂရမ်မှာ followers 1သန်းပြည့်အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေအတွက် special surprise အစီအစဉ်လေးရှိတဲ့အကြောင်းပြောလာတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်အချစ်တော်လေး ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံက ရုပ်ရှင်ချစ်ပရိသတ်တိုင်းမသိသူမရှိတဲ့ သရုပ်ဆောင်မင်းသမီးချောလေးပါ။ ဖြူဖြူသွယ်သွယ်နဲ့ချစ်စရာကောင်းသလို သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့မင်းသမီးလေးဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်တော့ ပရိသတ်တွေရဲ့အချစ်တော် ဝတ်မှုံရွှေရည်က သူမရဲ့ Instagramမှာ followers 1သန်းပြည့်သွားခဲ့ပြီဖြစ်တဲ့အကြောင်းကို လူမှုကွန်ရက်စာမျက်နှာကနေမျှဝေလာခဲ့ပါတယ်။ဒါ့အပြင် ဝတ်မှုံရွှေရည်ကတော့ သူမကိုယ်တိုင်အသုံးပြုတဲ့ official Facebook Page မှာလည်း Follower (၅)သန်းကျော်ကို ပိုင်ဆိုင်ထားပါသေးတယ်။ ဝတ်မှုံရွှေရည်ကတော့ “ ကစ်ရဲ့official Instagram followers 1 M ပြည့်သွားတဲ့အထိမ်းအမှတ်အနေနဲ့ kit ရဲ့ fan လေးတွေအတွက် special Read more

သာသနာ့ဘောင်(၉)ရက်တာဝင်ရောက်စဉ်မှာ ဖုန်းလုံးဝမသုံးဘဲတရားဘာဝနာအားထုတ်ခဲ့တဲ့အပြင် သန့်ရှင်းရေးလုပ်ပြီးကုသိုလ်ယူခဲ့တဲ့ ဇာဇာထက်

ပရိသတ်ကြီးရေ ဇာဇာထက်ကတော့ အမိုက်စားခန္ဓာကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေကြားမှာ ရေပန်းစားသူပဲဖြစ်ပါတယ်။သူမကတော့ မကြာသေးခင်အချိန်က သူမရဲ့မိခင်ဖြစ်သူ ကွယ်လွန်တာ(၄)နှစ်ပြည့်လေးအတွက် ရည်စူးကာ (၉)ရက်တာ သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ကုသိုလ်ယူနေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်တော့ ဆရာလေးက သာသနာ့ဘောင်မှမထွက်ခင် သန့်ရှင်းရေးလုပ်ကုသိုလ်ယူကာ (၇)ရက်သားသမီးတွေအတွက်လည်း မေတ္တာပို့တဲ့အကြောင်းလေးကို “ ဘဝတစ်လျှောက်လုံးမှာ ပထမဦးဆုံးအကြိမ်အဖြစ်သာသနာ့ဘောင်(၉)ရက်တာဝင်ခဲ့သမျှဘုရားသမီးတော်အဖြစ်ခဏတာအေးချမ်းခဲ့ပါတယ်။ ဆရာလေးမထွက်ခင် သန့်ရှင်းရေးလုပ်ကုသိုလ်ယူ (၇)ရက်သားသမီးမေတ္တာပို့ပြီးမှ လူဝတ်လဲခဲ့ပါတယ်”ဆိုတဲ့စာလေးနဲ့အတူ ကုသိုလ်ယူနေတဲ့ပုံလေးတွေကို မျှဝေထားတာပဲဖြစ်ပါတယ်။ “ အမေ့(၄)နှစ်ပြည့်အတွက်ရည်စူးကာ အမေ့အတွက်ဆရာလေးဝတ်နေတဲ့တစ်လျှောက်လုံး ဖုန်းလုံးဝမသုံးပဲ တရားဘာဝနာအားထုတ်ခွင့်ရတဲ့ရက်တိုတိုလေးမှာအပြည့်အဝအားထုတ်ပြီး အမေ့ကိုအမျှဝေခဲ့တာမို့ အမေရောက်ရာဘုံဘဝကကြားနိုင်ပါစေ🙏🏻သာဓုသာဓုသာဓု ခေါ်ဆိုနိုင်ပါစေအမေ ”ဆိုပြီး အမျှဝေထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် ဆရာလေးရဲ့ Read more