သင်တို့၏ SHARE တစ်ချက်က သူတို့အတွက် ထမင်းတစ်နပ်စာ ဖြစ်စေမှာပါ
သင်တို့၏ Share တစ်ချက်က သူတို့အတွက် ထမင်းတစ်နပ်စာ ဖြစ်နိုင်မှာပါ။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာရှိတဲ့ “မေတ္တာပရဟိတာဂေဟာ ” အလှူလည်းလုပ်ချင်တယ် ၊ သိပ်ဝေးဝေးလဲမသွားချင်ဘူး ၊ တကယ်လိုအပ်နေတဲ့နေရာတွေကိုမှာလည်းလှူချင်တယ်ဆိုရင်တော့ လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွာထဲမှာရှိတဲ့ “ မေတ္တာပရဟိတ ” မသန်စွမ်းအနာကြီးရောဂါသည်စောင့်ရှောက်ရေးဂေဟာနဲ့ မရမ်းချောင်းတိုက်နယ်ဆေးရုံလေးမှာလှူဖို့ တိုက်တွန်းချင်ပါတယ်။ ဒီဂေဟာလေးနဲ့ ဆေးရုံလေးက ရန်ကုန်တိုင်းဒေသကြီးပိုင်နယ်မြေထဲမှာရှိပေမယ့် လမ်းခရီးအရ အလှူရှင်အရောက်နည်းတာကြောင့် လိုအပ်ချက်တွေများပါတယ်။ ဂေဟာမှာတော့ တနေ့တာကျေးမွေးစရိတ်နဲ့ အဖိုးအဖွားများအတွက် တခြားလိုအပ်တာလေးတွေလှူနိုင်ပါတယ်။ တကိုယ်ရည်သုံးစွဲဖို့ လိုအပ်တာလေးတွေလှူနိုင်တဲ့အပြင် အလှူငွေအနေနဲ့လည်း ငွေတထောင်လောက်က သူတို့တနေ့တာသုံးစွဲဖို့အတွက် လုံလောက်တဲ့ငွေကြေးလို့သိရပါတယ်။ဂေဟာအနောက်ဘက်ကလမ်းကလေးထဲမှာတော့ မရမ်းချောင်းကျေးရွာရှိပြီး Read more
နောက်ယောက်ကျားက မကျွေးနိုင်ဘူးဆိုလို့ ၂ နှစ်သမီးလေးကို မိဘမဲ့ကျောင်းမှာ စွန့်ပစ်ခဲ့တဲ့ မိခင်
ငယ်ရွယ်နုနယ်တဲ့ ကလေးလေးတွေဟာ မိဘဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေသင့်ပါတယ်..ဒါပေမဲ့ တချို့မိဘတွေကတော့ အကြောင်းအမျိုးမျိုးနဲ့ မိမိရဲ့ ရင်သွေးကိုတောင် စွန့်ပစ်မှုတွေ လုပ်လာတာကြောင့် မိဘမဲ့ကလေးတွေပေါများလာရပါတယ်….ထိုင်းနိုင်ငံမှာလည်း မိခင်တစ်ဦးက နောက်အိမ်ထောင်ပြုပြီးနောက် ၂ နှစ်အရွယ်သမီးလေးကို မကျွေးမွေးနိုင်တော့ဘူးဆိုကာ မိဘမဲ့ကလေးဂေဟာကို သွားရောက်စွန့်ပစ်ခဲ့ပါတယ်… အဆိုပါ အမျိုးသမီးဟာ ဆိုင်ကယ်တစ်စီးနဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ မိဘမဲ့ကလေးဂေဟာရှေ့ကို ၂ နှစ်သမီးလေးနဲ့ အတူရောက်လာခဲ့တယ်လို့ ထိုင်းရဲအရာရှိတစ်ဦးကဆိုပါတယ်.. အဲဒီနောက်မှာတော့ ဂေဟာရှေ့မှာ သမီးလေးကို ကစားစရာတွေ အဝတ်အစားတွေနဲ့ စာတစ်စောင်ပါ ထားခဲ့ပြီး Read more
ကျပ်သိန်းပေါင်း ၆၅၁၆၀ လာလှူသွားပေမယ့် ဘာလက်ဝတ်လက်စားမှမဝတ်တဲ့ မိန်းကလေး
အမေ့ဆီ မပို့ဖြစ်လိုက်တဲ့ ကျည်ဆံဖောက်ဝင်သွားတဲ့ လစာငွေလေး
သို့…..အမေ အမေတို့ မိသားစုတွေ နေကောင်းကြလား၊ သားလဲကျန်းမာစွာဖြင့် တိုင်းပြည်တာဝန်တွေကို ဦးလည်မသုန် ထမ်းဆောင်နေပါတယ် အမေ….ညီလေးနဲ့ညီမလေး စာတွေကောလိုက်နိုင်ရဲ့လားအမေ….ကျနော်က သားကြီးသြရသ ဖြစ်ပီး အမေတို့နဲ့ ခွဲခွာသွားရတာကို အပစ်မတင်ပါနဲ့နော် အမေ….. သား အမေဆီ လစာမှန်မှန်ပို့ပေးတယ်နော်အမေ….ဒီတခေါက် ရှေ့တန်းပြန်ဝင်ရင် သားအမေတို့ဆီဆက်ဆက်ရောက်အောင်လာခဲ့မယ်အမေ…..အမေ …ဒီလတော့ သားလစာပို့တါနောက်ကျမယ် နော် အမေ……သားလစာက ရှေ့တန်းထိပါလာလို့လေ…..နောက်တန်းပြန်မဲ့ အကြုံနဲ့သားထည့်ပေးလိုက်ပါ့မယ်အမေ …..အမေမျှော်နေမယ်ဆိုတာ သားသိတယ်…… အဖေမရှိတော့တဲ့နောက်ပိုင်း အမေက သားကိုပဲ အားကိုးနေရတာလေ…..အမေ လစာနောက်ကျလို့စိတ်မပူပါနဲ့နော်အမေ……သား အမြန်ဆုံး အကြုံနဲ့ထည့်ပေးလိုက်ပါမယ် အမေ….သားစာဖတ်ပီး ငါ့သားလူလိမ္မာကြီး ကျန်းမာပါစေ ချမ်းသာပါစေ Read more
ဖခင်ကိုအိမ်ပေါ်မှာမထားနိုင်ဘူး ပြောတဲ့မိန်းမကိုထားခဲ့ပြီး ဖခင်ကိုခေါ်ဆင်းကာ သေတဲ့အထိပြုစုခဲ့တဲ့သား
သတင်းလေးကတော့ အင်မတန်ထူးဆန်းပြီး သားလိမ္မာတစ်ယောက်ရဲ့ မိဘကျေးဇူးသိတတ်ပုံလေးလို့ ဆိုရမှာဖြစ်ပါတယ်။ မိန်းမယုတ်ကို ထားခဲ့ပြီး ဆေးရုံမှာ ဖခင်သေတဲ့အထိ လုပ်ကျွေးပြုစုခဲ့တဲ့ သားလိမ္မာ က​မ္ဘောဒီးယားနိုင်​ငံက ဖြစ်​ရပ်​မှန်​​ကြေကွဲစရာမြင်​ကွင်းလေးပါ။ လောကမှာ မိန်းမသေလို့ နောက်မိန်းမ တစ်ယောက်ထပ်ယူပြီး မိန်းမအစားထိုးလို့ သားသမီး အစားထိုးလို့ ရတာမှန်သော်ငြားလဲ မိဘသေလို့ မိဘအစားထိုး၍ မရနိုင်သည်ကတော့ အမှန်ပဲ ဖြစ်ပါလိမ့်မယ်။ တချို့သောလူများသည် မိဘများအပေါ်မှာ ကျေးဇူးတရား မသိတက်ကြသော်ငြာလည်း က​မ္ဘောဒီးယားနိုင်​ငံက Iv Kimsean အမည်ရှိတဲ့ အသက် ၃၀ နှစ်ရှိတဲ့ အမျိုးသားတစ်ဦးကတော့ ဆေးရုံမှာ ဖခင်သေတဲ့အထိ Read more
ထိန်းသိမ်းမှုမရှိခြင်းကြောင့် ယိုယွင်းပျက်စီးနေသည့် ပိတောက်တစ်ထောင်ဘုရား
ပြုပြင်မှုကင်းမဲ့ပြီး ထိန်းသိမ်းသူမရှိတဲ့ ဘုရားတွေကိုကြည့်ပြီး ထိန်းသိမ်းစောင့်ရှောက်မဲ့သူပဲဖြစ်ဖြစ် ၊ တာဝန်ရှိသူတွေပဲဖြစ်ဖြစ် မြင်ပြီး အချိန်မှီ ထိန်းသိမ်းနိုင်အောင် တင်ပေးလိုက်ပါတယ် ။ ပုံတွေမှာ မြင်ရတာကတော့ ပုန်းအင်း ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ပိတောက်တထောင်ဘုရားပါ။ ရှမ်းပြည်နယ် တောင်ကြီးမြို့အလွန် မွေတော်ကက္ကူဘုရားအကျော် နောင်မွန်အုပ်စုပုန်းအင်း နောင်ဆန့်ရွာဘက်မှာရှိပါတယ်။ ထိန်းသိမ်းသူမရှိတော့လည်း နှမြောမိပါတယ် … တစ်ကယ်သာပြုပြင်မွမ်းမံလိုက်ရင်အရမ်းကို ကြည်ညိုဖွယ်ရာ ကောင်းမှာ အမှန်ပါ။ ဘုရာတွေကိုကြည့်ပြီး အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ် ၊ အခုပုံတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ အခုလိုမန့်ထားတာကိုလည်းတွေ့ရှိရပါတယ်။“ဗောဓိတစ်ထောင် ကံ့ကော်တစ်ထောင် ဘာတစ်ထောင် ညာတစ်ထောင်နဲ့ မြန်မာပြည်တစ်နံတလျား ဘုရားတွေကပေါမှပေါ။ သို့ပေသိ Read more
တောထဲတွင် နှစ်ပေါင်းများစွာနေထိုင်လာသည့် ခိုကိုးရာမဲ့အဘိုးနှင့်အဘွားအား အိမ်နှင့်ငွေများလှူ
တောထဲတွင် နှစ်ပေါင်းများစွာနေထိုင်လာသည့် ခိုကိုးရာမဲ့အဘိုးနှင့်အဘွားအား အိမ်နှင့်ငွေများလှူ မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် ရွှေလှိုင်းကျေးရွာအပိုင် တောထဲ တွင် နှစ်ပေါင်းများစွာနေထိုင်လာခဲ့သည့် ခိုကိုးရာမဲ့အဘိုးအဘွားနှစ်ဦးအား အိမ် နှင့်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း စိတ်တူကိုယ်တူပရဟိတ ညီအကိုမောင်နှ မအဖွဲ့(ပုဂံ)မှ ပြည်မြန်မာသတင်းဂျာနယ် သို့ ဖေဖော်ဝါရီလ ၂ ရက်ကပြောသည် ဆရာတော်အနေနဲ့ အသက် ၈၀ ခန့်ရှိတဲ့ အဘိုးဦးထက် အဘွားဒေါ်အေး ရင်တို့ကို အိမ်၊ ငွေ၊ တစ်သက်စာ ဆန်၊ ဆီ၊ ဆား၊ လျှပ်စစ်နဲ့ ရေကအစ ဘုန်း ဘုန်းတို့အဖွဲ့ကဦးဆောင်ပြီး Read more
သူ ရဲ့ သမီးေ လး ၃ ယောက်လုံး က မြန်မာကား လုံးဝ မကြည့် လို့ ဝေဖန်ခံနေရတဲ့ အပေါ် တုန့်ပြန်လာတဲ့ နန္ဒလှိုင်
နိုင် ငံကျော် သရုပ်ဆောင် အကယ်ဒမီများဆုရှင် နန္ဒာလှိုင်တစ်ယောက်ကတော့ တစ်ခေတ်တစ်ခါက ကိုသားကြီးခေါ် ဒွေးနဲ့ အတော်လေးကို လိုက်ဖက်လှတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ကိုသားကြီး နဲ့ နန္ဒာလှိုင်တို့ရဲ့ ကောင်းကင်အကြွေကောက်တဲ့လက် ဆိုတဲ့ ဇာတ်ကားလေးကတော့ ယနေ့တိုင် ပရိတ်သတ်တွေကနှစ်သက်နေကြဆဲဖြစ်ပါတယ်။ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီးတော့ မိသားစုဘဝလေးကို ထူထောင်ပြီး စီးပွားရေးကိုသာ ဦးတည်လုပ်နေခဲ့သူဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမဟာ မီဒီယာတစ်ခုမှာ ဖြေဆိုခဲ့တဲ့အပေါ်မှာ ပရိသတ်တစ်ဦးက ဝေဖန်လာတာကိုတွေ့ရပါတယ်။ အဲ့တာကတော့ နန္ဒာလှိုင်ရဲ့ ကလေးတွေဟာ Read more
မီးရရှိဖို့အတွက်လှူချင်လွန်းလို့ စုဗူးဖောက်ပြီး(၃၇)သိန်းလှူဒါန်းခဲ့တဲ့ အသက်(၇)နှစ်အရွယ်အလှူရှင်လေး
ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ အလှူအတန်းနဲ့ပတ်သက်လာရင် ဘယ်တုန်းကမှလက်မနှေးခဲ့ဘူးဆိုတာ အားလုံးအသိပါ ။ ဘယ်နေရာမှာ အကူအညီလိုအပ်နေတယ်လို့ ဆိုလိုက်တာနဲ့ အပြေးအလွှားလှူဖို့တန်းဖို့ လုပ်ကြတဲ့သူတွေချည်းပါပဲ ။ အခုတစ်ခါကတော့ ဒီလိုအလှူအတန်းကို သာမန်လူကြီးတွေက စိတ်အားထက်သန်ခဲ့တာမဟုတ်ပဲ ကလေးကတစ်ဉီးဖြစ်နေတယ်ဆိုရင် ပရိတ်သတ်ကြီးတို့ အံ့အားသင့်သွားကြမယ်ထင်ပါတယ် ။ ဟုတ်ပါတယ်.. အခုဖြစ်စဉ်လေးကတော့ မန္တလေးမြို့တော်စည်ပင်ကိုမြို့တော်မီးလင်းရေးအတွက် သူ့ရဲ့စုဗူးဖောက်ပြီး(၃၇)သိန်းခွဲလာရောက်လှူဒါန်းသွားတဲ့ အသက်(၇)နှစ်အရွယ်သာရှိသေးတဲ့ အလှူရှင်မောင်ပြည့်ဖြိုးဝင့် ဆိုတဲ့ကလေးငယ်လေးတစ်ဉီးပါပဲ။ သာမန်အားဖြင့် ဒီလိုအရွယ်တွေဟာ ဘာသာရေးနဲ့ အလှူအတန်းဘက်မှာ အဲဒီလောက် ထက်သန်မှုမရှိကြတတ်သေးပါဘူး။ တမူထူးခြားတဲ့ ကလေးငယ်လေးလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြို့တော်မီးလင်းရေးအတွက် အသက်ငယ်ဆုံး အလှူရှင် မောင်ပြည့်ဖြိုးဝင့် Read more
ချစ်သူတွေ ဖြစ်ကြောင်း ကြေငြာလိုက်ပြီဖြစ်တဲ့ အုပ်စိုးခန့် နဲ့ယွန်းယွန်း
နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲ လူငယ်အဆိုတော်လေး အုပ်စိုးခန့် ကို ပရိသတ်သိပြီးသားဖြစ်မယ်ထင်ပါတယ်။ သူ့ရဲ့ သီချင်းလေးတွေက လူငယ်တွေကြားမှာ အမြဲရေပန်းစားနေတာ ဖြစ်ပါတယ်။ အုပ်စိုးခန့် က ဝါရင့် သရုပ်ဆောင်မင်းသမီးလေး ဖြစ်တဲ့ ယွန်းယွန်း နဲ့ ကြော်ငြာ အတူ ရိုက်ထားတဲ့ အကြောင်းကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အုပ်စိုးခန့် နဲ့ ယွန်းယွန်း တို့က အတွဲညီတဲ့ သူလေးတွေဖြစ်ပြီး သူတို့နှစ်ယောက် က ချစ်သူတွေဖြစ်ကြောင်း ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပါသေးတယ်။ ဒီတစ်ခါမှာတော့ အုပ်စိုးခန့် နဲ့ ယွန်းယွန်း Read more