ကြည့်မိသူတိုင်းမျက်ရည်ကျလောက်အောင်ကို ကြည်နူးစရာကောင်းတဲ့ ဖြူဖြူထွေးနဲ့ ဒီဇိုင်နာမျိုးမင်းစိုးတို့ရဲ့ လှူတန်းမှုဗီဒီယို

ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ဖြူဖြူထွေးရဲ့မွေးနေ့ပွဲကြီးမှာ ဒီဇိုင်နာမျိုးမင်းစိုးလည်း တက်ရောက် ခဲ့ပါတယ်။ ရွာလုံးကျွတ် မီးခိုးတိတ် ထမင်းကျွေးပြီးအလှူလုပ်တဲ့ ဒီပွဲလေးဟာ သွားရည်ကျချင် စရာကောင်းလောက်အောင် ဟင်းအမယ်မျိုးစုံကို အိုးကြီးအိုးငယ်တွေနဲ့ တည်ခင်းဧည့်ခံခဲ့တာပဲ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့အလှူပွဲလေးမှာ ကြည်နူးစရာအခိုက်အတန့် လေးတွေ ရှိခဲ့ပါတယ်။ ဖြူဖြူထွေးဟာ ရွာမှာရှိတဲ့သက်ကြီးရွယ်အိုတွေကို လှူတန်းတဲ့သူမရဲ့ဗီဒီယိုလေးတွေကို မကြာခဏဆိုသလို လူမှုကွန်ယက်မှာ ဝေမျှတတ် တာကြောင့် ရွာမှာရှိတဲ့အဘိုးအဘွားတွေကို ထောက်ပံ့ကြေးတွေပေးအပ်တာတွေလည်း မကြာခဏတွေ့ဖူးကြမှာပါ။ ဒီတစ်ခေါက်မှာ တော့ ဒီဇိုင်နာမျိုးမင်းစိုးက ဖြူဖြူထွေးရဲ့ဗီဒီယိုလေးကိုကြည့်ပြီး ရွာကသက်ကြီးရွယ်အိုတွေကို လှူတန်းချင်တဲ့ စိတ်ကြောင့် ဖြူဖြူထွေးရဲ့ မွေးနေ့မှာ ရွာထိလိုက်လာပြီး လှူတန်းခဲ့တာပဲဖြစ်ပါတယ်။ Read more

မဟာမြတ်မုနိဘုရားကြီးမှာဆွမ်းကပ်ရင်း ကုသိုလ်ထူးတွေဆက်တိုက်ပြုခဲ့တဲ့ မေဦး

သာယာအေးချမ်းတဲ့ဘဝလေးမှာ ကိုယ်ဝါသနာပါတဲ့အလုပ်တွေကိုလုပ်ရင်း ကိုယ်ချစ်ရတဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်တာ တကယ့်ကို ကုသိုလ်ထူးပါပဲပရိသတ်ကြီးရေ။ အများကြီးလှူမှ ကုသိုလ်ရတာမဟုတ်ပဲ ကိုယ်နိုင်သလောက်အားလေးနဲ့ လှူတန်းခြင်းကလည်း ကုသိုလ် ဖြစ်စေ ပါတယ်။ မေဦးဟာ ကိုယ်သွားတဲ့လမ်းတိုင်းမှာ ချို့တဲ့သူတွေတွေ့တိုင်း တစ်မျိုးမဟုတ်တစ်မျိုး ကူညီတတ်တဲ့ စိတ်စေတနာဖြူသူ လေးပါ။ သူများအပေါ်မှာ စိတ်ကောင်းစေတနာထားတာမို့ ကိုယ်ပိုင်ဘဝလေးမှာလည်း ပျော်စရာတွေ ကြုံတွေ့ရပြီး အောင်မြင်မှုတွေရရှိခဲ့ပါ တယ်။ ဟန်လင်းနဲ့လည်း ချစ်သက်တမ်းသုံးနှစ်ကျော် လေးနှစ်နီးပါးရှိနေခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆင်ပြေသာယာတဲ့ အချစ်ရေးလေးကို အတူတူလက်တွဲပြီး တည်ဆောက်နေကြတာပဲဖြစ်ပါတယ်။ ကာလဒါနလေးတွေလုပ်တတ်တဲ့မေဦးတစ်ယောက် သူ့ရဲ့အလှူလေးကို ” မဟာမြတ်မုနိ ဘုရားကြီးမှာ Read more

ရိုက်ကူးရေးလုပ်ရင်း ကင်ဆာဖောင်ဒေးရှင်းမှာ ငွေကျပ်( ၅ )သိန်းလှူဒါန်းခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံ

ရွှေထူးကတော့ နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်ပြီး   သူ့ရဲ့သီချင်းတွေဟာ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာရေးပန်းစားလေ့ရှိတာဖြစ်ပါတယ်။ သူ့ကိုအားပေးတဲ့ပရိသတ်တွေထဲမှာ နှုတ်ခမ်းနီမလေးတွေအများအပြားဖြစ်သလို ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးခြင်းလည်းရရှိသူလို့ဆိုနိုင်ပါတယ်။ ရွှေထူးကတော့ အဆိုပိုင်းအပြင် အခုနောက်ပိုင်းမှာ ရုပ်ရှင်သရုပ်ဆောင်ဘက်ပါ ကူးပြောင်းလာတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဘက်မှာလည်း တက်သစ်စသရုပ်ဆောင်ဖြစ်ပေမယ့် တကယ့် ဝါရင့်အနုပညာရှင်တွေဆီကရသလောက် ပညာတွေကို သင်ယူလေ့ရှိသူတစ်ဦးပါပဲနော်။   ရွှေထူးရဲ့အိမ်ထောင်ရေးကတော့ ရွှေထူးလို့ပြောလိုက်တာနဲ့ ရွှေမှုံကိုပါတွဲပြီး တွေးမိရလောက်တဲ့ထိ ချစ်ကြတဲ့ ဇနီးမောင်နှံပါပဲ။လူငယ်တွေကြားမှာအောင်မြင်ရေပန်းစားတဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ဟာ သူတို့ရဲ့တစ်နေ့တာပုံရိပ်လေးတွေကိုလည်း သူတို့ရဲ့ မိုင်ဒေးနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်နော်..။   ဒီနေ့မှာတော့ “ ဒီနေ့ ရိုက်ကူးရေး ရိုက်ဖြစ်ကြတဲ့ Read more

မကြာခင်မှာမင်္ဂလာပွဲကျင်းပတော့မယ့် ညောင်တုန်းသူလေး မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ ကစားသမားဟောင်း သန်းသန်းထွေး

မကြာခင်မှာမင်္ဂလာပွဲကျင်းပတော့မယ့် ညောင်တုန်းသူလေး မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ ကစားသမားဟောင်း သန်းသန်းထွေး မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ ကစားသမားဟောင်း သန်းသန်းထွေးဟာ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနှင့်အတူ ၂၀၀၄ နှင့် ၂၀၀၇ အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆု ရယူခဲ့ပါတယ်။ သူမကတော့ လက်ရွေးစင်ကစာသမားဘဝကနေ အနားယူထားသလို ကလပ်အသင်းကနေလည်း အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ သူမကတော့ ယခုမှာ နှစ်အတော်ကြာ လက်တွဲလာခဲ့တဲ့ ကိုဟိန်းမင်းစိုးနဲ့ တရားဝင်လက်ထပ်ထိမ်းမြားတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ သန်းသန်းထွေးဟာ ကိုဟိန်းမင်းစိုးနဲ့ ဖေဖော်ဝါရီ(၂၃)ရက်နေ့ တနင်္ဂနွေနေ့မှာ မင်္ဂလာပွဲကို ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ Read more

မွေးနေ့အလှူရဲ့ နောက်ကွယ်က ဟိတ်ဟန်မရှိ ချစ်ဖို့ကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ TIK TOK ဗီဒီယိုအသစ်လေး

ဖြူဖြူထွေးကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ရရှိသွားခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးလာကာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိနေသူလေးပဲဖြစ်ပါတယ်…။ ကြော်ငြာများကိုလည်း အဆက်မပြတ်ရိုက်ကူးနေပြီး သူမရဲ့ နေ့စဉ် အနုပညာလှုပ်ရှားမှုလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ အလှူအတန်းလည်း ရက်ရောတဲ့ ဖြူဖြူထွေးလေးဟာ သူမရဲ့ ဇာတိရွာအတွက် တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့မှုလေးတွေကို လုပ်တတ်ပါသေးတယ်..။       ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့အလှူလေးကို မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ဖျောက်ဆိပ်ကျင်းအုပ်စု မြေနီးကုန်း ရွာမှာ ကျင်းပပြုလုပ်ခဲ့ပြီး ရရှိတဲ့ အလှူငွေလေးတွေကိုလည်း ရွာက Read more

ဗစ်တိုးရီးယားအမှုဖြစ်စဉ်၌ တာဝန်ကျေပွန်စွာမထမ်းဆောင်နိုင်သူများကိုအရေးယူရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထား

ဗစ်တိုးရီးယားအမှုဖြစ်စဉ်၌ တာဝန်ကျေပွန်စွာမထမ်းဆောင်နိုင်သူများကိုအရေးယူရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကပြောသည်။ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ဖေဖော်ဝါရီလ ၂၁ ရက်ကကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။ “လုပ်ထုံးလုပ်နည်းနဲ့အညီမဆောင်ရွက်နိုင်သောတာဝန်ကျေပွန်စွာမဆောင်ရွက်နိုင်သောလစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သော ဥပဒေပြဋ္ဌာန်းချက်များနှင့်ညီညွှတ်မှုမရှိသောတာဝန်ရှိသူများကို သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူတွေကလိုအပ်သလိုအရေးယူရန်ဆောင်ရွက်ရန်ညွှန်ကြားထားပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သမ္မတရဲ့လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ဖို့ရှိပါလိမ့်မည်။ အဆိုပါညွှန်ကြားချက်ကိုတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကညွှန်ကြားထားတာဖြစ်တယ် ” ဟု သမ္မတရုံးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးများထံ အချက် ၄ ချက်ဖြစ်သော အမှုမှန်ပေါ်ပေါက်ရန်၊ တာဝန်ယူမှုတာဝန်ခံမှုရှိရန် ဥပဒေနှင့်အညီဖြစ်စေရန်နှင့် တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်ထားမှုအခြေအနေများကို Read more