ဇနီးဖြစ်သူနဲ့ ငယ်ဘဝကအတူတူတွဲရိုက်ထားတဲ့အမှတ်တရပုံလေးတွေကို မျှဝေလာတဲ့ကိုပေါက်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိခဲ့တဲ့ ကိုပေါက်ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပေမဲ့ ယခုချိန်မှာဆိုရင် ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးပုံဖော်နေတာဖြစ်ပါတယ်။ဒါရိုက်တာကိုပေါက်ရိုက်ကူးတဲ့ ဇာတ်ကားကြီးတွေဟာဆိုရင်လည်း ပရိသတ်တွေကြိုက်နှစ်သက်ကြပြီး တစ်ခဲနက်အားပေးကြပါတယ်။ ဒီနေ့မှာတော့ ကိုပေါက်က ဇနီးဖြစ်သူနဲ့ ငယ်ဘဝကအတူတူတွဲရိုက်ထားတဲ့အမှတ်တရပုံလေးတွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ်။ကိုပေါက်ကတော့ “တစ်ခါက တစ်ဘဝ”ဆိုပြီး ဇနီးဖြစ်သူနဲ့ အမှတ်တရတွေကိုချပြလာတာပဲဖြစ်ပါတယ်နော်။ ကိုပေါက်ကတော့ လက်ရှိမှာ ဇနီးချောလေးနဲ့ အတူတူ ချစ်စရာကောင်းလှတဲ့ သားလိမ္မာလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်။ကဲ ပရိသတ်ကြီးအတွက် ကိုပေါက်တို့ဇနီးမောင်နှံရဲ့ကြည်နူးစရာ ငယ်ဘဝအမှတ်တရလေးတေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source-Aung Min Naing

ကိုဗစ်ရောဂါကာကွယ်ရန်ဟုဆိုကာ မိုးပေါ်ကကျလာသောပြာများ ရေစိမ်သောက်မှုတကယ်ဖြစ်ပွားခဲ့

၃၀.၃.၂၀၂၀ရင်နေ့ ညနေ၆နာရီအချိန်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူ၊ ကျွန်းလှမြို့နယ်များတွင်လည်းကောင်း၊ အင်းတော်၊ ဝန်းသို၊ကောလင်း၊ ကာသာမြို့နယ်များတွင် ပြာများ၊ တစ်ပိုင်းတစ်စမီးလောင် ကျွမ်းထားသောကောက်ရိုး၊ဝါးရွက်၊သက်ရွက်များ ကျရောက်ခဲ့ပြီးစိတ်ထားယုတ်မာသောလူတစ်စုမှ ရဟန္တာပုဂ္ဂိုလ်ထူးတပါးမှ ကိုဗစ်ရောဂါကာကွယ်ရန် မေတ္တာဓာတ်ဖြင့် ပြာများဖြန့်ကြဲလိုက်ကြောင်း၊ အိမ်ရှေ့ထွက်ကြည့်ကြပါတွေ့ပါလိမ့်မည်၊ ထိုတွေ့ရှိရတဲ့ပြာများကို ရေစိမ်သောက်ရန်ဖုန်းဆက်၍ မဟုတ်မမှန်သတင်းဖြန့်ချီလိုက်သောကြောင့် ဗဟုသုတနှင့် ကျန်းမာရေးအသိနည်းသော ဒေသခံအချို့မှာပြာများကောက်ယူပြီး ရေစိမ်သောက်မှုများဖြစ်ပွားခဲ့ပါသည်။သိနားလည်သူအချို့က ထိုသို့မပြုလုပ်ရန်ပြောဆိုတားမြစ်ကြသော်လည်း ၃၁.၃.၂၀၂၀ရက်နေ့အထိ အိမ်ရှေ့၊လမ်းမများပေါ်၊ ရွာပြင်လယ်ကွင်များသို့ ထွက်၍ပြာများကောက်ယူစုဆောင်းပြီး ရေစိမ်သောက်လျှက်ရှိခဲ့ပါသည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၏ဖြစ်စဉ်တစ်ခုမှာ ထိုင်းပြန်ရွာသားတစ်ဦးကျကျန်ခဲ့သည့် ဘတ်ငွေအကြွေစေ့ကိုထိုရဟန္တာပုဂ္ဂိုလ်ထူးမှ အထူးစွန့်ကြဲလိုက်သည်ဟုယူဆကြ၍ ရေအိုးတွင်ထည့်၍ရေစိမ်ပြီး လူအများသောက်သုံးကြသည်အထိစိတ်မကောင်းဖွယ် ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရမှ တိုင်းပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနကို Read more

ဧပြီလမှာ အောင်ဘာလေသိန်းထီဆုတွေ အများအပြားဆွတ်ခူးရရှိခဲ့တဲ့ အေသင်ချိုဆွေ

ပရိသတ်ကြီးရေ အေသင်ချိုဆွေကတော့ အောင်မြင်မှုများစွာနဲ့ အနုပညာလမ်းကြောင်းမှာလျှောက်လမ်းနေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်နော်။ကြားကာလမှာတော့ အနုပညာလောကကနေ ခေတ္တပျောက်သွားပေမယ့် အခုချိန်မှာဆိုရင်တော့ သီချင်းအသစ်လေးတွေနဲ့အတူ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ အေသင်ကတော့ လက်ရှိမှာ Single Mother တစ်ယောက်အနေနဲ့ရပ်တည်ပြီး သမီးလေးကိုအကောင်းဆုံးပြုစုပျိုးထောင်နေပေးနေတဲ့ မိခင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ အေသင်က ပရိသတ်တွေကို ဝမ်းသာစရာသတင်းကောင်းတစ်ခုကိုသူ့ရဲ့ လူမှုကွန်ယက်ကနေပြီးမျှဝေလာခဲ့ပါတယ်။ ဒါကတော့ ” ကဲ ကဲ အိမ်မှာပျင်းနေမှာဆိုးလို့ထီဝိုင်းတိုက်ပေးပါ။အနည်းဆုံးသိန်း၅၀ ပေါက်အောင် တိုက်ပေးပါ။အခုလောလောဆယ်တော့ ၄သိန်း ပေါက်ပြီ။ ဟီး” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ နောက်ထပ် အများကြီးထပ်ပြီး ကံထူးပါစေ အေသင်ရေ။ Source-Athen Read more

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၃၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ Read more

ကိုယ်တိုင်ဦးစီးစိုက်ပျိုးထားတဲ့ လီလီပန်းတွေကို ဆရာတော်အရှင်ဆေကိန္ဒရဲ့ ကျောင်းတိုက်မှာ ဘုရားပန်းကပ်ဖို့လှူဒါန်းခဲ့တဲ့ လွင်မိုး

ပရိသတကြှီးရနေိုငငြံကွောြ သရုပဆြာငမြငြးသားကှီးလှငမြိုးကတော့ တခတြတေဈခါ ဒိတဒြိတကြှဲအောငမြှငခြဲ့ပှီး အကယဒြမီဆုရ မငြးသားကှီးတဈလကပြဲဖှဈပါတယြ။အခုခွိနမြှာတော့ခစွစြရာကောငြးတဲ့ မှေးလးကိုထိနြးကာ မိသားစုကိုအခွိနပြေးရငြးအားလပခြွိနတြှကေိုဖှတသြနြးနသေူပဲဖှဈပါတယြ။ ဦးလှငမြိုးကအနုပညာအလုပတြှအပှေငြ ကိုယပြိုငစြီးပှားရေးတဈခုဖှဈတဲ့ လီလီပနြးစိုကပြွိုးတဲ့ စီးပှားရေးကိုဦးဆောငလြုပကြိုငနြတောပဲဖှဈပါတယြ။ဒီနေ့မှာတော့ ဦးလှငမြိုးက ဆရာတောြ အရှငဆြကေိနျဒရဲ့ ဓမျမဒူတ ဆကေိနျဒာရာမကွောငြးတိုကမြှာ ဘုရားပနြးကပလြှူဖို့အတှကကြိုယတြိုငြ ဦးစီးဦးဆောငကြာစိုကပြွိုးထားတဲ့ လီလီပနြးတှကေို လှူဒါနြးခဲ့ကှောငြးသိရပါတယြ။ ဦးလှငမြိုးကတော့ တကယကြိုမှနမြှတလြှနြးလှတဲ့ ဘုရားပနြးအလှူကို ပှုလုပခြဲ့တာပဲဖှဈပါတယနြောြ။ပရိသတကြှီးကလညြး ဦးလှငမြိုးရဲ့ မှနမြှတတြဲ့အလှူလေးအတှကြ သာဓုခေါဆြိုပေးခဲ့ကှပါအုံးနောြ။ Source-Thuyu Moe Oo

ဆိုင်ကယ်နဲ့ကိုလာခိုးတဲ့ သူခိုးတွေ ရှိနေကြောင်း ပြောပြလာတဲ့ မေမြင့်မိုရ်

ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ MRTV -4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ မင်းသမီးချောလေး ဆိုရင်လည်းမမှားနိုင်ပါဘူးနော်။မေမြင့်မိုရ်ဟာဆိုရင်ဖြင့်Star Awards ( 2018 ) Rising Star ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လဲဖြစ်ကပါတယ်နော်။ မေမြင့်မိုရ်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် အကောင်းဆုံး ပီပြင်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ဇာတ်လမ်းတွဲတွေဘက်သာမက ရုပ်ရှင်ကားကြီးတွေကိုပါရိုက်ကူးကာ အောင်မြင်မှုလမ်းကြောင်းပေါ် အချိန်တိုတို နဲ့ရောက်ရှိလာသူလေးဖြစ်ပါတယ်နော်။ဒီနေ့မှာတော့ မေမြင့်မိုရ်က သူမအိမ်ရှေ့ကို ဆိုင်ကယ်နဲ့တောင်လာခိုးတဲ့သူရှိကြောင်းကိုပြောပြလာခဲ့ပါတယ်။ မေမြင့်မိုရ်က” ကြောက်စရာကောင်းလိုက်တာ အိမ်မှာခြံတံခါးပိတ်ထားလို့ပဲ တော်တော့တယ်။သူခိုးတွေ Read more

သူ့ရဲ့မွေးလဖြစ်တဲ့April လမှာ အောင်ဘာလေသိန်းထီဆုတစ်ဆုကို ကံထူးသွားခဲ့တဲ့ မေကဗျာ

မင်းသမီးချောလေး မေကဗျာကတော့အနုပညာလောကမှာ အချိန်အတော်ကြာအောင်ရပ်တည်အောင်မြင်နေပြီး သရုပ်ဆောင်ပိုင်းမှာ တကယ့်ကိုအရည်အချင်းရှိသူလေးဖြစ်ပါတယ်နေယ်။ လက်ရှိအချိန်အထိလည်း မေကဗျာက ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေ ရိုက်ကူးရင်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာဖြစ်ပါတယ်။ မေကဗျာကတော့ အမြဲတမ်းအေးဆေးနေတတ်ပြီး ချစ်ဖို့ကောင်းလွန်းတဲ့ သမီးလေး နဲ့အတူ အနပညာအလုပ်တွေလုပ်ရင်း ကိုယ်ပိုင်စီးပွားရေးအလုပ်ကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ မေကဗျာက ဒီနေ့မှာတော့ သူ့ရဲ့မွေးလဖြစ်တဲ့ April လအစမှာ ကံကောင်းခြင်းတွေနဲ့ စတင်ခဲ့တဲ့အကြောင်းလေး ပြောပြထားပါတယ်နော်။ မေကဗျာကတော့ “ညက အိမ်မက်မက်လို့ မနက်ကနဂါးစာကျွေးနို့ဆွမ်းကပ်ပီသကာလApril မွေးလလေးမှာကံကောင်းခြင်းနဲ့စတင်ပါပီ”ဆိုပြီး ပျော်ရွှင်စရာသတင်းစကားလေးကို သူ့ရဲ့လူမှုကွန်ယက်ကနေမျှဝေထားတာပဲဖြစ်ပါတယ်နော်။မွေးလေလေးမှာ ကံထူးသွားတဲ့ မေကဗျာတစ်ယောက် နောက်ထပ်လည်း ဆုအကြီးကြီးကံထူးပါစေနော်…။ Source-May Read more

COVID 19 စိန်ခေါ်မှုတွေကြောင့် Facebook အသုံးပြုမှုစတင်လိုက်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်

Facebook ကိုသုံးဖို့ဆန္ဒလုံးဝမရှိခဲ့ပါ။ ဒီအချိန်မှာတော့ COVID-19 စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးပြည်သူတွေနဲ့မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်ဆက်သွယ်နိုင်ဖို့သုံးလိုက်ပါတယ်။ Credit Aung San Suu Kyi

ညောင်(၁၀)ပင်အဓိဋ္ဌာန်အတူဝင်ခဲ့တဲ့ ပရိသတ်တစ်ဦးထီသိန်း(၁၀၀၀)ဆုကြီးဆွတ်ခူးနိုင်ခဲ့လို့ ပျော်နေတဲ့စမိုင်းလ်

ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စမိုင်းကိုတော့ပရိသတ်ကြီးသိပြီးသားဖြစ်မယ်ထင်ပါတယ်။ စမိုင်းလ်တို့မိသားစုလေးကတော့ အလှူအတန်းလုပ်တဲ့နေရာမှာ ရက်ရောတဲ့မိသားစုလေးဖြစ်သလို စမိုင်းလ်ကသူရဲ့ပရိသတ်တွေနဲ့လည်း ညောင်(၁၀)ပင်ဓိဋ္ဌာန်ဝင်ခဲ့ပါသေးတယ်။လက်ရှိမှာတော့အတူတူအဓိဋ္ဌာန်ဝင်ခဲ့တဲ့ ပရိသတ်တစ်ယောက်ကထီးသိန်း၁ထောင်ဆုကြီးကိုဆွတ်ခူးနိုင်ခဲ့လို့ပျော်နေတာပဲဖြစ်ပါတယ်။ သိန်းထီသိန်း၁ထောင်ဆုကြီးကိုဆွတ်ခူးနိုင်ခဲ့တဲ့ ပရိသတ်တစ်ဦးကလည်းအခက်အခဲတွေအများကြီးဖြစ်နေတဲ့ကြားက ညောင်း(၁၀)ပင်ဓိဋ္ဌာန်ကြောင့် ထီးသိန်း(၁၀၀၀)ဆုကြီးပေါက်ခဲ့လို့ အတူတူအဓိဋ္ဌာန်ဝင်ဖို့တိုက်တွန်းပြောကြားခဲ့တဲ့ စမိုင်းလ်ကိုကျေးဇူးတင်ကြောင်း ပြောပြထားပါသေးတယ် စမိုင်းလ်ကတော့ သူ့ကြောင့်တစ်ဖက်သားအဆင်ပြေသွားတယ်ဆိုရင်ပဲ ဦးဆောင်ရကျိုးနပ်ပါတယ်လို့ဆိုကာ အရမ်းကိုပျော်နေတာဖြစ်ပါတယ် ဒါပေမဲ့အခုလို ရောဂါတွေများနေတဲ့အချိန် အပြင်မှာအဓိဌာန်မလုပ်ပဲကိုယ့်အိမ်ကနေပဲ ဘုရားရှစ်ခိုးအဓိဌာန်ဝင်ကြပြီး ဒီကပ်ဆိုးကြီးပြီးသွားရင် အဓိဌာန်တွေအတူတူအများကြီးဝင်ကြမယ်နော်လို့လည်း ပရိသတ်တွေကိုပြောကြထားပါသေးတယ်… Source:စမိုင်းလ် Smile

ဘယ်လောက်မှမများပေမယ် ဝယ်လို့မရနိုင်တဲ့အခြေအနေလေးမှာ လှူဒါန်းခွင့်ရခဲ့လို့ကျေးဇူးတင်ပါတယ်ဆိုတဲ့ အဆိုတော်မလေးခင်ပိုးပန်းချီ

အနုပညာရှင်တွေအားလုံးက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် ဆေးဝါးတွေ Mask တွေလှူဒါန်းကြသလို မိမိပရိသတ်တွေအတွက်လည်း လူမှုကွန်ရက်စာမျက်နှာထက်ကနေ အချိန်နဲ့တပြေးညီ သတင်းတွေ တင်ပေးနေကြတာဖြစ်ပါတယ် ။Covid-19 ရောဂါပိုးဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရှိန်ဟုန်ပြင်းပြင်း ပြန့်နှံ့နေပြီဖြစ်ပါတယ် ။ တစ်ခြားနိုင်ငံတွေ မှာ သေဆုံးသူနဲ့ကူးစက် ပြန့်ပွားသူတွေ အများအပြားရှိနေပေမယ့် မြန်မာနိုင်ငံမှာတော့ ပိုးရှိသူ 15 ဦးခန့်သာ တွေ့ရှိထားတာဖြစ်ပြီး အနုပညာရှင်တွေ ကလည်း ပြည်သူလူထုနဲ့ ချစ်ရတဲ့ ပရိသတ်တွေအတွက် တစ်တတ်တအား ပါဝင်ကူညီပေးနေကြတာ တကယ်ကို အားတက်စရာပါပဲ ။ “မဂ်လာပါရှင် သမီးနေမကောင်းပေမယ့် Read more