ချစ်သမီးလေးဆန့်ဆိုင်းအင်ဆန်ရဲ့ (၃)လပြည့်မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ အောင်လအန်ဆန်း

နိုင်ငံကျော်လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်းရဲ့ ချစ်သမီးလေးဆန့်ဆိုင်းအင်ဆန်ဟာဆိုရင် ဒီနေ့လေးမှာတော့သုံးလပြည့်သွားခဲ့ပါပြီ။ သူ့ရဲ့သမီးလေးကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကြီး ကာလအတွင်းမှာကြီးပြင်းလာခဲ့ရပေမယ့် အမြဲပြုံးရွှင်နေတတ်ပြီးအခုထိလဲအပြုံးမပျက်ပါဘူးလို့သိရပါတယ်။ ချစ်သမီးလေးဆန့်ဆိုင်းအင်ဆန်ကတော့ ချစ်စရာအပြုံးပိုင်ရှင်လေးတစ်ယောက်ဖြစ်ပြီးတော့ အောင်လအန်ဆန်းရဲ့ပရိသတ်တွေကလည်သမီးလေးကိုအသည်းသည်းလှုပ်ချစ်နေကြတာတွေ့ရပါတယ်။ အောင်လအန်ဆန်းကတော့ ချစ်သမီးလေးဆန့်ဆိုင်းအင်ဆန်ရဲ့ သုံးလပြည့်မွေးနေ့လေးအတွက်”ချစ်သမီးလေးဆန့်ဆိုင်းအင်ဆန်ကအခုဆိုရင်သုံးလပြည့်ပါပြီ။ သမီးလေးကကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကာလအတွင်းမှာကြီးပြင်း လာခဲ့ရပေမယ့်အမြဲပြုံးရွှင်နေတတ်ပြီးအခုထိလဲအပြုံးမပျက်ပါဘူး😊။အားလုံးပဲဘုရားးသခင်ဆီကနေကောင်းကြီးမင်္ဂလာခံစားရပြီး၊ဒီခက်ခဲတဲ့အချိန်ကာလကိုအပြုံးတွေနဲ့အတူကျော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”ဆိုပြီးတော့ ဆုမွန်ကောင်းတောင်ပေးထားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း အောင်လအန်ဆန်းရဲ့ ချစ်သမီးလေးဆန့်ဆိုင်းအင်ဆန်ရဲ့ သုံးလပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်…။ Source:Aung La Nsang(Burmese Python)

Covid-19 ရောဂါကာကွယ်ကုသရေးမှာ အသုံပြုရန်အတွက် PPE ဝတ်စုံအစုံ(၆၀)ကို မြောက်ဥက္ကလာဆေးရုံသို့ လှူဒါန်းခဲ့တဲ့ MMA ဖိုက်တာဖိုးသော်

ဖိုးသော်ကတော့ MMA ဖိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်မေတ္တာကိုရရှိထားတဲ့ သူတစ်ယောက်ပါ။ လတ်တလောမှာတော့ ဖိုးသော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မြောက်ဥက္ကလာပဆေးရုံမှာ Covid-19 ရောဂါပိုး ကုသရာမှာ မရှိမဖြစ်လိုအပ်တဲ့ PPE ဝတ်စုံတွေကို သွားရောက်လှူဒါန်းပေးခဲ့တဲ့ အကြောင်းကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဖိုးသော်က သူ့ရဲ့ ပရိသတ်တွေနဲ့ ပေါင်းပြီး Covid-19 ရောဂါကုသရေးမှာ အသုံပြုရန်အတွက် PPE ဝတ်စုံ အစုံ(၆၀)ကို လှူဒါန်းခဲ့တဲ့ အပြင် ခေါက်ဆွဲခြောက်ထုပ်(၅)ဖာ၊ မုန့်ခြောက် (၁)ဗူး၊ Hand Sanitizer (၅)ဗူး စုစုပေါင်း တန်ဖိုးငွေ Read more

Covid 19 ရောဂါကာကွယ်ရေးအတွက် “မျှဝေသောလက်များပျဉ်းမနား” ပရဟိတအသင်းကိုအလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ သက်ထားသူဇာ

မြန်မာ့ဂုဏ်ဆောင်ကြက်တောင်အားကစားမယ်တစ်ယောက်ဖြစ်တဲ့ သက်ထားသူဇာကိုတော့ ပရိသတ်ကြီးသိပြီသားဖြစ်မယ်ထင်ပါတယ်နော်။သူကတော့ နိုင်ငံတော်ကချီးမြင့်တဲ့ ဆုတံဆိပ်ပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူးနော်.။လတ်တလောမှာတော့ သက်ထားသူဇာကအားကစားအလုပ်တွေအပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုညာအလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ Covid 19 ရောဂါကြောင့် အလုပ်တွေကိုရပ်နားထားခဲ့တာဖြစ်ပြီးတော့ Covid 19 ကာကွယ်ရေးအတွက် “မျှဝေသောလက်များပျဉ်းမနား” ပရဟိတအသင်းကိုလည်း တတ်နိုင်သလောက် အလျှူငွေနှစ်သိန်း ကျပ် (၂၀၀,၀၀၀) မနေ့က သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ တကယ်လိုအပ်နေတဲ့အချိန်မှာ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ သက်ထားသူဇာရဲ့စိတ်ထားလေးကတော့ လေးစားစရာပါပဲနော်…. သက်ထားသူဇာကတော့ အလှူအတန်းလုပ်တဲ့နေရာမှာလည်း သဒ္ဒါတရားထက်သန်သူတစ်ယောက်ဖြစ်ပြီး သူမရဲ့(၂၁)နှစ်ပြည့်မွေးနေ့မှာလည်း အလှအတန်းတွေကိုကိုယ်တိုင်သွားရောက် ပြုလုပ်ခဲ့သေးတယ်လို့သိရပါတယ်။ Source:THET HTAR Thuzar

အိမ်မှာနေရင်း လုပ်နိုင်မယ့် အမိုက်စားလေ့ကျင့်ခန်းလေးကို ဗီဒီယိုလေးနဲ့ ပြသလာတဲ့ အောင်လအန်ဆန်း

ကချင်လူမျိုး MMA Fighter တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။အောင်လအန်ဆန်းကတော့ ချောမောတဲ့ ဇနီးနဲ့ချစ်စရာကောင်းတဲ့ သားနဲ့ သမီးလေး နှစ်ယောက်နဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်..။အောင်လအန်ဆန်းက သူ့ရဲ့ သမီးလေး ပုံရိပ်လေးတွေရယ်..၊ လေ့ကျင့်ရေးပြုလုပ်နေတဲ့ ဗီဒီယိုလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။       လက်ရှိ ကမ္ဘာအနှံ့အပြားမှာ ပျံ့နှံ့နေတဲ့ Covid 19 ဗိုင်းရပ်စ်ကြောင့် လူတွေအကုန်လုံးလည်း အိမ်ထဲမှာ ပဲနေထိုင်ကာ ကာကွယ်မှုတွေကို ပြုလုပ်နေကြတာပဲဖြစ်ပါတယ်..။ Read more

ပရိသတ်တွေ မျှော်လင့်သလို ဖြစ်မလာခဲ့တဲ့ အောင်လအန်ဆန်ရဲ့ ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ

Covid 19 ကြောင့် အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ် ကာကွယ်ပွဲကို နောက်ဆုတ်လိုက်ပြီလို့ One Championship က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အောင်လအန်ဆန်နဲ့ ရှရှား ဖိုက်တာ ဘစ်ဒက်ရှ်တို့ ရဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကာကွယ်ပွဲကို ကနဦးက လာမယ့် ဧပြီလ ၁၀ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အခုတော့ မေလ ၂၉ ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပဖို့ ရွှေ့ဆိုင်းခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းပျံ့နှံ့နေတဲ့ Read more

ပါးဖောင်ဖောင်းလေးနဲ့ အသည်းယားလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ အောင်လအန်ဆန်ရဲ့သမီးလေး ဆန့်ဆိုင်

မြန်မာဂုဏ်ဆောင် လက်ဝှေ့အားကစားသမား အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံလုံး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ လူကြီး လူငယ်မရွေး တစ်နိုင်ငံလုံးရဲ့ အချစ်ကို ရရှိနေတဲ့ အောင်လအန်ဆန်ကတော့ အေချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးဖြစ်တဲ့ အောင်ဒီးနဲ့ မကြာခင်က မွေးဖွားထားတဲ့ သမီးလေး ဆန့်ဆိုင်းကို ပိုင်ဆိုင်ထားကတော့ အောင်လအန်ဆန်ကတော့ လေ့ကျင်ပြင်ဆင်ပြီးတဲ့ အချိန်မှာ မိသားစုကို အချိန်အပြည့်အဝပေးနေသူဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ဗစ်တာလီဘစ်ဒက်ရှ်နဲ့ ဧပြီ(၁၀)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ထိုးသတ်ရမှာဖြစ်ပါတယ်။ ယခုမှာတော့ အောင်လအန်ဆန်တစ်ယောက် ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားလောက်အောင် Read more

၂၁ နှစ်ပြည့်မွေးနေ့အလှူလေးကို သန်လျင်မြို့ဆုတောင်းပြည့်ကျောင်းတိုက်မှာကျင်းပခဲ့တဲ့ သက်ထားသူဇာ

သက်ထားသူဇာကတော့ မြန်မာ့အားကစားလောကမှာမသိသူမရှိလောက်အောင် မြန်မာနိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်နေဆဲဖြစ်တဲ့ ကြက်တောင်အားကစားမယ်တစ်ယောက်ပါ။သူမကတော့ ရွှေတံဆိပ်ဆုများစွာကိုရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကကျင်းပခဲ့တဲ့ Myanmar’s Pride Awards 2019 အတွက်လည်း Best in Sports ကဏ္ဍမှာ ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ မတ်လ(၁၅)ရက်နေ့ကတော့ သက်ထားသူဇာရဲ့အသက် ၂၁နှစ်ပြည့် မွေးနေ့လေးဖြစ်ပြီး မွေးနေ့လေးမှာကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။ ဆုတောင်းပြည့်ကျောင်းတိုက်မှာမွေးနေ့အလှူကို ချစ်ရတဲ့ မိသားစုနဲ့အတူပြုလုပ်နေခဲ့တယ်လို့သိရပါတယ်။ အဆိုပါအလှူလေးကိုတော့ မှတ်တမ်းတင်ဗီဒီယိုလေးရိုက်ကူးထားခဲ့ပြီး သူမရဲ့Youtube Channel မှာတင်ထားပေးထားခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့ သက်ထားသူဇာက” မနေ့က ၂၁ နှစ်ပြည့်မွေးနေ့လေးမှာ သန်လျင်မှာ ရှိတဲ့ ဆုတောင်းပြည့် ကျောင်းတိုက် Read more

အသက်(၂၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်အားကစားမယ် သက်ထားသူဇာ

သက်ထားသူဇာကတော့ မြန်မာ့အားကစားလောကမှာ မသိသူမရှိလောက်အောင် မြန်မာနိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်နေစဲဖြစ်တဲ့ ကြက်တောင်အားကစားမယ်တစ်ယောက်ပါ။သူကတော့ ကြက်တောင်ကစားသမားဟောင်းတွေဖြစ်တဲ့ မိဘတွေရဲ့ဂုဏ်ကိုဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပြီး ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း မြန်မာပြည်တံခွန်စိုက်ကြက်တောင်ရိုက်ချန်ပီယံဆုကို လေးကြိမ်တိုင်တိုင်ဆွတ်ခူးရယူနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သက်ထားသူဇာဟာ ထိုင်းနိုင်ငံမှာဖခင်ဖြစ်သူ ကြက်တောင်နည်းပြအဖြစ် သွားရောက်လုပ်ကိုင်စဉ်မှာ ကြက်တောင်အားကစားကို စတင်ကစားခဲ့ပြီး ထိုင်းဘုရင်မင်းမြတ်ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု (၆)ဆုကိုလည်း ရရှိထားသူတစ်ယောက်ပါ။(၂၀၁၁)ခုနှစ် မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ လက်ရွေးစင်ကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ သက်ထားသူဇာကတော့ အခုဆိုရင် နိုင်ငံတကာပြိုင်ပွဲတွေဆက်တိုက်ဆိုသလို သွားရောက်ယှဉ်ပြိုင်နေရပြီး နိုင်ငံအတွက် ရွှေတံဆိပ်ဆုတွေကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။မကြာသေးခင်က ကျင်းပခဲ့တဲ့ Uganda International series 2020 မှာ ဗိုလ်စွဲခဲ့ပြီး နှစ်နှစ်ဆက်တိုက်အောင်မြင်မှုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် Myanmar’s Read more

မြန်မာ့ဂုဏ်ဆောင် အဖြစ် ဆုရရှိတာ ဖြစ်လို့လည်း ပိုပြီး ကျေနပ်ပျော်ရွှင်နေပါတယ်ဆိုတဲ့ သက်ထားသူဇာ

သက်ထားသူဇာဟာဆိုယင်တော့ ကျွန်တော်တို့ပရိသတ်ကြီးရဲ့ ရင်ဘတ်ထဲက ကြယ်ပွင့်လေး ဆိုယင်လည်း မမှားလောက်ပါဘူးနော်။ယနေ့မှာတော့ Myanmar Pride Award ဆုပေးပွဲမှာ မြန်မာ့ဂုဏ်ဆောင်အဖြစ်ဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး သူမကိုယ်တိုင်ဂုဏ်ယူရသော ဆုတစ်ခုဖြစ်ကြောင်း၊ သူမကို အားပေးကြတဲ့ သူတိုင်းကိုလည်း ကျေးဇူးတင်ရှိပါကြောင်းကို သူမရဲ့ Facebook စာမျက်နှာကနေဖော်ပြလာတာလေးကို တင်ပေးလိုက်ပါတယ်နော်။ အားလုံးပဲ မင်္ဂလာပါ.. သက်ထား အခု ပေါ်တူဂီနိုင်ငံမှာ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှင်ပြိုင်ခွင့်ရရေးအတွက် လေ့ကျင့်ဖို့ ပြိုင်ပွဲဝင်ဖို့ရောက်နေပါတယ်။ပေါ်တူဂီပြိုင်ပွဲ နဲ့ Poland ပြိုင်ပွဲနှစ်ခု Corona Virus Case ကြောင့် Cancel ဖြစ်သွားလို့ စိတ်မကောင်းဖြစ်နေပေမဲ့ဒီနေ့ Read more

နိုင်ပွဲတွေ ဆက်တိုက်ရရှိနေတဲ့ သက်ထားသူဇာ

မြန်မာမှာ သာမက ကမ္ဘာမှာပါ မြန်မာတွေ အတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့ မြန်မာ့ ကြက်တောင်မယ်လေး သက်ထားသူဇာကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ ကြက်တောင်မယ်လေး သက်ထားသူဇာ ကတော့ တကယ့်ကို အရည်အချင်းရှိပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်း နိုင်တဲ့ အရည်အချင်း ရှိတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။ သက်ထားသူဇာကတော့ ကြက်တောင် ပြိုင်ပွဲ တော်တော်များများမှာ ဆုတံဆိပ်တွေ ရရှိထားပြီး သူ့ကို အားပေးတဲ့ ပရိသတ်ကြီးအတွက်လည်း အမြဲတမ်း စိတ်မပျက်အောင် ပြုလုပ်ပေးနေကြ ကြက်တောင်မယ်လေးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကလည်း အာဖရိကတိုက် အရှေ့ပိုင်းမှာတည်ရှိတဲ့ Read more