Woman of 9.9 Billion(2019)

Woman of 9.9 Billion(2019) ****************************(wed/ Thu) မြန်မာစာတန်းထိုး (ဇာတ်လမ်းကောင်း ဇာတ်ကြမ်း RO ဇာတ်လမ်းအညွှန်းဖတ်ရန် —————————— Kim Kang Woo ဆိုတဲ့အမျိုးသားကတော့ စုံထောက်ဟောင်းဖြစ်ပေမယ့်အမှုတစ်ခုကိုအသည်းအသန်လိုက်နေပါတယ်… ဒီအမှုက ထင်သလောက်မလွယ်ပေမယ့် သူလက်မလျှော့ဘူး..ညီဖြစ်တဲ့သေဆုံးတယ်…သေဆုံးမှုမှာ ပတ်သက်တဲ့အရာတွေကထိပ်သီးလူဆိုးဂိုဏ်းတွေဖြစ်နေနိုင်တယ်ဆိုတာကိုသူသိထားတယ်.. .Cho Yeo Jung ဆိုတဲ့ အမျိုးသမီးဟာ သာမန်အမျိုးသမီးတွေလိုပဲသာယာတဲ့ မိသားစုလေးပိုင်ဆိုင်ပြီး ဘဝကိုရိုးစင်းစွာဖြတ်သန်းချင်သူပါ… အိမ်ထောင်ရေးနဲ့ တခြားမိသားစုအကြောင်းအရာတွေမှာ သူမ အတွက်ကံမကောင်းခြင်းတွေပဲယူဆောင်လာသလိုပါပဲ…ဘယ်အရာမှအဆင်မပြေ…. တစ်နေ့တော့ သူမအတွက် ကံဆိုးခြင်းလား ကံကောင်းခြင်းလား မသိ… ဒေါ်လာ ၉ Read more

Chocolate (2019) mm_sub

👉Chocolate (2019) 👈 mm_sub =================================== #ကားသစ်​လေးပါဗျ November လ ရဲ့ အေးချမ်းတဲ့ အချိန်မှာပဲ ငယ်ချစ်ဦး နဲ့ ပြန်ဆုံရတယ် တော်တော်များများ စောင့်မျှော်နေကြတဲ့ Chocolate ကို Netflix ကနေ ဒီနေ့ အပိုင်း (၁) စတင် ထုတ်လွှင့်လိုက်ပါပြီ ပျောက်နေတာ ကြာပြီ ဖြစ်တဲ့ မင်းသမီး ဟာဂျီဝမ် တစ်ယောက် ခေါင်းဆောင်မင်းသမီး နေရာကနေ ပါဝင်လာတာကို မြန်မာပြည်က ဖန် တစ်ချို့ကတော့ သေချာပေါက် စောင့်မျှော်နေကြတာပါပဲ စောင့်မျှော်ရတာ Read more

The Aeronauts (2019) မြန်မာစာတန်းထိုး

The Aeronauts (2019) မြန်မာစာတန်းထိုး =========== ဒီကားလေးကတော့ IMDb မှာ rating 6.6 ရထားတဲ့ Action, Adventure, Biography ကားလေးပါ… “ထိုင်ကြည့်နေရုံနဲ့ကမ္ဘာ့ကြီးဟာပြောင်းလဲမလာပါဘူး၊ကိုယ်နေထိုင်ဖို့ ရွေးချယ်လိုက်တဲ့ လမ်းကသာ ကမ္ဘာကြီးကိုပြောင်းလဲစေမှာပါ”တဲ့။စူးစမ်းလိုစိတ်အပြည့်ရှိတဲ့သိပ္ပံပညာရှင် နက္ခတ္တဗေဒပညာရှင် ဂျိမ်းစ် ဂလီရှာဟာကောင်းကင်ကြီးရဲ့ သဘောသဘာဝကိုသာ အပြည့်အဝနားလည်ရင် ရာသီဥတုကို ခန့်မှန်းနိုင်မှာ ဆိုတဲ့ယုံကြည်ချက်နဲ့ လှောင်ရယ်သံတွေ အကြား စွန့်စားခရီးနှင်ခဲ့သူပါ။သူတို့ခေတ်သူတို့အခါမှာ မိုးလေဝသကိုခန့်မှန်းမယ်ဆိုတာအခြေအမြစ်မရှိဘူးလို့ အများသူငှာကယူဆကြပါတယ်။ဒါပေမယ့် ဂျိမ်းစ်ကတော့ ကောင်းကင်ကိုလေ့လာဖို့အတွက်မီးပုံးပျံစီးကာ ခရီးနှင်နေကြဖြစ်တဲ့အမ်မလီရာဆိုတဲ့ မုဆိုးမလေးနဲ့ ကောင်းကင်ခရီးထွက်ဖို့စီစဉ်ပါတော့တယ်။အမ်မလီရာကလဲ အကြောင်းကြောင်းကြောင့်မီးပုံးပျံထပ်မစီးတော့ဘူးလို့ ဆုံးဖြတ်ထားသူပါ။တစ်နေ့တော့ သူတို့နှစ်ယောက်ပေါင်းကာကမ္ဘာ့အမြင့်ဆုံးဆိုတဲ့ Read more

Togo (2019)

Togo (2019) ခွေးချစ်တတ်သူ ကိုယ့်အဖို့ခွေးလိမ္မာဇာတ်လမ်းတွေ ကြည့်ဖြစ်တိုင်းဆိုသလို အသည်းကွဲပါတယ် မကြည့်ရသေးခင်ထဲက အဆုံးသတ် ဒီလိုဖြစ်လာမယ်လို့ ကြိုသိနေပါသော်လည်း မ​ဖြစ်လာခင် ဇာတ်လမ်းတဝက်မှာတင် ထိရှရတဲ့အခန်းလေးတွေ ကြုံတွေ့လိုက်ရပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Togo ဇာတ်လမ်းအကြောင်းပြောပြရရင်…. Togo(Dog) ဆိုပြီးစာလုံးလေးကို Google မှာ ရိုက်ရှာကြည့်လိုက်ရင် သူနဲ့အတူ Balto ဆိုတဲ့ ခွေးလေးတစ်ကောင်ရဲ့ နာမည်ကို Popular Search ထဲမှာတွဲမြင်ရမှာဖြစ်ပြီး အဲ့ဒီကပ်လျက်မှာတော့ မသိတဲ့သူမရှိတဲ့ သစ္စာရှင်ခွေးလေး Hachikō ကိုတွဲတွေ့ရပါမယ် Balto ဆိုတဲ့နာမည်ကို ငယ်ငယ်ထဲကရင်းနီးနေတဲ့ သူတွေအတော်များများရှိကြမှာပါ ဟုတ်ပါတယ် Read more

Moana (2016) မြန်မာစာတန်းထိုး

Moana (2016) မြန်မာစာတန်းထိုး Disney ကနေ ပိုလီနေးရှန်းဒဏ္ဏာရီကို အခြေခံပြီး ရိုက်ကူးထားတဲ့ Moana ဟာ 2016 ရဲ့ အော်စကာစာရင်းက နောက်ဆုံး animation ပါပဲ။ လူမျိုးတစ်ခုရဲ့ ရိုးရာဓလေ့နဲ့ အသေးစိတ်ပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားဟာ ဇွဲသတ္တိ နဲ့ မိမိကိုယ်ကို အားကိုးခြင်းဆိုတဲ့ အရာတွေကို ထိမိစွာ ပုံဖော်ပေးနိုင်ရုံမက အချိန်အကြာကြီး ကွယ်ပျောက်နေတဲ့ နောက်ခံဇာတ်ဝင်တေးတွေ တစ်ပြုံတစ်မကြီးနဲ့ Disney ရိုးရာစစ်စစ်ကို ပြန်လည် အသက်သွင်းထားတာကြောင့် ဟိုးငယ်ငယ်က Disney ကာတွန်းရုပ်ရှင်အငွေ့အသက်ကို ပြန်လည်ခံစားနိုင်ကြမှာပါ။ မိုအာနာသီဆိုတဲ့ Read more

Villains 2019

ဒုစရိုက် အလုပ် လုပ်ပြီး ငွေရှာနေတဲ့ လင်မယားနှစ်ယောက် စတိုးဆိုင်တစ်ခုကို ဓားပြ၀င်တိုက်ပြီးအပြန် လမ်းမှာကားပျက်သွားခဲ့တဲ့အတွက် လမ်းဘေးတစ်နေရာမှာရှိတဲ့ အိမ်ကြီးတစ်အိမ်ထဲကို လူမရှိဘူးအထင်နဲ့ ၀င်ခဲ့ကြပြီး အိမ်ထဲကို ၀င်မွှေကြ တဲ့အခါမှာတော့ အိမ်ပိုင်ရှင် လင်မယားနှစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး အဖမ်းခံလိုက်ရပါတယ် ဖြစ်ချင်တော့ အိမ်ပိုင်ရှင် လင်မယားနှစ်ယောက်က သားသမီးမရခဲ့တဲ့စိတ်ကြောင့်နဲ့ စိတ်ဝေဒနာ ခံစားနေရပြီး မူမမှန်ကြပါဘူး အိမ်ကြီးရဲ့ မြေအောက်ထပ်မှာလည်း ကလေးမလေးတစ်ယောက်ကို သံကြိုးနဲ့ ‌သော့ခတ်ပြီး ဖမ်းဆီးထားပါသေးတယ် အိမ်ပိုင်ရှင်လင်မယားနှစ်ယောက်ရဲ့ မူမမှန်တဲ့ စိတ်နေစိတ်ထားကို အဖမ်းခံထားရတဲ့ လင်မယားနှစ်ယောက် ရိပ်မိလိုက်တဲ့အခါမှာတော့ ထွက်ပြေးဖို့ကြိုးစားကြပါတော့တယ် သူတို့ထွက်ပြေးတဲ့အခါ Read more

The Furnace (2019) မြန်မာစာတန်းထိုး

The Furnace (2019) မြန်မာစာတန်းထိုး ==================== မယ်ရီနဲ့မတ်တို့ရဲ့ခရစ်စမတ်အချိန်ကာလလေးအေးချမ်းအေးစက်တဲ့နှင်းမှုန်တွေကြားကသူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးနေ့ရက်လေးတွေပျော်စရာကောင်းပြီးတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ ကြင်စဦးဇနီးမောင်နှံနှစ်ဦး။ သူတို့နှစ်ယောက်ရဲ့ပျားရည်စမ်းခရီးလေးကို အများနဲ့မတူပဲထူးခြားစွာ အာဖရိကကအပြေးပြိုင်ပွဲကိုပဲသွားဖို့ နှစ်ယောက်စလုံးစိတ်လှုပ်ရှားပြီးတော့ပျော်နေခဲ့ရတာ။အာဖရိကရဲ့သဘာဝမြေသားပေါ်မှာ တောတွင်းသားရိုင်းတိ၇္စဆာန်တွေနဲ့အတူသဘာဝတရားကြားမှာ ပြေးလွှားရင်း ဟန်းနီးမွန်းနေ့ရက်တွေကိုတူတူကုန်ဆုံးဖို့အတွက် ရင်ခုန်စွာနဲ့စောင့်မျှော်နေကြတာပေါ့.ဒါပေမယ့် တစ်ကယ်တမ်းမှာ မယ်ရီတစ်ယောက်ပဲပြိုင်ပွဲကိုအရောက်သွားပြီးတော့ဝင်ရောက်ယှဉ်ပြိုင်လိုက်ရတယ်။ဘာကြောင့်လဲ မတ်တစ်ယောက်ဘာလို့ပြိုင်ပွဲအထိမရောက်လာနိုင်ခဲ့တာလဲ .မယ်ရီရော ဘယ်လိုအခြေအနေမျိုးတွေနဲ့ပြိုင်ပွဲကိုအသက်စွန့်ယှဉ်ပြိုင်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ဗျာ။ ဇာတ်ကားကြည့်ရန်ဒေါင်းရန်