အသက်(၈၈)နှစ်အရွယ်ရှိ ကျောင်းဆရာမကြီး၏ နေအိမ် မီးလောင်းရာ စုဆောင်းထားငွေ(၄၇)သိန်း မီးလောင်ပျက်စီး
မြင်းခြံမြို့၌ နေထိုင်သည့် အသက်(၈၈)နှစ်အရွယ်ရှိ ကျောင်းဆရာမကြီး၏ နေအိမ် မီးလောင်ခံရ၍ စုဆောင်းထားငွေ(၄၇)သိန်း မီးလောင်ပျက်စီးသွားကြောင်း ဆရာမကြီး၏ တပည့်ဖြစ်သူ ဦးချင်းကိုကိုကပြောပါတယ်။ဖြစ်စဉ်မှ ဖေဖော်ဝါရီ(၁၃)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်၌ မြင်းခြံမြို့၊အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပေါ်ရာ ဆရာမကြီးနေထိုင်သည့် နေအိမ်ကို မီးကူးဆက် လောင်ကျွမ်းခဲ့ပါတယ်။မီလောင်နေချိန်၌ အနီးရှိ ဘော်ဒါမှ ကျောင်းသူ/ကျောင်းသားများမှ ကူညီမှုကြောင့် အသက်ရှင်ခွင့်ရရှိခဲ့ပါတယ်။ အဆိုပါ မီးလောင်ရာရပ်ကွက်ကို မီးသတ်မှ မီးငြိမ်းသတ်ပြီးနောက် ဆရာမကြီးနေထိုင်သည့် ကုတင်အောက်ရှိ သေတ္တာအတွင်း၌ ထည့်ထားသည့် မီးလောင်သည့် ငွေ(၄၇)သိန်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “ဆရာမကြီးအိပ်တဲ့ကုတင်အောက်မှာရှိတဲ့သေတ္တာထဲထည့်ထားတာ။သူ့အစည်းနဲ့သူပေါ့။ဆေးကုဖို့၊လှူရေး၊နာ ရေးအတွက် သူ့အစည်းနဲ့သူထားတာ။အခုက ငွေစက္ကူအထုပ်ရဲ့ အလယ်ကနေလောင်တော့ Read more
ပုဂံမှာရိုက်တဲ့ ညစ်ညမ်းဗွီဒီယို မြန်မာတွေ ဒေါသထွက်
ပုဂံမှာရိုက်တဲ့ ညစ်ညမ်းဗွီဒီယို မြန်မာတွေ ဒေါသထွက် မြန်မာနိုင်ငံက အထင်ရှားဆုံး သမိုင်းဝင်နေရာတခုလည်းဖြစ်၊ ဘာသာရေးအရ အထွတ်အမြတ် ထားတဲ့နေရာလည်းဖြစ်တဲ့အပြင် UNESCO အဖွဲ့ကြီးက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ပုဂံမြေမှာ ၁၂ မိနစ်ကြာ ရိုက်ကူးထားတဲ့ ညစ်ညမ်းဗွီဒီယို ထွက်လာတဲ့အပေါ် မြန်မာတွေအကြား အမျက်ဒေါသထွက်နေကြပါတယ်။ သူတို့ကိုယ်သူတို့ အသက် ၂၃ နှစ်အရွယ်ရှိ အီတလီနိုင်ငံသားတွေလို့ ဆိုတဲ့ ခန္ဓာကိုယ်မှာ နားသန်သီးတွေဆွဲပြီး ဆေးမင်ကြောင်ထိုးထားတဲ့ အဲဒီ စုံတွဲက သူတို့ရဲ့ ဗွီဒီယိုကို Yeees Yeees Yeees လို့ အမည်ပေးထားပြီး Read more
စိန်ခေါ်သူနဲ့ ထိုးဖို့လက်မှတ်ထိုးခဲ့ပြီး ယုံကြည်မှု အပြည့်ရှိတယ်ဆိုတဲ့ အောင်လအန်ဆန်
မြန်မာနိုင်ငံက ပရိသတ်တွေ အားပေးမှုကို အပြည့်အဝ ရထားတဲ့ အပြင် တကမ္ဘာလုံးက ပရိသတ်တွေ အခိုင်အမာရှိတဲ့ MMA Fighter တယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကိုတော့ တော်တော်များများလည်း သတိထားမိကြမယ် ထင်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခုနောက်ပိုင်းမှာတော့ သူထိုးခဲ့တဲ့ ပွဲတိုင်းကို အနိုင်ယူထားပြီး သူ့ရဲ့ Champion ဆိုတဲ့ ဂုဏ်ကို ကာကွယ်ထားနိုင်တဲ့ Fighter လည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း အောင်လအန်ဆန်ကိုတော့ စိန်ခေါ်သူ ပေါ်လာပြီး မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ဖို့အတွက် လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကို စိန်ခေါ်သူကတော့ နယ်သာလန် Read more
ချစ်သူသက်တမ်း(၂၁)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Valentine’s dayနေ့လေးမှာ ချစ်သက်သေဗီဒီယိုလေးတင်ပေးခဲ့တဲ့ စမိုင်းလ်
ဒီနေ့လေးကတော့ ချစ်သူတွေအတွက်ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူများနေ့လေးဖြစ်ပြီးတော့နေနဲ့လ‌ရွှေနဲ့မြလိုလိုက်ဖက်ညီတဲ့စုံတွဲတစ်တွဲဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးလည်း အများအားကျရလောက်အောင် romanticဆန်တဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ် စမိုင်းလ်တို့ဇနီးမာင်နှံကလည်း ချစ်သူစုံတွဲတွေကို အားကျမခံရိုပြလိုက်ပြန်ပါပြီနော် စမိုင်းလ်ဟာမကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် သူမရဲ့ချစ်ခင်ပွန်းအတွက် ချစ်သက်သေဗီဒီယိုလေးတစ်ခုတင်ပေးလာပါတယ်။ သူမတို့ဇနီးမောင်နှံဟာ အမြဲတစ်ယောက်ကိုတစ်ယောက်ကို ချစ်ခင်ကြင်နာစွာနဲ့နေလေ့ရှိကြပြီး romanticဆန်တဲ့ surpriseလေးတွေလည်းလုပ်လေ့ရှိသူနှစ်ဦးဖြစ်ပါတယ်။ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ ချစ်သူသက်တမ်း(၂၁)နှစ်တောင်ရှိသွားခဲ့ပြီဖြစ်ပြီးလက်ရှိမှာလည်း သမီးလေး(၂)ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို လက်ခံရရှိထားတဲ့ သူတွေပဲဖြစ်ပါတယ်။ Source-စမိုင်းလ် Smile’s Facebook page Zawgyi ချစ်သူသက်တမ်း(၂၁)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Valentine’s dayနေ့လေးမှာ ချစ်သက်သေဗီဒီယိုလေးတင်ပေးခဲ့တဲ့ စမိုင်းလ် ဒီနေ့လေးကတော့ ချစ်သူတွေအတွက်ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူများနေ့လေးဖြစ်ပြီးတော့နေနဲ့လ‌ရွှေနဲ့မြလိုလိုက်ဖက်ညီတဲ့စုံတွဲတစ်တွဲဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးလည်း Read more
သမီးမိုက်ကိုခွင့်လွှတ်ပါဟု စာရေးသားခဲ့ပြီး အပျိုကြီးတစ်ဦး ကြိုးဆွဲချ သေဆုံးသွားခဲ့တဲ့ အဖြစ် ……
ဖေဖော်ဝါရီ(၁၄) မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နန်းတော်ကုန်းရပ်ကွက်နယ်မြေရှိအောင်မင်္ဂလာရပ်တွင်အသက်(၄၇)နှစ်အရွယ်အမျိုးသမီး(အပျိုကြီး)တစ်ဦးမှမိသားစုအားစာရေးသားထားခဲ့ပြီးမိမိကိုယ်ကိုကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်ဖေဖော်ဝါရီ(၁၃)ရက်နေ့ညနေ(၆း၃၀)အချိန်ခန့်မိတ္တီလာမြို့မရဲစခန်းဒုရဲအုပ်ထက်ဇော်ဌေးမှတာဝန်မှူးဆောင်ရွက်နေစဉ်နန်းတော်ကုန်းရပ်ကွက်နယ်မြေရှိအောင်မင်္ဂလာရပ်တွင်အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်းသတင်းအရစခန်းမှူး ဒုရဲမှူးကျော်ထင် နယ်ထိန်းတက ဇော်သန်းတို့နှင့်သွားရောက်ပြီးအခင်းဖြစ်နေရာအားသက်သေရာအိမ်မှူးများနှင့်အတူကြည့်ရှုစစ်ဆေးရာ အောင်မင်္ဂလာရပ်နေဒေါ်နုနုရီ(၄၇)နှစ်(အိမ်ထောင်မရှိ/အပျိုကြီး)(စိတ်ပုံမှန်မရှိသူ)မှာ၎င်း၏နေအိမ်နှစ်ထပ်တိုက်အပေါ်ထပ်ဘုရားခန်းတောင်ဘက် ပြတင်းပေါက်အမြင့်(၉)ပေခန့်ရှိပြတင်းပေါက်သံတိုင်တွင် အရှည်(၅)ပေခန့်ရှိယောဂီတဘက်အားချည်၍လည်ပင်းကြိုးကွင်းစွပ်ပြုလုပ်လျက်ဦးခေါင်းနှင့်သံတန်း(၁)ပေခန့်အကွာလျှာထွက် ဒူးကွေးအနေအထားဖြင့်ခြေထောက်အောက်တွင်ပန်းရောင်ပလပ်စတစ်ခုံအားအသုံးပြူပြီးကြိုးဆွဲချသေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရကြောင်းသိရသည်ကြိုးဆွဲချသေဆုံးနေသူဒေါ်နုနုရီအလောင်းအနီးမှ”အမေ့ကိုကန်တော့ခဲ့ပါတယ်အမေနဲ့ဆွေမျိုးသားချင်းမိသားစုတွေအပေါ်မှာစိတ်ချမ်းသာအောင်မထားနိုင်လို့ ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်တယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်တော့လို့ အခုလိုလုပ်လိုက်ရတာဘာ သမီးမိုက်ကိုခွင့်လွှတ်ပါ ဟုစာတစ်စောင်ရေးသားထားခဲ့သည်ကိုတွေ့ရှိရကြောင်းသိရသည်။ သေဆုံးသူအလောင်းအားမေတ္တာနိုင်လူမှုကူညီရေးယာဉ်ဖြင့်ရဲစခန်းဆေးစာနှင့်အတူပြည်သူဆေးရုံသို့ပို့အပ်ပေးပြီးဒေါ်နုနုရီသေဆုံးရခြင်းမှာဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သေဆုံးခြင်းသိရှိနိုင်ရေးအတွက်မိတ္တီလာမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၃/၂၀၂၀)ဖြင့်ရေးဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Copy ဝေ ယံ သင်္ဃန်းကျွန်း သင်္ဃန်းကျွန်း သတင်းစုံ
သေဆုံးသွားတဲ့အခါ အသုံးမဝင်တော့တဲ့ သူမရဲ့ ခန္ဓာကိုယ်ကို သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေက သေဆုံးသွားတဲ့အခါ ဘယ်နေရာမှာမှ အသုံးမဝင်တော့တဲ့ ခန္ဓာကိုယ်ကို အသုံးချလို့ရတဲ့နေရာမှာ လှူဒါန်းခဲ့ပါတယ်။ ချစ်သူများနေ့လေးမှာ တကယ်ကိုမွန်မြတ်လှတဲ့အလှူအတန်းလေးပြုလုပ်ခဲ့တာပါ။ ဒါတွေကိုလည်း သူမရဲ့ ချစ်ရသူက တိုက်တွန်းပေးခဲ့တာလို့ ဆိုပါတယ်။ ခိုင်နှင်းဝေဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်လာခဲ့ပြီး ချို့တဲ့နေတဲ့ မိသားစုဘဝလေးတွေကိုလည်း တစ်ဖက်တစ်လှမ်းကနေ အထောက်အပံ့တွေပေးနေတာဖြစ်ပါတယ်။ ယခုဆိုရင် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး စွန့်ပစ်ကလေးငယ် မိဘမဲ့ကလေးငယ်တွေကို မိဘအရင်းသဖွယ် ရင်နှင့်အမျှ မေတ္တာတွေအပြည့်အဝပေးနေတာဖြစ်ပါတယ်။ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း သူမရဲ့ ဂေဟာကြီးဆက်လက်တည်မြဲနေစေဖို့အတွက် လှူဒါန်းမှုတွေပြုလုပ်ကြပါတယ်။ ခိုင်နှင်းဝေက ဒီနေ့လို ချစ်သူများနေ့မှာ သေဆုံးသွားတဲ့အခါ Read more
“ခင်ပွန်းဖြစ်သူအပြင် ချောကလက်ကျွေးမယ့်သူရှိနေတယ်ဆိုပြီး ချေလိုက်တဲ့ ပိုင်ဖြိုးသု”
ပရိသတ်တွေ သုသုလို့ချစ်စနိုးခေါ်ကြတဲ့မင်းသမီးလေးကတော့ သရုပ်ဆောင်ပိုင်နိုင်ရုံသာမက ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့ ဖမ်းစားတတ်သူလေးပါ။ဒါရိုက်တာဏကြီးနဲ့လက်ထပ်ထားပြီး အစစအရာရာအလိုလိုက်တဲ့ခင်ပွန်းကြောင့် ကလေးဆန်နေသူလေးလည်း ဖြစ်ပါတယ်။ တစ်ခါတလေမှာ သူတို့နှစ်ဦးရဲ့အမှတ်တရတွေ အဖြစ်အပျက်တွေကို ပြန်လည်မျှဝေတဲ့အခါ ပရိသတ်တွေပါကြည်နူးရတာလည်း ဖြစ်ပါတယ်။ဒီနေ့ဟာ ချစ်သူများနေ့ဖြစ်တာကြောင့် ချစ်ရသူတွေကို ချောကလက်တွေ ပန်းစည်းတွေပေးလေ့ရှိကြတာပါ။သုသုကတော့ ခင်ပွန်းဖြစ်သူနဲ့ပတ်သက်ပြီး “ဟိုလူကြီး!!!! ရှင်chocolate မကျွေးလည်းရတယ်…သူများကိုကျွေးတဲ့လူကြီးလူကောင်းလေးရှိတယ်…” ဆိုပြီးတော့တင်ထားပါသေးတယ်။ အခုဆိုရင်တော့ လက်မှတ်ဖိုးပွဲမှာ ကလေးလေးတစ်ယောက်ကတော့ သုသုကို ချောကလက်တွေလာကျွေးနေတာလည်းဖြစ်ပါတယ်။ကလေးဆီကတောင် ချောကလက်ရတဲ့ သုသုကတော့ ခင်ပွန်းဖြစ်သူကို ခပ်ချေချေလေးပြောလိုက်ပါပြီ။ကလေးဆီကတောင်ချောကလက်တွေရနေတဲ့ သုသုလေးပါပဲနော်…. Source : PaingPhyoThu,Rose – CeleGabar ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန် ခင်ပွန်းဖြစ်သူအပြင် Read more
မြင်သူတိုင်းသွားရည်ကျသွားစေလောက်မယ့် ချောင်းသာကမ်းခြေထက်က မြင့်မြတ်တို့မိသားစုရဲ့ အာဟာရဒါန
သုံးယောက်အတူတူ ချောင်းသာကမ်းခြေကို အလည်အပတ်ရောက်ခဲ့ကြတဲ့ မြင့်မြတ်တို့ မိသားစုတွေကတော့ အာဟာရဒါနလေးတွေနဲ့ အားလုံးကိုပျော်ရွှင်အောင် ဖန်တီးပေးလိုက်ပါပြီ။ မြင်လိုက်တာနဲ့ သွားရည်ကျချင်စရာဟင်းတွေမို့ အားလုံးကလည်း ပြုံးပျော်နေကြပါ တယ်။ အိုးကြီးအိုးငယ် အသွယ်သွယ်နဲ့ ကိုယ်တိုင်ကိုယ်ကျ လှူတန်းနေပုံက တကယ့်ကိုပီတိဖြစ်ရပါတယ်။ သဘာဝမင်းသားဆိုတော့ လည်း ဘာဟန်ဆောင်မှုမှမရှိပဲ ပကတိရိုးရှင်းလွန်းတယ်နော်။ ကြည်နူးစရာမိသားစုလေးကို ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့ ဖေဖေမြင့်မြတ်ကြောင့် အပြုံးတွေဝေဆာခဲ့ရတဲ့ မေမေခင်သူအောင်ဟာ လည်း မိခင်ကောင်းပီသပြီး အနေအေးတဲ့ ချစ်စရာအမျိုးသမီးလေးတစ်ယောက်ပါ။ အဖေတူသားလေးမြတ်သူကလည်း ဖေဖေနဲ့ မေမေတို့ရဲ့ငြိမ်းချမ်းနွေးထွေးတဲ့ အချစ်တွေအောက်မှာ အကောင်းမွန်ဆုံးနဲ့ အထူးချွန်ဆုံး ကြီးပြင်းလာခဲ့ပါတယ်။ မြင်သူတိုင်း Read more
မိန်းကလေးချင်းကြိုက်နေတဲ့ LGBT တစ်ယောက်ဆိုတာ ရဲရဲဝင့်ဝင့်ချပြလိုက်တဲ့ ထက်အဉ္ဇလီ
ထက်အဉ္ဇလီကတော့ ကယားသွေးနှောတဲ့ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့အပြင် ငယ်စဉ်ကတည်းကမိဘတွေနဲ့အတူမနေခဲ့ရဘဲ အဘွားဖြစ်သူနဲ့အတူ ဘဝကိုရုန်းကန်ခဲ့ရသူဖြစ်တာကြောင့် စိတ်ဓာတ်မာကြောပြီး ဆုံးဖြတ်ချက်ခိုင်မာသူတစ်ယောက်လည်းဖြစ်ပါတယ်။မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့စဉ်တစ်လျှောက်လုံးမှာ တက်ကြွလန်းဆန်းတဲ့ Performance တွေနဲ့ယှဉ်ပြိုင်ခဲ့ပြီးပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။ ထက်အဉ္ဇလီကတော့ ဒီနေ့ ချစ်သူများနေ့လေးမှာ သူချစ်ရတဲ့ချစ်သူကောင်မလေးနဲ့ရိုက်ကူးထားတဲ့ ပုံလေးတွေကို ပရိသတ်တွေကိုချပြလိုက်ပြီး“အေးဆေးဘဲ.. ဘာကြည့်နေတာလဲ.. အားကျမခံ အခုပဲ Mention ခေါ်ပြီး ကိုယ့်အချင်းချင်းပဲ Ship လိုက်တော့လေ.. Happy Valentine’s Day” ဆိုတဲ့စာသားလေးနဲ့အတူ ရိုမန့်တစ်ဆန်ဆန်ရိုက်ကူးထားတဲ့ပုံလေးတွေနဲ့အတူ မျှဝေပေးခဲ့ပါတယ်။ ပရိသတ်ကြီးရေ ထက်အဉ္ဇလီကတော့ သူ့ရဲ့အချစ်ရေးကို ဒီနေ့မှာချပြလိုက်ပြီး မိန်းကလေးချင်းကြိုက်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာ တကယ်လားတမင်စနောက်နေတာလားဆိုတာတော့ စဉ်းစားစရာပါပဲနော်။ Source – Read more
Breaking News … စစ်ကိုင်း တံတားပေါ်မှာ အလည်လောက် မီးရထားတစ်စင်း မီးလောင်နေ ( ရုပ်သံ )